Wednesday, March 28, 2012

ကချင် ၃ မြို့ ရွေးကောက်ပွဲ နဲ့ KIO ကြေညာချက်


ကချင်ဒေသမဲဆန္ဒနယ်၃ခုဟာလုံခြုံရေးမကောင်းဘူးဆိုပြီးက်ာမရှင်ကအဲဒီဒေသတွေမှာရွေးကောက်ပွဲ ဆိုင်းငံ့ကြောင်းကြေညာခဲ့ပါတယ်။ "သင့်လျော်"တဲ့ အချိန်မှာ ကျင်းပမယ် တဲ့။ (မတ် ၂၃)

ကချင်ဒေသ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ဆွေးနွေးဖို့ KIA/KIO နဲ့ ဆွေးနွေးချင်တယ် လို့ NLD က ကြေညာလိုက်ပါတယ်။ဆွေးနွေးဖို့ အတွက် အစိုးရ သို့မဟုတ် ကော်မရှင်က လုပ်ဆောင်ပေးရင် ဧပြီ ၁ မှာ ရွေးကောက်ပွဲ လုပ်နိုင်မှာပါ တဲ့။ (မတ် ၂၆) 
အခုတော့ KIA/KIO က ကြေညာချက် ထုတ်ပြီး ထုတ်ပြန်လိုက်ပါတယ်။ (မတ် ၂၈)

ကြေညာချက်
စာ - ၁
စာ - ၂

ကချင်ဒေသမှာ တိုက်ပွဲဖြစ်တာတွေ ရှိပေမယ့် ရွေးကောက်ပွဲမလုပ်ဖို့ ဆိုင်းငံ့ထားတဲ့ ဗန်းမော်၊ မိုးကောင်း၊ ဖားကန့် မဲဆန္ဒနယ်တွေမှာတော့ တိုက်ပွဲတွေ မရှိပါဘူးလို့ ထောက်ပြသူတွေ မနည်းပါဘူး။

အစိုးရတပ်တွေက ရွေးကောက်ပွဲကာလ အဲဒီဒေသတွေမှာ ပေါ်တာဆွဲ စစ်ရေးပိုမိုပြင်ဆင်လှုပ်ရှားတာမျိုး လုပ်မယ် ဆိုရင်
သို့မဟုတ်
KIA က
ရွေးကောက်ပွဲကာလ အဲဒီဒေသတွေကို ၀င်တိုက်မယ် ဆိုရင်
လုံခြုံရေးအခြေအနေ ကောင်းမယ် မဟုတ်ပါ။
ကြေညာချက်တွေ အပြန်အလှန် ထုတ်နေပေမယ့် ကော်မရှင်/အစိုးရက သဘောတူမှ အဲဒီ ၃ မြို့မှာ ရွေးကောက်ပွဲ လုပ်နိုင်မှာပါ။

အစိုးရ သဘောတူဖို့ ဆိုတာလည်း စစ်တပ် နဲ့ KIA ၂ ဘက်လုံး အပစ်ရပ်မယ် ဆိုတာကို အစိုးရက ယုံကြည်မှ ဖြစ်နိုင်ပါမယ်။

ခုချိန်အထိတော့
၂ ဘက်လုံးက အစိုးရစကားကို နားမထောင်သေးပါဘူး။

ကြားဖြတ်ရွေးကောက်ပွဲမှာ မူလက ၄၈ နေရာ သတ်မှတ်ထားပေမယ့် အခုတော့ ၄၅ နေရာပဲ ကျန်ပါတော့တယ်။

အများ စိတ်ဝင်စားနေတဲ့ NLD ရဲ့ အမတ်လောင်းတယောက်ကို ကော်မရှင်က စာရင်းကနေ ပယ်လိုက်ပါတယ်။
(သူကတော့ ဦးစောလှိုင် ဖြစ်ပါတယ်။)

ဒါကြောင့် NLD က ၄၄ နေရာမှာပဲ ပြိုင်ရတော့မှာပါ။

နေရာနည်းသွားပြီ ဆိုတော့ လွှတ်တော်ထဲမှာ NLD ရမယ့် ထိုင်ခုံလည်း နည်းသည်ထက် နည်းနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

No comments:

Post a Comment

My Blog List