Sunday, March 25, 2012

ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း စည်းရုံးရေးခရီးစဉ် ဖျက်သိမ်း


ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေများကြောင့် မတ်လ ၂၇ ၊ ၂၈ ရက်များတွင် သွားရောက်မည့် မကွေး ခရီးစဉ်အား ဖျက်သိမ်းကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က
 ကြေညာချက်ထုတ်ပြန်တယ်။


မြန်မာနိုင်ငံ ဒေသ အနှံ့အပြားသို့ မဲဆွယ်စည်းရုံးရေး ထွက်နေသော ဒေါ်အောင်ဆန်းစုကြည်
သည် ယမန်နေ့ မြိတ်ကျွန်းစု စည်းရုံးရေး ခရီးစဉ်၌ သွေးပေါင်များ ကျဆင်းခြင်း ၊ အပူရှိန်ဒါဏ်
ခံစားရခြင်းနှင့် မရက်မနား ခရီးသွားမှုကြောင့် ပင်ပန်းနွမ်းနယ်မှုများ ဆက်တိုက် ကြုံတွေ့နေရ
သဖြင့် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက မဖြစ်မနေ အနားယူရန် အကြံပေးသဖြင့်
ယခုကဲ့သို့ မကွေး ခရီးစဉ် ဖျက်သိမ်းခဲ့ရပြီး ၊ မကွေး၊ နက်မောက်၊ တောင်တွင်းကြီး အစရှိသော
 ဒေသများမှ ပြည်သူလူထုကို တောင်းပန်ထားကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားပါတယ်။

No comments:

Post a Comment

My Blog List