Wednesday, March 28, 2012

အချိန်လွန်မှရောက်လာသောကြိုတင်ဆန္ဒမဲများနှင့်ကြိုတင်ဆန္ဒမဲကိုမသမာသောနည်းဖြင့်အခြားသူအားပေးပါကထောင်ဒဏ်ပါချမှတ်ခံရမည်


အချိန်လွန်မှရောက်လာသောကြိုတင်ဆန္ဒမဲများဖြင့်ရွေးကောက်ပွဲကိုအနိုင်ယူ၍ရနိုင်မည်မဟုတ်ကြောင်းနှင့်ကြိုတင်ဆန္ဒမဲကိုမသမာသောနည်းဖြင့်အခြားသူအားပေးပါကထောင်ဒဏ်ပါချမှတ်ခံရမည်ဖြစ်ကြောင်းတရားဝင်ပြဋ္ဌာန်းထားချက်များအရသိရသည်။


သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲသည်ရွေးကောက်ပွဲကျင်းပသည့်နေ့မဲရုံပိတ်ချိန်ညနေ၄နာရီနောက်ပိုင်းမှရောက်ရှိလာသောကြိုတင်ဆန္ဒမဲလက်မှတ်များကိုထည့်သွင်းရေတွက်ခြင်းမပြုရကြောင်းပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ၇၁အရသိရသည်။
ဆန္ဒမဲလက်မှတ်သို့မဟုတ်ကြိုတင်ဆန္ဒမဲလက်မှတ်ကိုမသမာသောနည်းဖြင့်အခြားသူတစ်ဦးအားပေးခြင်းနှင့်သူတစ်ပါးအယောင်ဆောင်၍ဆန္ဒမဲလက်မှတ်သို့မဟုတ်ကြိုတင်ဆန္ဒမဲလက်မှတ်ကိုလာရောက်တောင်းဆိုခြင်းသို့မဟုတ်ဆန္ဒမဲပေးခြင်းတို့ကိုကျူးလွန်ကြောင်းသို့မဟုတ်ကျူးလွန်ရန်အားပေးကူညီကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရပါကတစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခံရနိုင်ကြောင်းပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ၅၉အရသိရသည်။
ထို့ပြင်အတုပြုလုပ်ထားသောဆန္ဒမဲလက်မှတ်တစ်ခုခုကိုဖြစ်စေအများကိုဖြစ်စေမဲပုံးအတွင်းသို့ထည့်သွင်းခြင်း၊မဲစာရင်းကိုသော်လည်းကောင်းဆန္ဒမဲလက်မှတ်သို့မဟုတ်ကြိုတင်ဆန္ဒမဲလက်မှတ်ကိုသော်လည်းကောင်းပေးပို့ရာတွင်အသုံးပြုသောစာအိတ်သို့မဟုတ်အထုပ်ကိုတမင်ကြံရွယ်ချက်ဖြင့်ဖျက်ဆီးခြင်း၊ ရေးသားထားချက်များကိုဖတ်ရှု၍မရစေရန်ပြုလုပ်ခြင်းတို့ကိုကျူးလွန်ကြောင်းသို့မဟုတ်ကျူးလွန်ရန်အားပေးကူညီကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရပါကထောင်ဒဏ်အထိချမှတ်ခံရနိုင်ကြောင်းသိရှိရသည်။

မဲရုံတွင်ရေတွက်သောဆန္ဒမဲလက်မှတ်နှင့်ကြိုတင်ဆန္ဒမဲလက်မှတ်ဖြစ်လျှင်မဲရုံမှူးကလည်းကောင်း၊မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင်ရေတွက်သောကြိုတင်ဆန္ဒမဲလက်မှတ်ဖြစ်လျှင်မြို့နယ်ကော်မရှင်အဖွဲ့ခွဲကလည်းကောင်းဆန္ဒမဲလက်မှတ်သို့မဟုတ်ကြိုတင်ဆန္ဒမဲလက်မှတ်တစ်ခုခိုင်လုံမှုရှိ၊မရှိကိုဆုံးဖြတ်ရမည်ဖြစ်ကြောင်းသိရသည်။

ရွေးကောက်ပွဲကျင်းပသောနေ့၌မဲစာရင်းပါရှိရာဒေသမှကျော်လွန်၍သွားရောက်တာဝန်ထမ်းဆောင်ရသောဝန်ထမ်းသို့မဟုတ်တပ်မတော်သားသို့မဟုတ်ရဲတပ်ဖွဲ့ဝင်များကကြိုတင်ဆန္ဒမဲပေးလိုပါကကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့်ဆန္ဒမဲပေးနိုင်ရန်သက်ဆိုင်ရာရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲကစီစဉ်ပေးရမည်ဖြစ်ကြောင်းသိရသည်။
သက်ဆိုင်ရာရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည်ယင်းသို့ကြိုတင်ဆန္ဒမဲပေးသူများ၏အမည်စာရင်းကိုယင်းတို့နှင့်သက်ဆိုင်သောမဲစာရင်းများနှင့်ယှဉ်တွဲပြီးရေးမှတ်ထားရမည်ဖြစ်ကြောင်း၊ယင်းတို့ဆန္ဒပြုပြီးသောကြိုတင်ဆန္ဒမဲလက်မှတ်များပါရှိသည့်စာအုပ်များနှင့်လက်ခံဖြတ်ပိုင်းများကိုရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌသို့မဟုတ်အတွင်းရေးမှူး၊လက်မှတ်ရေးထိုးထားသည့်ပုံစံ(၁၃)နှစ်စောင်နှင့်အတူသက်ဆိုင်ရာမဲရုံမှူးများထံသို့ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်မဲရုံမဖွင့်မီပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။
ယင်းပုံစံ၁၃များတွင်မဲရုံမှူးကလက်မှတ်ရေးထိုး၍တစ်စောင်ကိုသိမ်းဆည်းထားပြီးကျန်တစ်စောင်ကိုရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ပေးအပ်ရမည်ဖြစ်ကာသက်ဆိုင်ရာမဲရုံမှူးသည်ပုံစံ( ၁၃)ပါကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့်ဆန္ဒမဲပေးပြီးသူများ၏အမည်များကိုသက်ဆိုင်ရာမဲစာရင်းတွင်ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်းမှတ်သားထားရမည်ဟုသိရသည်။

ဆန္ဒမဲလက်မှတ်ကိုတောင်းဆိုသူသည်သူတစ်ပါးအယောင်ဆောင်သောပြစ်မှုကိုကျူးလွန်သူဖြစ်ကြောင်းလွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေယင်းရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေမဲရုံမှူးကသင့်လျော်သည်ဟုထင်မြင်သူကဖြစ်စေကန့်ကွက်လာလျှင်မဲရုံမှူးသည်ကန့်ကွက်မဲစာရင်းပုံစံ(၁၄)တွင်လိုအပ်သည်များဖြည့်စွက်၍ထိုဆန္ဒမဲလက်မှတ်တောင်းဆိုသူကိုလက်မှတ်ရေးထိုးစေရမည်ဟုပြဋ္ဌာန်းထားသည်။

ကန့်ကွက်သူများကိုလည်းလက်မှတ်ရေးထိုးစေရမည်ဖြစ်ပြီးစာမရေးတတ်လျှင်လက်ဝဲလက်မလက်ဗွေနှိပ်စေရမည်ဖြစ်ကာဆန္ဒမဲလက်မှတ်တောင်းဆိုသူကပုံစံ(၁၄)တွင်ဖြည့်စွက်ခြင်း၊လက်မှတ်ရေးထိုးခြင်းမပြုလျှင်ထိုသူအားဆန္ဒမဲပေးခွင့်မပြုရကြောင်းသိရသည်။

No comments:

Post a Comment

My Blog List