Tuesday, November 26, 2013

အစိုးရ ကတိတည်မတည် လွှတ်တော်ကော်မတီ ကွင်းဆင်းလေ့လာမည်

Tuesday, November 26, 2013 

လွှတ်တော်အတွင်း ဖြေဆိုချက်များအတိုင်း ၀န်ကြီးဌာနများက အမှန်တကယ် အကောင်အထည်ဖော်မှု ရှိမ ရှိ ကွင်းဆင်းလေ့လာသွားမည်ဟု အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝ န်ခံ ချက်များ စိစစ်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးခင်မောင်ဌေးက နိုဝင်ဘာ ၂၅ တွင် မဇ္ဈိမကို ပြောသည်။

ကွင်းဆင်းစစ်ဆေးမှုများကို ဒီဇင်ဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အချို့ဒေသများတွင် အစိုးရ၀န် ကြီး ဌာနများ၏ လုပ်ဆောင်ချက် မှားယွင်းမှုအချို့ကိုလည်း ထောက်ပြသွားသည်။
“ရှမ်းပြည်မှာဆို သံကူကွန်ကရိတံတား တည်ဆောက်မယ်လို့ ပြောထားပြီး သစ်သားတံတား တည်ဆောက် ထားတာတွေ ရှိတယ်။ ၀န်ကြီးဌာနတွေက ကတိပေးထားတဲ့ လုပ်ငန်းတွေရဲ့ ပြီးစီးမှုအခြေအနေ မှန်တွေကို စိစစ်သွားမှာပါ”ဟု မန္တလေးတိုင်း အမှတ်(၁၀) မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးခင်မော င်ဋ္ဌေးက ပြောသည်။

ကော်မတီသည် ၀န်ကြီးဌာနများ၏ လွှတ်တော်အတွင်း ဖြေဆိုမှုများကို အခြေခံသည့် အစီရင်ခံစာ ရှစ်စော င် ထုတ်ပြန်ပြီးဖြစ်သော်လည်း ယခုကဲ့သို့ ကွင်းဆင်းလေ့လာရန် စီစဉ်မှုမှာ ပထမဆုံးအကြိမ် ပြုလုပ် ခြင်းဖြ စ်သည်။

လေ့လာမှုကို အဖွဲ့လေးဖွဲ့ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ ရခိုင်၊ မွန်ပြည်နယ်များ သို့လည်းကောင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းများသို့လည်းကောင်း သွားရောက်ရန် စီစ ဉ်ထားသည်။ ယင်းနောက် ၀န်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှန် တွေ့ရှိချက်များကိုေ က်ာမတီသို့ အကြံပြုချက်များ ပေးပို့ရန် တာဝန်ယူမည်ဖြစ်သည်။

လွှတ်တော်၏မေးမြန်းမှုအချို့ကို ၀န်ကြီးဌာနများက ရန်ပုံငွေရရှိလျှင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဖြေကြား ချက်များအပေါ် အဓိကထား အကြံပြုသွားမည်ဟု ဦးခင်မောင်ဌေးက ဆိုသည်။

“တကယ်တမ်း ဘတ်ဂျက်ပြန်ချတော့ လွှတ်တော်ထဲမှာ ကတိပေးထားတဲ့လုပ်ငန်းက ပြန်ပါမလာဘူး”ဟု ၎င်းက ပြောသည်။

လေ့လာမှုကို ဒီဇင်ဘာ ၁၆ ရက်တွင် စတင်သွားမည်ဖြစ်ပြီး ငါးရက်ကြာမြင့်မည်ဖြစ်သည်။ ၀န်ကြီးဌာန ၁၀ ခု၏ လုပ်ငန်းခွင် ၃၂ ခုကို သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်း အချ က်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး၊ မီးရထားဝန် ကြီး ဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့နှင့် သက် ဆိုင် သည့် လုပ်ငန်းခွင်များသို့ သွားရောက် လေ့လာမည်ဖြစ်သည်။

အဋ္ဌမအကြိမ် လွှတ်တော်အစည်းအဝေးကာလအတွင်း နိုဝင်ဘာ ၁၄ ရက်က ကျင်းပသည့် အမျိုး သားလွှ တ်တော် အစည်းအဝေးတွင် ပထမအကြိမ်မှ သတ္တမအကြိမ်အထိ လွှတ်တော်ကိုယ်စားလှယ် များ ၏ေ မးမြန်း ခဲ့မှုများ၊ အဆိုများအပေါ် ၀န်ကြီးဌာနများမှ ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ရန် ကျန်ရှိမှုများနှ င့် ပတ်သ က်၍ အစီရင်ခံစာ တင်သွင်းခဲ့သည်။

အဆိုပါ အစီရင်ခံစာအရ အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၃၅ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၄၆ ခုတို့တွင် ကတိက၀တ်ဖြစ်ခဲ့သည့် မေးခွန်း ၆၄ ခုမှာ ဆောင်ရွက်ပြီး စီးမှု ၁၂ ခု၊ ဆောင်ရွက်ဆဲ ၅၂ ခု၊ ကတိက၀တ် မဖြစ်ခဲ့သည့် မေးခွန်း ၇၁ ခုရှိကြောင်း၊ ကြယ်ပွင့်မပြမေး ခွန်းများ အ နက် ကတိက၀တ်ဖြစ်သည့် မေးခွန်း ၁၂၉ ခုတွင် ဆောင်ရွက်ပြီးစီးမှု ၃၂ ခု၊ ဆောင်ရွက်ဆဲ ၉၇ ခုနှင့် ကတိ က၀တ်မဖြစ်ခဲ့သည့် မေးခွန်းပေါင်း ၁၁၇ ခုရှိကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List