Tuesday, March 27, 2012

ပြင်ဦးလွင် အန်အယ်လ်ဒီ ပါတီစည်းရုံးရေးမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပါဝင်


ပြင်ဦးလွင်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်လောင်းဦးကျော်သီဟအတွက်နိုင်ငံရေးအကျဉ်းသားဟောင်းရာနဲ့ချီပြီးမတ်(၂၅)ရက်ကလာရောက်ကူညီမဲဆွယ်စည်းရုံးဆောင်ရွက်ပေးကြတယ်လို့ဦးကျော်သီဟကပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုယ့်ရဲ့မိတ်ဆွေတွေလူပေါင်း၁၀၀ကျော်လောက်၊ကား(၈)စီးလောက်နဲ့ရောက်လာတယ်။ရုံးရှေ့မှာရောက်လာပြီးပြင်ဦးလွင်မှာရှိတဲ့အမျိုးသားဒီမိုကရေစီရုံးကလူတွေနဲ့မိတ်ဆက်ပေးတယ်။ကိုတင်သန်းဦး၊ကိုအေးကြူနဲ့ရန်ကုန်ကဦးလှရွှေတို့ပါပါတယ်။ကိုယ်နဲ့အတူတူထောင်ကျခဲ့တဲ့၊သပိတ်တပ်ပေါင်းစုမှာအတူတူလုပ်ခဲ့တဲ့လူတွေကကိုယ့်ကိုလာပြီးစည်းရုံးအားပေးတာ။

အဲဒါနဲ့မြို့ကိုလှည့်ပတ်လိုက်တော့လည်းသောင်းသောင်းဖြဖြပဲလူတွေကကြိုဆိုကြတယ်။ခြုံပြောရရင်မြို့ရွာတွေမှာကိုယ့်အနေနဲ့ပြောရရင်ပြည်သူတွေဘက်ကအခက်အခဲမရှိဘဲခွပ်ဒေါင်းကြယ်ဖြူနောက်မှာဒေါ်အောင်ဆန်းစုကြည်နောက်မှာအပြည့်ရှိတယ်ဆိုတာတော့ပြောနိုင်တယ်။”

ပြင်ဦးလွင်မြို့နယ်အတွင်းလောလောဆယ်မဲပေးနိုင်သူပေါင်း(၁)သိန်း(၃)သောင်း(၈)ထောင်ကျော်ရှိပြီး၊မဲရုံပေါင်း၁၉၈ရုံရှိရာမှာမဲရုံတိုင်းလိုလိုမှာကိုယ်စားလှယ်လောင်း(၂)ဦးစီထားနိုင်မယ်လို့ဆိုပါတယ်။

ပြင်ဦးလွင်မှာအန်အယ်လ်ဒီနဲ့ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်(၂)ဦးဝင်ရောက်အရွေးခံကြမှာဖြစ်ပါတယ်။ မတ်လ(၂၇)ရက်ညနေပိုင်းမှာအန်အယ်လ်ဒီပါတီအတွက်စည်းရုံးရေးဖျော်ဖြေတင်ဆက်ကြမယ့်အနုပညာရှင်တွေရဲ့တင်ဆက်မှုကိုလည်းပြင်ဦးလွင်မြို့ကဥာဏ်တောကွင်းမှာပြုလုပ်သွားဖို့ရှိပါတယ်။

DVB

No comments:

Post a Comment

My Blog List