Thursday, March 29, 2012
နေပြည်တော်မဲဆွယ်ပွဲတွင် ဇမ္ဗူသီရိ မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီ ကိုယ်စားလှယ်လောင်း မစန္ဒာမင်း ခြိမ်းခြောက်ခံရမှုများရှိနေ
နေပြည်တော်ဇမ္ဗူသီရိမဲဆန္ဒနယ်အတွင်းအဏာပိုင်များဇ။်အနှောင့်အယှက်အဟန့်အတားအမျိုးမျိုးကြားမှမဲဆွယ်စည်းရုံးရေးပြုလုပ်နေရသည်ဟုဇမ္ဗူသီရိမဲဆန္ဒနယ်အမျိုးသားဒီမိုကရေစီကိုယ်စားလှယ်လောင်းမစန္ဒာမင်းကပြောသည်။
အချို့ရွာများတွင်အဏာပိုင်များနှင့်ကြံ့ခိုင်ရေးပါတီဝင်များကရွာသားများကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟောပြောပွဲ များကိုတက်ရောက်ခွင့်မပြုခြင်း၊ ခြိမ်းခြောက်ခြင်းများခံနေရသည်ဟုရှင်းပြသည်။
“ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလာရောက်စည်းရုံးမယ်လို့ပြောရင်စည်းရုံးနေစဉ်ရောမစည်းရုံးသေးခင်ရောတချို့သောအဏာပိုင်များကပြည်သူတွေကို ခြိမ်းခြောက်တာတွေရွာကလျှပ်စစ်မီး ဖြတ်တောက်တာတွေလုပ်တာခံရတာ တွေရှိပါတယ်” ဟု၎င်းကပြောသည်။
ရွေးကောက်ပွဲဥပဒေတွင်ပါရှိသည့်ကော်မရှင်များဖွဲ့စည်းသည်အခါတွင်ဘယ်ပါတီဝင်မှမဖြစ်စေရဟုပါရှိထားသော်လည်းဇမ္ဗူသီရိမဲဆန္ဒနယ်ကျေးရွာများကော်မရှင်အဆင့်ဆင့်တွင်ကြံ့ခိုင်ရေးပါတီဝင်များပါဝင်နေသည်ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေး အဖွဲ့ဝင် တစ်ဦးကလည်း “ ကျွန်တော့်အိမ်ကို ခဲနဲ့ထုခံရတယ် ရပ်ကွက်အုပ်ချူပ်ရေးမှူးကိုတိုင်တော့လည်း ဘာမလုပ်ပေးဘူး ကျွန်တော့်ဘက်ကထုမယ်ဆိုရင် ကျွန်တော်တို့ကို အရေးယူမှာ သေချာတယ်” ဟုပြောသည်။
သဲကြီးကုန်းရွာသည် ရွေ့ပြောင်းအလုပ်သမား အများအပြားနေထိုင်သောရွာဖြစ်သည်။ယင်းရွာ ကို NLD မဲဆွယ်စည်းရုံး ဟောပြောပွဲ ပြုလုပ်ခဲ့စဉ်က အဏာပိုင်အချို့က ရွာသားများကို “ မင်းတို့ဒီဟောပြောပွဲကို မတက်နဲ့ ဟောပြောပွဲတက်ရင် အထုပ်ပြင်ပြီး မင်းတို့ဒီရွာက ပြန်ဖို့ပြင်တော့” ဟု ပြောကြောင်း မစန္ဒာမင်းကပြောသည်။
ဇမ္ဗူသီရိမဲဆန္ဒနယ်ပြန်ကပြေးရွာမှ ကျေးရွာသူတစ်ဦးကလည်း “ ကျွန်မတို့ကို လည်း အမေစုပါတီနောက်လိုက်တဲ့သူတွေကို ဖမ်းမယ်လို့ ရွာမှာပြောနေကြတာ ကျွန်မတို့က အမေစုပါတီမှ အမေစုပါတီဘဲ အမေစုပါတီကိုပဲမဲပေးမှာ သိကြားမင်းဆင်းဖျက်တောင် မပျက်ဘူး” ဟု အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးပြောသည်။
ဇမ္ဗူသီရီမဲဆန္ဒနယ် တွင် မဲပေးနိုင်သူ ၅သောင်းကျော်ရှိပြီး မဲရုံ ၃၆ ထားရှိမည်ဟုသိရှိရသည်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သမတ ဦးသိန်းစိန် မဲပေးသူများဇ။် ၉၁ ရာခိုင်နှုန်းကျော်ဖြင့် နိုင်ခဲ့စဉ်က မဲပေးနိုင်သူဦးရေ ၈ သောင်းကျော် ရှိပြီး ယခုရွေးကောက်ပွဲတွင် ၃ သောင်းကျော် (၃ ပုံတစ်ပုံနီးပါး) လျော့နည်းသွားတာကို တွေ့ရသည်။ ။
http://myatlayngon.blogspot.com/2012/03/blog-post_29.html မှ ကူးယူဖော်ပြသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment