Tuesday, November 26, 2013

ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ ခရီးစဉ် ယနေ့ ထွက်ခွာမည်

Tuesday, November 26, 2013 
ကမ္ဘာ့ကုလသမဂ္ဂ၏ HIV/AIDS ဝေဒနာရှင်များအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သံတမန်အဖြစ် ခန့် အပ် ခံထားရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြစ တြေးလျနိုင်ငံတွင် ကျင်းပမည့် (၂၅) ကြိမ်မြောက် ကမ္ဘာ့ AIDS နေ့ အခမ်းအနားသို့ တက်ရောက်ရန် သြစ တြေးလျ နိုင်ငံသို့ နိုဝင်ဘာလ၂၆ ရက်နေ့ စတင်သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။ 
ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျ နိုင်ငံသို့ နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် အပြ ည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာမည် ဖြစ်ပြီး ယင်းခရီးစဉ်မှာ ရှစ်ရက် ကြာမြင့်မည် ဖြစ်ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ (Julie Bishop) အပါအဝင် သြစတြေးလျနိုင်ငံ အုပ်ချုပ်ရေး အရာရှိများ၊ သြစတြေးလျ ပါလီမန်မှ လွှတ်တော် ကို ယ်စားလှယ်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း NLD ပါတီ၏ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ကင်ဘာရာနှင့် မဲလ်ဘုန်းမြို့တို့ရှိ သြစတြေးလျ အမျိုးသား တက္ကသိုလ် (Au stra-lian National University) နှင့် မွန်နက်ရှ် တက္ကသိုလ် (Monash University) တို့တွင် ပညာေ ရး ဆို င်ရာ အကြောင်းအရာများကို လေ့လာ ဆွေးနွေး သွားမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ဥရောပနှင့် အာရှနိုင်ငံ အများအပြားသို့ သွားရောက်ခဲ့ပြီး အောက်တိုဘာ နောက်ဆုံးပတ် အတွင်းက ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဘယ် လ်ဂျီယံနှင့် လူဇင်ဘတ် နိုင်ငံတို့သို့ သွားရောက်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List