Monday, March 26, 2012

မျိုးချစ်မြန်မာများ၏ မျိုးချစ်ဂုဏ်ရည်ဆု


ပြည်ပရောက်မျိုးချစ်မြန်မာများစုပေါင်းဖွဲ့စည်းထားသောPatrioticAwardCommitteeမှပထမဦးဆုံးအကြိမ်ပြည်တွင်းရှိလူမှုရေး၊နိုင်ငံရေးနှင့်ဘာသာရေးအတွက်မဆုတ်မနစ်သောဇွဲလုံ့လဖြင့်အသက်၊သွေး၊ချွေးရင်းပြီးလုပ်ကိုင်နေကြသည့်အဖွဲ့အစည်း၊
လူပုဂ္ဂိုလ်များအားဂုဏ်ပြုချီးမြှင့်သောမျိုးချစ်ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားအား၂၆.၃.၂၀၁၂ရက်နေ့နေ့လည်(၂း၀၀)နာရီအချိန်တွင်နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်၌ကျင်းပပြုလုပ်ခဲ့သည်။

PatrioticAwardCommitteeအား၂၀၁၂ခုနှစ်ဖေဖော်ဝါရီ(၁၅)ရက်မှာနိုင်ငံတကာရောက်မြန်မာများနှင့်စတင်ဖွဲ့စည်းခဲ့သည်။ဆရာတော်အရှင်မေတ္တာစာရသည်ယင်းအဖွဲ့အစည်း၏သြဝါဒစရိယနှင့်နာယကဖြစ်သည်။PatrioticAwardCommitteeသည်အမေရိကန်နိုင်ငံအိုင်အိုဝါမြို့၌အခြေစိုက်တည်ရှိပြီးပထမဦးဆုံးအကြိမ်မျိုးချစ်ဂုဏ်ရည်ဆုအား၈၈ကျောင်းသားခေါင်းဆောင်များနှင့်နာရေးကူညီမှုအသင်း(ရန်ကုန်)အတွင်းရေးမှူးဒေါ်ရွှေဇီးကွက်အားချီးမြှင့်ပေးအပ်ခဲ့သည်။၈၈ကျောင်းသားခေါင်းဆောင်များအတွက်ဆုတံဆိပ်အားအချိန်မီရရှိခဲ့သော်လည်းဒေါ်ရွှေဇီးကွက်အတွက်ဆုတံဆိပ်အားအချိန်မီမပေးအပ်နိုင်ကြောင်းနှင့်လပိုင်း(သို့)နောက်နှစ်အခမ်းအနားတွင်ချီးမြှင့်ပေးအပ်မည့်အကြောင်းအရှင်မေတ္တာစာရမှမိန့်ကြားခဲ့သည်။မျိုးချစ်ဂုဏ်ရည်ဆုရွေးချယ်ရေးအဖွဲ့သည်အွန်လိုင်းလူမှုကွန်ယက်မှစတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။မျိုးချစ်ဂုဏ်ရည်ဆုအားနိုင်ငံတကာရောက်မျိုးချစ်မြန်မာများမှမျိုးချစ်စိတ်ဓါတ်အပြည့်ဖြင့်ဝိုင်းဝန်းကူညီခဲ့ခြင်းဖြစ်သည်။လူမျိုးခြား၊ဘာသာခြားများလည်းပါဝင်ခဲ့သည်။ဆရာတော်အရှင်မေတ္တာစာရ၏အမှာစကားအားနာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူမှဖတ်ကြားရာတွင်မျိုးချစ်ဂုဏ်ရည်ဆုနှင့်ပတ်သက်၍အမျိုးချစ်တာနှင့်တမျိုးသားလုံးကိုချစ်တာကိုမရောစေသင့်ကြောင်း၊ကွဲကွဲပြားပြားသိသင့်ကြောင်း၊ရှမ်း-မွန်-ရခိုင်-မြန်မာ-ကချင်-ကယား-ကရင်တို့ကိုချစ်တာဟာတစ်သီးပုဂ္ဂလလူမျိုးစွဲ၊ အမျိုးစွဲအားချစ်တာဖြစ်ကြောင်း၊ဗုဒ္ဓဘာသာ၊အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူ၊ဂျူးစသည့်ဘာသာတရားများကိုချစ်မြတ်နိုးခြင်းသည်တစ်သီးပုဂ္ဂလအယူဝါဒများကိုချစ်မြတ်နိုးခြင်းသာဖြစ်ကြောင်း၊ယခုပေးအပ်ချီးမြှင့်သည့်မျိုးချစ်ဂုဏ်ရည်ဆုသည်ယင်းတို့နှင့်ပတ်သက်ဆက်နွယ်မှုမရှိကြောင်းတမျိုးသားလုံးနှင့်သက်ဆိုင်သောဆုတစ်ဆုဖြစ်ကြောင်း၊အသက်-သွေး-ချွေးများနှင့်တိုင်းပြည်အတွက်ပေးဆပ်ခဲ့သူများကိုဂုဏ်ပြုချီးမြှင့်သည့်ဆုဖြစ်ကြောင်း၊ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည်မြတ်ဗုဒ္ဓ၏လမ်းစဉ်အမှန်ပင်ဖြစ်ကြောင်းစသည့်စကားများကိုအရှင်မေတ္တာစာရကိုယ်စားဦးကျော်သူမှဖတ်ကြားသွားခဲ့သည်။

ယင်းနောက်ဆုပေးပွဲအခမ်းအနားအားကျင်းပခဲ့ရာ၈၈ကျောင်းသားခေါင်းဆောင်များအားနာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူမှဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးခဲ့သည်။ထို့နောက်နာရေးကူညီမှုအသင်း(ရန်ကုန်)အတွင်းရေးမှူးဒေါ်မြင့်မြင့်ခင်ဖေ(ခ)ရွှေဇီးကွက်အားနာရေးကူညီမှုအသင်း(ရန်ကုန်)ရာသက်ပန်အသင်းသားတေးသံရှင်ကိုဆောင်းဦးလှိုင်မှဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့သည်။၈၈ကျောင်းသားများဦးဆောင်ဖွင့်လှစ်ထားသောလေ့ကျင့်သင်ကြားရေးခန်းမအတွက်စားပွဲပါစာသင်ခုံအလုံး(၂၀)အားနာရေးကူညီမှုအသင်း(ရန်ကုန်)မှဥက္ကဋ္ဌဦးကျော်သူ၊အတွင်းရေးမှူးဒေါ်ရွှေဇီးကွက်နှင့်လ/ထအုပ်ချုပ်ရေးမှူးဒေါ်စောသဉ္ဇာစိုးတို့မှ၈၈ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၊ကိုကိုကြီး၊မမီးမီးတို့အားပေးအပ်လှူဒါန်းခဲ့သည်။ထို့ပြင်စင်ကာပူနိုင်ငံရောက်ဦးသက်တင်ဇနီးဒေါ်ရွှေပြည်စိုး(မိသားစု)တို့မှတဆင့်လှူဒါန်းထားသောလည်ကတုံးရှပ်အင်္ကျီနှင့်လုံချည်စုစုပေါင်းအစုံ(၂၀)တို့အားဆက်လက်လှူဒါန်းပေးခဲ့သည်။ထို့နောက်၈၈ကျောင်းသားများအဖွဲ့ကိုယ်စားကိုမင်းကိုနိုင်မှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ရာတွင်“ယခုလိုပြည်ပမှမျိုးချစ်မြန်မာများ၏ချီးမြှင့်သောဆုကိုရရှိခြင်းသည်။မိမိတို့အတွက်ခွန်အားတစ်ရပ်ပင်ဖြစ်ကြောင်းပြောကြားခဲ့ကာယခုအခမ်းအနားတွင်ရောက်ရှိနေသော၈၈ကျောင်းသားတစ်ဦးရှိနေကြောင်း၊ထိုသူအားမိမိတို့အနေဖြင့်ပြန်လည်၍အသိအမှတ်ပြုသောအားဖြင့်လည်ကတုံးရှပ်အင်္ကျီနှင့်ကချင်လုံချည်တစ်စုံအားဂုဏ်ပြုလက်ဆောင်အဖြစ်ပြန်လည်ချီးမြှင့်လိုကြောင်း၊ထိုသူမှာဆောင်းဦးလှိုင်ပင်ဖြစ်ကြောင်း”ပြောကြားခဲ့ပြီးကိုဆောင်းဦးလှိုင်အားလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့သည်။နာရေးကူညီမှုအသင်း(ရန်ကုန်)အတွင်းရေးမှူးဒေါ်ရွှေဇီးကွက်မှမျိုးချစ်ဂုဏ်ရည်ဆုဂုဏ်ပြုငွေချီးမြှင့်ခံရခြင်းနှင့်ပတ်သက်၍ကျေးဇူးတင်စကားပြောကြားခဲ့ရာ“မိမိတို့ထက်ပိုမို၍အနစ်နာခံပေးဆပ်ခဲ့သူများဖြစ်သော၈၈ကျောင်းသားအဖွဲ့နှင့်တပြိုင်နက်တည်းချီးမြှင့်ခံရခြင်းအတွက်များစွာဝမ်းသာဂုဏ်ယူမိပါကြောင်း၊မိမိတို့၏ပေးဆပ်မှုများသည်၈၈ကျောင်းသားများအိပ်နေသလောက်သာရှိပါကြောင်း၊ထို့ကြောင့်မိမိရရှိခဲ့သောဂုဏ်ပြုဆုငွေထဲမှငွေ(၅)သိန်းကျပ်အား၈၈ကျောင်းသားအဖွဲ့အတွက်မိမိမှပြန်လည်လှူဒါန်းပေးအပ်ပါကြောင်း”ပြောကြားခဲ့ရာအလှူငွေ(၅)သိန်းကျပ်တိတိအား၈၈ကျောင်းသားခေါင်းဆောင်များထံပေးအပ်လှူဒါန်းခဲ့ပြီးတက်ရောက်လာကြသောဧည့်ပရိသတ်များ၊၈၈ကျောင်းသားအဖွဲ့များနှင့်သတင်းမီဒီယာအဖွဲ့သားများအားကော်ဖီနှင့်မုန့်တို့ဖြင့်ဧည့်ခံကျွေးမွေးကာမျိုးချစ်ဂုဏ်ရည်ဆုချီးမြှင့်ခြင်းအခမ်းအနားကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါတော့သည်။

No comments:

Post a Comment

My Blog List