Saturday, November 30, 2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ယနေ့(နိုဝင်ဘာ ၃၀ ရက်) ပြုလုပ် မည့် "တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်း ကဏ္ဍ" ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ထိုသို့ ပြည် သူလူ ထု သို့ မိန့်ခွန်းပြောကြားမှုသည် (၄၃) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွင်း အစိုးရနှင့် လူထုအခြေပြု အ ဖွဲ့အစည်းများ ထိရောက်စွာ ဆောင်ရွက်လာနိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရ သ ည်။
အဆိုပါဆွေးနွေးပွဲသို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၀၀ ကျော်ကို ဖိတ်ကြားထားကြောင်း သိရပြီး ဆွေးေ နွးပွဲကို နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတအနေဖြင့် ယခုကဲ့သို့ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဆိုသည်ကို ကြို ဆိုကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်မေစပယ်ဖြူက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ယခုနှစ် ဇန်န၀ါရီ ၂၀ ရက်က ရန်ကုန်မြို့၊ လွှတ်တော် အဆောက်အအုံတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီးနောက် အရပ်ဘက် အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ပြည်ထောင်စု ၀န်ကြီးများအား လမ်းညွှန်မှု ပြုလုပ်ခဲ့ရာ ဇန်န၀ါရီ ၂၇ ရက်တွင် ပြည်ထောင်စု ၀န်ကြီးများဖြစ်သည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီတို့နှင့် အရပ် ဘက် လူမှုအဖွဲ့အစည်းများ ပထမဆုံးအကြိမ် တွေ့ဆုံမှုကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။
Eleven Media Group
No comments:
Post a Comment