Thursday, November 28, 2013

မီးလောင်ဒဏ်ရာရ သံဃာရှစ်ပါးကို ရဲဝံ့စွန့်စား ဆုတံဆိပ် ကပ်လှူ

Thursday, November 28, 2013

လက်ပံတောင်းဒေသရှိ မီးလောင်ဒဏ်ရာရ သံဃာရှစ်ပါးကို ဗုဒ္ဓင်္ကုရဆုတံဆိပ်ပေးခြင်းနှင့် ၀တ္ထုငွေပေး လှူ ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ၀က်မှေးကျေးရွာဟောင်းရှိ ရွာဦး ဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာလ ၂၇ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

“ဗုဒ္ဓင်္ကုရဆိုတာ ရဲဝံ့ခြင်း၊ စွန့်စားခြင်း၊ ပေးဆပ်ခြင်းတို့၏ ပေါင်းဆုံရာ စွန့်လွှတ် အနစ်နာခံကြသူများကို ကို ယ်စားပြုသည့် ဆုတံဆိပ်ဖြစ်ပါတယ်”ဟု အဆိုပါအခမ်းအနား၌ မန္တလေး မစိုးရိမ်ကျောင်းတိုက်က ဆရာေ တ်ာတစ်ပါးဖြစ်သည့် ဥူးဝီရသူက မိန့်ကြားခဲ့သည်။
ထိုစဉ်က မီးလောင်ဒဏ်ရာရ သံဃာတော် အများအပြားရှိခဲ့သော်လည်း ရက်ကြာရှည်စွာ ဆေးကုသခဲ့ရ သ ည့် သံဃာရှစ်ပါးကိုသာ ဆုရွေးချယ်ရေးအဖွဲ့က ဗုဒ္ဓကုင်္ရ ဆုတံဆိပ်တော် ချီးမြှင့် ဆက်ကပ်ခဲ့ခြင်းဖြစ် သည်။ ဆုရသံဃာရှစ်ပါးအတွက် တစ်ပါးလျင် ၀တ္ထုငွေ ငါးသိန်းကျပ် ပါဝင်သည်။

လက်ပံတောင်းဒေသ သပိတ်စခန်း ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိခဲ့သော မီးလောင်သံဃာများအတွက် ရရှိ ထားသော အလှူငွေကျပ် သိန်း ၅၅၀ ခန့်ကို ဥူးဝီရသူက ခွဲဝေလှူဒါန်းခြင်းဖြစ်သည်။

မီးလောင်ဒဏ်ရာရ သံဃာတော်များအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်များထံမှ မြန်မာငွေ ၅၀,၁၉၆, ၂၆ ၀ သိန်း၊ အမေရိကန်ဒေါ်လာ ၃,၃၅၀ (မြန်မာငွေ ၃,၂၄၉,၅၀၀)၊ ထိုင်းဘတ်ငွေ ၅၀,၀၀၀ (၁,၅၀၀, ၀၀၀) စုစုပေါင်း ငွေကျပ် ၅၄,၉၄၅,၇၆၀ကို လက်ခံရရှိထားသည်ဟု ဥူးဝီရသူက မိန့်ကြားသည်။

ထိုငွေများကို လက်ပံတောင်းတောင်ဒေသရှိ သပိတ်စခန်းများအား ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နံနက် ၃ နာရီက သက်ဆိုင်ရာ အာဏာပိုင်က ဖြိုခွင်းခြင်းကြောင့် သံဃာတော်များနှင့် ဒေသခံများ မီးလောင် ဒဏ် ရာ ရရှိခဲ့သည်။

မီးလောင်ဒဏ်ရာရ လူနာစာရင်းကို ရန်ကုန်မြို့မှ ဒေါက်တာကြူကြူလွင်က ကွင်းဆင်းစာရင်းပြုစုကာ ဆေး ကုသပေးခဲ့ရာ သံဃာ ၁၃၅ ပါး၊ လူပုဂ်္ဂိုလ် ၁၃ ဦးဖြစ်ကြောင်း မီးလောင်ဒဏ်ရာရ သံဃာတော်များ ကူ ညီ စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်ဥူးဇ၀ိန္တမှ သတင်းထုတ်ပြန်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List