တနင်္သာရီတိုင်းမြိတ်ဒေသကိုရွေးကောက်ပွဲမဲဆွယ်ခရီးထွက်နေတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဟာခရီးစဉ်အတွင်းကျန်းမာရေးချို့ ယွင်းလာတာကြောင့်တနင်္ဂနွေနေ့ မှာမြိတ်ကျွန်းစုမြို့ နယ်ကိုသွားရာက်ဟောပြောဖို့ စီစဉ်ထားတဲ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မြိတ်ခရီးစဉ်
ဒေါ်အောင်ဆန်းစုကြည်ဟာစနေနေ့ကမနက်ကမြိတ်မြို့ ကိုရောက်ရှိလာပြီးစခန်းသစ်ရွာကိုသွားရောက်ဟောပြောပြီးအပြန်ပန်းဇင်ရွာအနီးမှာစက်လှေသောင်တင်မှုနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက်အသုံးပြုမယ့်ရေပေါ်ရှပ်ပြေးရေယာဉ်တွေကို ငှားရမ်းလို့ မရတဲ့ အတွက်စက်လှေနဲ့သွားခဲ့ရာမှာညနေ၅နာရီခွဲခန့် ကနေည၈နာရီခွဲလောက်ထိသောင်တင်နေခဲ့တာလို့ အဆိုပါသတင်းထောက်ကပြောပါတယ်။
' သောင်တင်တာကတော့ သဘာဝ ရေတက်ရေကျကြောင့်တင်တာပါ။ ရှပ်ပြေးယာဉ်နဲ့  ဆိုအဲ သလိုမဖြစ်ဘူး။ စက်လှေနဲ့ မို့ ဖြစ်ရတာ ။ စက်လှေက (၃) နာရီမောင်းတဲ့ခရီးဆို ရှပ်ပြေးက (၁)နာ ရီပဲမောင်းတယ် ။ ပထမစီစဉ်ထားတဲ့ရှပ်ပြေးက ခန့် ခန့်ညားညားသက်သောင့်သက်သာရှိတယ
ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာမြိတ်မြို့ကမ်းခြေကိုပြီးခဲ့တဲ့ည၁၀နာရီ လောက်မှာနြေ်လည် ရောက်၇ှိခဲ့ပြီး ထောင်ပေါင်းများစွာသော မြို့ ခံတွေက ကမ်းခြေမှာစောင့်ကြိုကာ တညလုံး နီးပါး ကားတွေဆိုင်ကယ်တွေနဲ့ တေးသီချင်းတွေဖွင့်ကာ လှည့်လည်နေခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးပန်းလာပြီး ကျန်းမာရေး မကောင်းတာကြောင့် မြိတ်မြို့ က ပါတီဝင် တဦးရဲ့ နေအိမ်မှာတည်းခိုရင်း ဆေးကုသမှုခံယူနေရပါတယ်။ ကျွန်းစု၇ွာသွားရောက်ဟောပြောမယ်
No comments:
Post a Comment