မကြာခင်ရောင်းချပေးမည့်WCDMA(3G)ဖုန်းမှာဂျီအက်စ်အမ်စနစ်သာဖြစ်ပြီးသုံးစွဲသူအချို့မှာစီဒီအမ်အေဖုန်းဟုထင်နေသူများလည်းရှိနေကြောင်းသိရသည်။“
WCDMAကိုစီဒီအမ်အေဖုန်းလိုလိုအထင်မှားကြတာတွေရှိပါတယ်။WCDMAကဂျီအက်စ်အမ်ဖုန်းပါပဲ။ ဂျီအက်စ်အမ်မှာသူ့မျိုးဆက်အလိုက်တိုးတက်လာခဲ့ပြီး1Gတုန်းကဆိုရင်Analogစနစ်ပဲရှိသေးတယ်။2G မှာDigital ဖြစ်လာပြီးDataServiceကပါတယ်ဆိုရုံလေးပဲ။ဥပမာ-SMSတို့Messageတို့ပို့လာနိုင်တာမျိုးပေါ့။2Gကိုထပ်မြှင့်တော့3Gမဖြစ်ခင်မှာ2.5,2.75ဆိုပြီးဖြစ်လာတယ်။အရင်CircuitSwitchedDataTransportအစားPackageDataTransportစနစ်ဖြစ်လာတယ်။DataServiceပိုင်းမှာပိုကောင်းလာတာပေါ့။ဒီလိုပဲ3Gဖြစ်လာတဲ့အခါDataSpeedတွေပိုမြန်၊ပိုကောင်းလာတယ်။ဥပမာပြောရရင်EDGEကလမ်းကောင်းရင်မြန်မြန်မောင်းနိုင်သလိုဖြစ်ပြီးUMTSကျတော့လမ်းကောင်းတဲ့အပြင်ပိုကျယ်လာလို့မြန်မြန်မောင်းနိုင်သလိုမျိုးပေါ့။2Gရဲ့Frequency က 850,900,1800, 1900 လေးမျိုးရှိပြီးဒီကဂျီအက်စ်အမ်က900 MHz ဖြစ်ပါတယ်။3Gမှာတော့1800, 1900, 2100ဆိုပြီးရှိပါတယ်”ဟုMTDC မိုဘိုင်းဖုန်းဆိုင်ရာသင်တန်းကျောင်းမှကိုစိုးမင်းထွန်းကပြောကြားခဲ့သည်။
“အရင်၁၅သိန်းဂျီအက်စ်အမ်ဖုန်းတွေတုန်းက၀၉၅၅ နဲ့စတာတွေကWCDMAဖုန်းတွေပါ။WCDMA ရဲ့ Serviceတွေမရလို့သုံးရတာဘာမှလည်းသိပ်ပိုမထူးပါဘူး။အဲဒီဖုန်းဝယ်တုန်းကဈေးနှုန်းဆိုရင်သိန်း၂၀ ကျော်တယ်။Downtownထဲရောက်ရင်ကွန်ရက်က3Gတက်ပြီးတခြားမြို့နယ်တွေရောက်ရင်2Gဖြစ်သွားတာပဲ”ဟု၀၉၅၅ နံပါတ်ဖြင့်စသောWCDMAဖုန်းသုံးစွဲသူတစ်ဦးကပြောပြသည်။
ကမ္ဘာပေါ်တွင်GSM/UMTSသုံးစွဲသောနိုင်ငံပေါင်း၂၁၈နိုင်ငံရှိပြီးလုပ်ငန်းဆောင်ရွက်နေသောအော်ပရေတာအရေအတွက်မှာ၈၀၀ကျော်ခန့်ရှိကြောင်း၊ဂျီအက်စ်အမ်သုံးစွဲမှုတိုးတက်နှုန်းမှာတစ်လလျှင်သန်း၄၀ ခန့်ရှိပြီးလိုင်းအင်အားမှာသန်း၅၀၀၀နီးပါးရှိကြောင်းသိရသည်။
WCDMA(3G)ဖုန်းများကို၂၀၁၂ခုနှစ်ဧပြီလ၉ရက်နေ့တွင်ရန်ကုန်နှင့်မန္တလေးမြို့များမှအပပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်စတင်ရောင်းချပေးမည်ဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့၌ဧပြီလ၂၃ရက်နေ့တွင်စတင်ရောင်းချပေးမည်ဖြစ်ကြောင်း၊ထိုသို့ရောင်းချရာတွင်ဂျီအက်စ်အမ်ဖုန်းကိုကျပ်နှစ်သိန်း၊WCDMA(3G)ဖုန်းကိုကျပ်နှစ်သိန်းခွဲဖြင့်ရောင်းချမည်ဟုသိရသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment