မြန်မာသက္ကရာဇ်၁၃၇၃ခုနှစ်ရိုးရာယဉ်ကျေးမှုအတာသဘင်အားမြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီအနှစ်သာရပြည့်ဝစွာကျင်းပနိုင်စေရေးနှင့်ပြည်သူများအနေဖြင့်
အတာသင်္ကြန်ပွဲတော်အားစိတ်အေးချမ်းသာစွာဆင်နွှဲနိုင်ရေးအတွက်သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များကကြီးကြပ်ကွပ်ကဲသွားမည်ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်အသီးသီးတို့၌အတာသင်္ကြန်ပွဲအတွက်မဏ္ဍပ်များတည်ဆောက်ရာတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးစီစဉ်မည်ဖြစ်ပြီးမဏ္ဍပ်လျှောက်ထားလိုသူများအနေဖြင့်သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးရုံးများ၌မဏ္ဍပ်ဆောက်လုပ်ခွင့်လျှောက်လွှာများဝယ်ယူ၍အဆိုပါခရိုင်အုပ်ချုပ်ရေးမှူးရုံးများ၌ပင်လျှောက်ထားရမည်ဖြစ်သည်။မဏ္ဍပ်ဆောက်လုပ်ခွင့်လျှောက်ထားသူများ၏လျှောက်ထားစာများအားသက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့တစ်ဆင့်လျှောက်ထားပြီးထိုမှတစ်ဆင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံအဆင့်ဆင့်တင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း၌အတာသင်္ကြန်ရေကစားမဏ္ဍပ်များအားဆောက်လုပ်ခွင့်များပေးရာ၌မဏ္ဍပ်ကြီး၊မဏ္ဍပ်လတ်၊မဏ္ဍပ်ငယ်ဟူ၍သုံးမျိုးသုံးစားခွဲခြားထားပြီးမျက်နှာဖွင့်အကျယ်၂၅ပေအောက်မဏ္ဍပ်များအားမဏ္ဍပ်ငယ်၊၂၅ပေနှင့်ပေ၅၀ကြားမဏ္ဍပ်တို့အားမဏ္ဍပ်လတ်၊ပေ၅၀အထက်မဏ္ဍပ်များအားမဏ္ဍပ်ကြီးအဖြစ်သတ်မှတ်ထားကြောင်းသိရသည်။မဏ္ဍပ်သေးနှင့်မဏ္ဍပ်လတ်များအတွက်အာမခံစပေါ်ငွေများပေးသွင်းရန်မလိုအပ်ဘဲ ပေ၅၀အထက်မဏ္ဍပ်ကြီးများအတွက်အာမခံစပေါ်ငွေကျပ်သိန်း၃၀တိတိပေးထားရမည်ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။၂၀၁၂ခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်၌မဏ္ဍပ်ဆောက်လုပ်ခွင့်ရရှိသောမဏ္ဍပ်များမှတာဝန်ရှိသူများအနေဖြင့်သက်ဆိုင်ရာမှထုတ်ပြန်ထားသောစည်းကမ်းချက်များအားအထူးလေးနက်စွာလိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပြီးမဏ္ဍပ်ကြီးများအနေဖြင့်လုံခြုံရေးအတွက်CCTVကင်မရာများအားမနက်၇နာရီမှညနေ၆နာရီအထိဖွင့်ထားတပ်ဆင်ရမည်ဖြစ်သည်။တည်ဆောက်ခွင့်ရရှိပြီးသောမဏ္ဍပ်ကြီးများအနေဖြင့်သင်္ကြန်ပထမရက်၌မြန်မာ့ယဉ်ကျေးမှုကိုဖော်ကျူးသည့်အနေဖြင့်ငွေဖလားတွင်အမွှေးနံ့သာရည်များထည့်၍ကစားရမည်ဖြစ်ပြီးမဏ္ဍပ်ဆောက်လုပ်ခွင့်ရရှိသူများအနေဖြင့်တခြားသူကိုပြန်မငှားရန်၊ယဉ်ကျေးမှုနှင့်မညီသောဝတ်စားဆင်ယင်မှုများနှင့်အမျိုးသမီးငယ်များအားလည်းကြီးကြပ်တားမြစ်သွားရန်၊မဏ္ဍပ်ရှိအမှိုက်များအားလည်းတာဝန်ယူရှင်းလင်းရန်၊အရက်သေစာများရောင်းချခြင်းမပြုရန်၊မဏ္ဍပ်အမည်အားမြန်မာအမည်ဖြင့်သာသုံးစွဲရန်သက်ဆိုင်ရာမှစည်းကမ်းထုတ်ပြန်ညွှန်ကြားထားကြောင်း၂၀၁၂ခုနှစ်မတ်လ၂၇ရက်နေ့ထုတ်News Watch Weekly ဂျာနယ်တွင်ဖော်ပြထားပါသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-


No comments:
Post a Comment