Thursday, March 29, 2012
ကြားဖြတ်တွင် ဓာတ်ပုံနှင့်သတင်း ကိုက်ငါးရာအကွာမှသာ ယူခွင့်ရမည်
ဧပြီ၁ရက်နေ့ကြားဖြတ်ရွေး ကောက်ပွဲကာလတိုအတွင်းမဲရုံမှကိုက်ငါးရာအကွာ၏ ပြင်ပကသာဓာတ်ပုံရိုက်ယူခွင့်နှင့်သတင်းမေး မြန်းရရှိမှာဖြစ်ကြောင်းယခုလ၂၈ရက်နေ့တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောသည်။''ခင်ဗျားတို့ကို ဓာတ်ပုံဝင်ရိုက်ပါ၊ မရိုက်ပါနဲ့လို့တော့ ဘာမှမပြောချင်ပါဘူး။
တကယ်လို့ ကိုက် ၅ဝဝ အတွင်း သတင်းဝင်ယူရင် အနှောင့် အယှက်မရှိရင် ပြဿနာမရှိဘူး။ အနှောင့်အယှက်ဖြစ်လာရင်တော့ အရေးယူမှာပဲ''ဟု ၄င်းက ပြော သည်။ သတင်းရယူရေး၏ အဓိက ဆောင်ရွက်ချက်နှစ်ခုဖြစ်သော ဓာတ်ပုံရိုက်ခြင်းနှင့် သတင်းမေးမြန်း ခြင်းတို့ကို ကိုက် ၅ဝဝ ပြင်ပက သာ ပြုလုပ်ခွင့်ပေးထားသဖြင့် ၄င်း အခွင့်အရေးသည် မီဒီယာသမား များ သတင်းရယူရေးကို ကန့်သတ် ပြီးမှ ထားပေးသည့် အခွင့်အရေး ဖြစ်နေသည်ဟု ပြည်တွင်းမီဒီယာ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။ မဲရုံနှင့် ကိုက် ၅ဝဝ အတွင်း ဝင်ရောက်ဓာတ်ပုံရိုက်ယူခွင့် မပေး ထားသော်လည်း လျှို့ဝှက်၊ လွတ်လပ်စွာ မဲပေးမှု အနှောင့်အယှက် မဖြစ်ပါက ဝင်ရောက်ရိုက်ကူးခွင့် ရှိသည့်သဘာ သက်ရောက်သော စကားလုံးများကို ဥက္ကဋ္ဌက သုံးနှုန်း ကာ မီဒီယာသမားတို့၏အမေးကို ဖြေကြားခဲ့သည်။ ''ဥပဒေအရ မဲရုံကနေ ကိုက် ငါးရာအတွင်းမှာ အနှောင့်အယှက် ဖြစ်စေရင် ရွေးကောက်ပွဲဥပဒေနဲ့ ငြိမယ်၊ ခုနက ကိုက်ငါးရာအပြင်မှာ ဆိုရင် လွတ်လပ်စွာမေးခွင့်ရှိပါတယ်။ ကျွန်တော်က လုပ်ပါ မလုပ်ပါနဲ့ မပြောဘူး။ ဘာလို့လဲဆိုတော့ တစ်ဖက်ပါတီက ဒီလိုမေးတာဟာ မဲဆွယ်စည်းရုံးနေပါတယ်လို့ ပြောရင် မကောင်းဘူးလေဗျာ။ ဒီလို ပြော လာရင် ရွေးကောက်ပွဲ ဥပဒေအရ အရေးယူခံရမှာပဲ''ဟု ပြောကြား သည်။ ယခုတစ်ကြိမ် ရွေးကောက် ပွဲတွင် သတင်းရယူခွင့် သည် ယခင် ၂ဝ၁ဝ ရွေးကောက်ပွဲ နှင့်ယှဉ်ကြည့်ပါက မီဒီယာ၏ အခန်း ကဏ္ဍပိတ် ဆို့ အမှောင်ချလိုက်သည် သဘော သက်ရောက်နေပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလက မဲရုံများအတွင် ဝင်ရောက်၍ သတင်းမေးမြန်းခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများအတိုင်းအတာ တစ်ခုအထိ ခွင့်ပြုခဲ့သည်ဟု သိရသည်။ ''ရွေးကောက်ပွဲမှာ သတင်းရ ယူဖို့အတွက် သတင်းထောက်ရဲ့ ဓာတ်ပုံပါတဲ့ ကတ်ပြားတွေ ထုတ် ပေးမယ်လို့ သိရတယ်။ ဒီကတ်ပြား က သာမန်ကြည့်ရင် သတင်းရယူ နိုင်ရေး အသိမှတ်ပြု ကတ်ပြားလို့ သဘောရပေမယ့် အခု ကန့်သတ် ချက်နဲ့ဆိုရင် ''ကျွန်တော် သတင်း ထောက်ပါ'လို့ အော်ဟစ်ကြေညာပြီး ကိုယ့်အခွင့်အရေးကိုယ် ပိတ် ပင်တဲ့ကတ် ဖြစ်နေပြီဗျာ။ ဒီတော့ အဲဒီကတ်တွေက သတင်းရရှိရေးကို အထောက်အကူ မပြုတဲ့အပြင် အနှောင့်အယှက်ပေး မယ့်ကတ်တွေ လို့ သဘောသက် ရောက်နေပြီ။ မဲရုံနဲ့ ကိုက် ၅ဝဝ ဝေးတဲ့ နေရာ ကနေ သတင်းယူရမယ်ဆိုတော့ သတင်းကောင်းစုံအောင် ဘယ်လို လုပ်ရမလဲ မသိတော့ဘူး'' ဟု အထက်ပါ ပြည်တွင်းမီဒီယာတစ်ခု ၏ တာဝန်ရှိသူက ပြောသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment