Thursday, March 29, 2012

NLD ပါတီဗဟိုအောင်နိုင်ရေးအဖွဲ့မှ မဲရုံစောင့်များအတွက် "ဘာကိုစောင့်ကြည့်ရမှာလဲ"ညွှန်ကြားချက်အားထုတ်ပြန်


မတ်လ၂၈ရက်နေ့တွင်NLDပါတီဗဟိုအောင်နိုင်ရေးအဖွဲ့မှ၁.၄.၂၀၁၂ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲမှာ မဲရုံစောင့်များအတွက်"ဘာကိုစောင့်ကြည့်ရမှာလဲ"ညွှန်ကြားချက်အားမဲဆန္ဒနယ်ရှိအောင်နိုင်ရေးအဖွဲ့ထံသို့အောက်ပါအတိုင်းထုတ်ပြန်ညွှန်ကြားခဲ့ပါတယ်။


ဧပြီလ(၁)ရက်နေ့၊ နံနက်(၆း၀၀)နာရီမှ မဲရေတွက်ပြီးချိန်ထိ ဘာကိုစောင့်ကြည့်မှာလဲ

ကြိုတင်ပြင်ဆင်
၁။       အဖွဲ့ချုပ်အမှတ်အသား( ဦးထုပ်၊ ရင်းထိုး၊ တီရှပ်၊ ပင်နီ၊ ကချင်ပုဆိုး၊ ခေါင်းစည်း )တွေ မပါလာစေပါနဲ့။
၂။       မဲရုံအပြင်ဘက်မနီးမဝေးမှာနေပါ။ အသေထိုင်နေ၊ ရပ်နေဖို့မလိုပါ၊ နေရာရွှေ့ပြောင်းပါ။
စောင့်ကြည့်
၃။   မဲရုံနဲ့ကိုက် ၅၀၀အတွင်းမှာ (အထူးသဖြင့် မဲရုံနဲ့မနီးမဝေးမှာ) မဲဆွယ်သူရှိသလား၊ စောင့်ကြည့်ပါ။ ပါးစပ်နဲ့ မဲဆွယ်တာ၊ စာရွက်တွေဝေတာ၊ အမူအယာနဲ့အချက်ပေးတာ၊ မဲစာရင်းနံပါတ်ရှာပြီးမဲဆွယ်တာ၊ မဲဆွယ် စာတန်းပါတဲ့အ၀တ်အစား(တီရှပ်)၀တ်လာတာ၊ မဲဆွယ်အမှတ်အသားဦးထုပ်၊ ခမောက်ဆောင်း လာတာ၊ တခြား နည်းမျိုးစုံတွေနဲ့ မဲဆွယ်တာတွေရင် စာနဲ့ရေးမှတ်ပါ။ အချိန်နဲ့နေရာမှတ်ထားပါ။ ကင်မရာပါရင် ဓာတ်ပုံရိုက်ပါ။
၎။      မဲလာပေးတဲ့လူတွေကို ဟန့်တားနှောက်ယှက်တာတွေ့ရင်မှတ်သားပါ။ မနှောက်ယှက်ဘို့ ပြောလို့ ရနိုင်ရင်ပြောပါ။
၅။      နယ်ခံ၊ ဒေသခံစောင့်ကြည့်သူတွေရှိပါတယ်။ သူတို့နဲ့ပူးပေါင်းဆောင်ရွက်ပါ။
၆။   ကိုယ်အဖွဲ့ဝင်တွေနဲအဖွဲ့ချုပ်ကို ထောက်ခံသူတွေက မဲရုံနဲ့မနီးမဝေးမှာ မဲဆွယ်တာတွေ့ရင် တားဆီးပါ၊ မေတ္တာရပ်ခံပါ။
၇။   မဲရုံနဲ့ကိုက် ၅၀၀ အတွင်း(အထူးသဖြင့် မဲရုံနားမှာ)အော်ဟစ်တာ၊ ဆူပူသောင်းကျန်းတာ၊ တွေ့ရင်လဲ အတိအကျ မှတ်သားပြီး လိုအပ်ရင်သတင်းပေးပို့ပါ။
၈။       မဲရုံထဲကို တာဝန်မရှိဘဲ အကြိမ်ကြိမ်ဝင်ထွက်နေသူရှိသလား၊ ကြည့်ရှုမှတ်သားပါ၊ လိုအပ်ရင် သတင်းပို့ပါ။
၉။  မဲရုံပိတ်ပြီး မဲရေတွက်တော့မယ့်အချိန်မှာ မဲရေတွက်တာကို အနီးကပ်စောင့်ကြည့်မှတ်သားပါ။ ဘယ်သူမဆို  မဲရေတွက်တာကို ကြည့်ခွင့်ရှိပါတယ်။ (ဥပဒေအခွင့်အရေးဖြစ်ပါတယ်။)
၁၀။  မဲမရေတွက်ခင် မဲရုံမှူးက အရပ်သား(၁၀)ဦးကို သက်သေအဖြစ် စာရင်းပေးကြဘို့ ဖိတ်ခေါ်ပါ လိမ့်မယ်။ သက်သေအဖြစ်ပါဝင် စာရင်းပေးသူများကို မှတ်သားပါ။
၁၁။  မဲရေတွက်တာပြီးဆုံးသွားတဲ့အခါ မဲရုံမှူးနဲ့ အဖွဲ့ဝင်တွေဟာမြို့နယ်ကော်မရှင်ရုံးကို အထုပ်တွေနဲ့ သွားကြပါ လိမ့်မယ်။ မဲရုံကိုယ်စားလှယ်တွေ လိုက်သွားကြဘို့ လိုအပ်ရင်ပြောပါ။
၁၂။      အားလုံးပြီးရင်ရပ်ကွက်/ကျေးရွာအာင်နိုင်ရေးရုံးမှာသွားစောင့်ပါ။ကားနဲ့လာခေါ်ပါမယ်။စောင့်ဖြစ်အောင်
စောင့်ပေးပါ။

No comments:

Post a Comment

My Blog List