Friday, March 30, 2012
ဗိုလ်ချုပ်ရုပ်ရှင်အတွက် ရှားပါးမှတ်တမ်းမှတ်ရာအများအပြားကို ပြည်သူတွေ လှူဒါန်းကြ
လာမယ့်၂၀၁၃ခုနှစ်မှာရိုက်ကူးမယ့်ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားမှာခိုင်မာတဲ့မှတ်တမ်းအချက် အလက်တွေထည့်သွင်းနိုင်ဖို့အတွက်ဗိုလ်ချုပ်နဲ့ပတ်သက်ဆက်နွှယ်သမျှ
မှတ်တမ်း မှတ်ရာတွေကို လှူဒါန်း (သို့) ငှားရမ်းကြဖို့ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ က သတင်းထုတ်ပြန်ပြီးတဲ့နောက် အများ ပြည်သူတွေထံက အားတက် သရော လှူဒါန်းပေးပို့တာတွေကို အမြောက် အမြား လက်ခံရရှိတယ်လို့ ရုပ်ရှင်ဖြစ် မြောက်ရေးကော်မတီအဖွဲ့ဝင် ဒါရိုက်တာ ကြည်ဖြူသျှင်က မြန်မာတိုင်း(မ်)ကို ပြော ပါတယ်။
ပေးပို့လှူဒါန်းလာကြတဲ့ ပစ္စည်းတွေ ထဲမှာ ဗိုလ်ချုပ်ရဲ့ဓာတ်ပုံများ၊ ဗိုလ်ချုပ် အကြောင်းရေးသားဖော်ပြထားကြတဲ့ သတင်းစာနဲ့ စာအုပ်များ၊ သမိုင်းဝင် မိန့်ခွန်းတွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပြားများအပြင် အဲဒီခေတ်က အသုံးပြုခဲ့ကြတဲ့ ဂျပန်ဓားနဲ့ မော်တော် ကားများလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။
"အစ်မတို့ လုံးဝ မမျှော်လင့်ထားတဲ့ ရှားပါးစာအုပ်တွေ၊ ဗိုလ်ချုပ် အောင်ဆန်း ခေတ်က ထုတ်ဝေတဲ့ သတင်းစာနဲ့ ဓာတ်ပုံတွေ အများကြီးရပါတယ်။ ဗိုလ်ချုပ်ဓာတ်ပုံဆို အခုနောက်ပိုင်းထွက် တဲ့ ဂျာနယ်နဲ့ စာအုပ်တွေမှာပါတဲ့ပုံတွေ ပဲ မြင်ဖူးတာကိုး။ "ဗိုလ်ချုပ် အင်းလေးမှာ လှေနဲ့သွားခဲ့ တဲ့ ပုံမျိုးတွေအပါအ၀င် တော်တော် ထူးထူးဆန်းဆန်းဓာတ်ပုံတွေ ရခဲ့တယ်။ ပိုပြီးထူးဆန်းတာက ဗိုလ်ချုပ်အောင် ဆန်းကို ဆုငွေငါးကျပ်ထုတ်ပြီးတော့ ဖမ်းဝရမ်းထုတ်တုန်းက သုံးခဲ့တဲ့ ဗိုလ်ချုပ် ရဲ့ဓာတ်ပုံတွေပါ လှူတဲ့အထဲမှာ ပါလာ တယ်။ နောက်ပြီး အဲဒီဓာတ်ပုံတွေကို ပြပြီး ဖမ်းဝရမ်းထုတ်ခဲ့တယ်ဆိုတဲ့ မှတ် တမ်းစာတွေပါ အလှူရခဲ့တယ်"လို့ အလှူရှင်တွေ ပေးပို့ကြတဲ့ မှတ်တမ်း ပစ္စည်းတွေအကြောင်းကို ကြည်ဖြူသျှင် က ပြောပြပါတယ်။
"ဇာတ်ဝင်ခန်းမှာ သုံးဖို့အတွက် ဗိုလ် ချုပ်တို့ခေတ်က စီးခဲ့တဲ့ကားတွေ လာပြ တယ်။ ကားတွေက ဟိုခေတ်ကကား တွေပါ။ တော်တော်အံ့ဩစရာကောင်း တာက အဲဒီခေတ်က မာစီးဒီးဆိုပြီး လာပြတဲ့ကားတွေဆို မောင်းလို့ တောင် ရသေးတယ်။ အစ်မတို့ဆီကို မောင်းပြီး လာပြတာ"လို့လည်း ပြောပါတယ်။
ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေကို အသံသွင်း ထားတဲ့ ဓာတ်ပြားတွေထဲက တချို့ကွဲ အက်နေတဲ့အချပ်တွေကို စင်ကာပူနိုင်ငံ မှာ ခေတ်မီနည်းပညာသုံးပြီး အသံပြန်ရ အောင် ပြုလုပ်သွားမယ်လို့လည်း ကြည် ဖြူသျှင်က ပြောပါတယ်။
"ဗိုလ်ချုပ်နေရာက သရုပ်ဆောင်မယ့် သူကို ဓာတ်ပြားတွေ ပေးနားထောင်ပြီး ကျင့်ခိုင်းမယ်။ ဗိုလ်ချုပ်က ဘယ်လိုအသံ နေ အသံထားနဲ့ပြောတယ်၊ ဘယ်လို စရိုက်မျိုးရှိတယ်ဆိုတာ ဒီမှတ်တမ်းနဲ့ ဓာတ်ပြားတွေကို နားထောင်ပြီး လေ့လာ မှာပါ"လို့လည်း ဆိုပါတယ်။
သူက ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့ 'အာဇာနည်နေ့'အပြင် 'လွတ်လပ်ရေးနေ့'မှာ ထုတ်ဝေခဲ့တဲ့ သတင်းစာစောင်တွေကို လည်း ရရှိတာကြောင့် ရုပ်ရှင်ရိုက်ကူး ရာမှာ သမိုင်းကြောင်း မှန်ကန်ဖို့အတွက် အများကြီး အထောက်အကူဖြစ်တယ် လို့လည်း ဆိုပါတယ်။
"၁၉၄၈၊ ဇန်န၀ါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရတဲ့နေ့က ထုတ်တဲ့ သတင်းစာကို အစ်မတို့ မမြင်ဖူးတော့ ဘူးလေ။ ဒါတွေက စိတ်ကူးယဉ်ပြီး ထည့်လို့မရဘူး။ ဒါကြောင့် ဒီသတင်းစာ ကိုကြည့်ပြီး အစ်မတို့ ချွတ်စွပ်တူတဲ့ သတင်းစာတစ်စောင်ဖြစ်အောင် လုပ် နိုင်တယ်"လို့လည်း ပြောပါတယ်။
ဗိုလ်ချုပ်ကျဆုံးတဲ့နေ့က ထုတ်ရှိခဲ့တဲ့ စာစောင်တွေဟာ ၆၅ နှစ်တိုင်သက်တမ်း ရှိခဲ့ပြီဖြစ်ပေမယ့် ကောင်းမွန်စွာ ထိန်း သိမ်းထားကြ တာကြောင့် ဟောင်းနွမ်း စုတ်ပြဲမနေဘဲ အသစ်အတိုင်း ရရှိတယ် လို့လည်း ပြောပြပါတယ်။
"အလှူထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့ တံဆိပ်ခေါင်းတွေ လာလှူကြတယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကို သေသေ ချာချာ ထိန်းသိမ်းထားကြပုံပါ။ တကယ့်ကို တန်ဖိုးဖြတ်လို့မရတဲ့ သမိုင်း အမွေအနှစ်တွေပါပဲ။ ဒါတွေကိုကြည့် ခြင်းအားဖြင့် တိုင်းသူပြည်သားတွေ ဗိုလ်ချုပ်ကို ဘယ်လောက်ချစ်လဲဆိုတာ၊ မျိုးချစ်စိတ်ဓာတ် ဘယ်လောက်ထိရှိလဲ ဆိုတာ မြင်ရတာပေါ့"လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
ခုလို ပြည်သူတွေ အမြတ်တနိုးသိမ်း ဆည်းခဲ့ကြတဲ့ မှတ်တမ်းမှတ်ရာတွေကို ရုပ်ရှင်ရိုက်ကူးရေး ပြီးစီးသွားတဲ့အခါ လူအများ ကြည့်ရှုလေ့လာနိုင်ဖို့ ပြတိုက် ပြုလုပ်ပြီး ပြသထိန်းသိမ်းသွားမယ်လို့ လည်း ဆိုသလို ရရှိတဲ့မှတ်တမ်းမှတ်ရာ တွေကို အသုံးချပြီး ရုပ်ရှင်ကားမှာ သမိုင်းအချက်အလက်တွေ မှန်မှန်ကန် ကန်နဲ့ ထည့်သွင်းရိုက်ကူးသွားမယ်လို့ လည်း ပြောပါတယ်။
"ဘာဖြစ်လို့လဲဆိုတော့ သမိုင်းကြောင်း အစစ်ကို ပြချင်တဲ့ဇာတ်ကားဖြစ်လို့ပဲ။ အချက်အလက်ကို မှန်ကန်အောင်ပြတဲ့ အပေါ်မှာမှ အနုပညာရသမြောက်အောင် ဖန်တီးမှုက ဒုတိယအဆင့်ဖြစ် မှာပါ"လို့ ဇာတ်ကားရိုက်ကူးမယ့်ပုံစံကို ရှင်းပြပါတယ်။
ဇာတ်ကားကြည့်တဲ့သူကို အဲဒီခေတ် ဆီရောက်သွားစေချင်ပြီး အဲဒီအချိန် အခါက အကြောင်းအရာတွေကို သိရှိစေ ချင်တာကြောင့် ဗိုလ်ချုပ်ဇာတ်ကားမှာ သမိုင်းကြောင်း အစစ်အမှန်ကို ပြနိုင် အောင် ကြိုးစားသွားမယ်လို့လည်း ပြော ပါတယ်။
၁၉၄၆ ခုနှစ်ကနေ ၁၉၆၂ ခုနှစ် အတွင်း ထုတ်ဝေတဲ့ မဏ္ဍိုင်၊ ဟံသာဝတီ၊ ဖဆပလသတင်းစဉ်၊ မြန်မာ့ရှေ့ဆောင်၊ မြန်မာ့အလင်း၊ ရန်ကုန်နေ့စဉ်သတင်း စာ၊ ဒီးဒုတ်ဂျာနယ်တွေကို တခုတ်တရ စုဆောင်းထားတဲ့ ဇီဇ၀ါစာအုပ်တိုက် ပိုင်ရှင် ဦးကျော်မင်းက "၁၉၄၇ ခုနှစ် အစောပိုင်းလောက်ကထုတ်တဲ့ သတင်း စာတွေမှာ ဗိုလ်ချုပ်မျက်နှာဖုံးပုံတွေ ချည်းပဲ။ အဲဒီခေတ်က သတင်းစာတွေက ပွင့်ပွင့် လင်းလင်းနဲ့ သတင်းဦး၊ သတင်း ထူးတွေ ဖော်ပြကြတယ်။ ဗိုလ်ချုပ်မိန့်ခွန်း တွေ၊ အစည်းအဝေးဆုံးဖြတ်ချက်တွေကို နောက်တစ်နေ့ သတင်းစာမှာပဲ ထည့် သွင်းဖော်ပြကြတယ်။ "၁၉၇၀ ကျော်လောက်ထိ အာဇာ နည်နေ့တိုင်း အာဇာနည်ဗိမာန်မှာ သွားရောက်ဂါရ၀ ပြုတဲ့သူတွေကို ကျဆုံး သွားတဲ့ အာဇာနည်ခေါင်းဆောင်တွေ ရဲ့အတ္ထုပ္ပတ္တိအကျဉ်းပါတဲ့ စာအုပ်ငယ် ကလေးတွေ ဝေတယ်။ ကျောင်းသား လူငယ်တွေ ကိုယ့်နိုင်ငံက ခေါင်းဆောင် တွေရဲ့အကြောင်းကို သိအောင် ဝေတာပါ။ ဒါပေမယ့် အဲဒီအစဉ်အလာလေးက ပျောက်သွားတာ ကြာပြီ။ အဲဒီတုန်းက ဝေတဲ့စာအုပ်ငယ်လေးတွေကို အခု ထက်ထိ သိမ်းဆည်းထားတုန်းပဲ" လို့ ပြောပြပါတယ်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-


No comments:
Post a Comment