မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ၊ ကံကြီးကုန်းကျေးရွာရှိ
မြေယာကိစ္စတွင် နစ်နာသူများရှိပါက စီစစ်၍ ပြန် လည်နေရာ ချထား
ပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်က ကျေးရွာရှိ မကွေးဘုန်းကြီး
ကျောင်းတွင် လူထုအား အသိပေးပြောကြားခဲ့သည်။
“အကွက်ရိုက်၊ လမ်းဖောက်လျှပ်စစ်မီးတွေ ရအောင်လုပ်ပေးပြီးတော့မှ အမှန်တကယ်ပိုင်ဆိုင်ခွင့်ရှိသူ၊ ပိုင်ဆိုင်ခွင့် အထောက်အ ထားကိုလည်း ဂရန်တွေနဲ့ ဆက်လက်ထုတ်ပေးဆောင်ရွက်သွား မှာ ဖြစ်ပါတယ်”ဟု မြို့တော်ဝန်က ပြော ကြားခဲ့ခြင်းဖြစ်သည်။
အမှန်တကယ်နစ်နာသူများအတွက် စီစဉ်ပေးမည်ဖြစ်သလို ပိုင်ဆိုင်မှုမရှိပဲ ဆက်လက်နေထိုင်မည် ဆိုပါက အရေးယူခံရ မည်ဖြစ် ကြောင်း အလေးအနက်သတိပေး ပြောကြားခဲ့ကြောင်းကိုလည်း သိရှိ ရသည်။
ယခုလို တရားမ၀င်နေထိုင်သူများကို နှင်ထုတ်ခဲ့ခြင်းကြောင့် အဆိုပါကံကြီးကုန်းအနီးရှိကျောင်း တွင် နေထိုင်နေသည့် ကျောင်းနေ အရွယ်ကလေးငယ်များ ကျောင်းမတက်နိုင်၍ (၄)ရက်တိတိ ပိတ်ထားခဲ့ရကြောင်းကို ကျောင်းဆရာမ တစ်ဦးက မြို့တော်ဝန်ကို တင်ပြပြောကြားခဲ့သည်။

“ကျောင်းက ဘကကျောင်းပါ၊ ဘကကျောင်းဖြစ်တဲ့အတွက် အတန်းကျောင်းမှာ မနေနိုင်တဲ့ ကလေးတွေအများကြီး ပါပါတယ်။ နောင်တစ်ချိန်မှာ ဒီကလေးတွေက စစ်ဗိုလ်ကြီးတွေ အင်ဂျင်နီယာကြီးတွေ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး၊ အခုပညာရေးတွေ နှောင့်နှေးကုန်ပါပြီ အဖိတ်ဥပုသ်ပါပေါင်းရင် ကျောင်း(၄)ရက်ပိတ်ထားရပါပြီ”ဟု ဘကကျောင်း ဆရာမ ဖြစ်သူက မြို့တော်ဝန်ထံ တင်ပြသည်။
အဆိုပါ မြေကွက်များမှာ ၂၀၀၈ခုနှစ်ကတည်းက အရောင်းအ၀ယ်များဖြစ်လျှက်ရှိကြောင်း သိရပြီး ထိထိရောက်ရောက် မတားမြစ် ခဲ့၍သာ အရောင်းအ၀ယ်များ ဆက်လက်ဖြစ်နေခဲ့ ခြင်း ဖြစ်ကြောင်း ကိုလည်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာမက ဆိုသည်။
ထို့အပြင် နိုင်ငံတော်သမ္မတကြီး၏ ဆင်းရဲသားပပျောက်ရေးစီမံကိန်းကိုလည်း ပြန်လည်စဉ်းစားသင့် ကြောင်း ယခုကဲ့သို အကြံပြုခဲ့ သည်ကို သိရှိရသည်။
“ပြည်သူလူထုကို သူတို့က ပြောပါတယ်၊ ဆင်းရဲသားပပျောက်ရေးတဲ့ ၊ ခုဟာက ဆင်းရဲသားတွေက ဘာဖြစ်နေလဲ ဆိုတော့ မြောင်း ထဲရောက်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။
အဆိုပါကံကြီးကုန်းတွင် အိမ်မြေ၀ယ်ယူထားသူအချို့၏ စာချုပ်များတွင် အိမ်နံပါတ်များ ရရှိနေခြင်း၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများက အရောင်းအ၀ယ် စာချုပ်တွင်လက်မှတ်ရေးထိုး ပေးထားခြင်းများကို လည်း စီစစ်၍ အရေးယူပေးမည် ဖြစ်ကြောင်း မြို့တော်ဝန် ဦးအောင်မောင်းက ပြောကြားခဲ့သေးသည်။
No comments:
Post a Comment