Thursday, September 27, 2012

အမေစုစီးတဲ့ အမေရိက ကားရှိသမျှ အချိန်တိုင်းလိုလို လုံခြုံရေး အပြည့်နဲ့


BBCbbc
သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာသွားတာ ဖြစ်ပါတယ်။ အမေရိကန် ထောက်လှမ်းရေး လုံခြုံရေး အဖွဲ့ Secret Service ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန် ဂရုစိုက်ပါတယ်။ သူတို့ လုပ်ထုံး လုပ်နည်း အတိုင်း တသွေ မတိမ်း ဆောင်ရွက်ပါတယ်။ သမ္မတ ရုံးဝန်ကြီး ဦးစိုးသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဆင်းတွေ့၊ ကြိုဆိုဖို့ လုပ်တာ ကိုတောင် ခွင့်မပြုပါဘူး။





ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ နာရီဝက် စောပြီး ဟိုတယ်ကို ရောက်လာတာမှာ
ဒေါ်အောင်ဆန်းစုကြည်ကို အခန်း တခုထဲမှာ အနားယူနေစေပြီး သတ်မှတ် အချိန်ရောက်မှ သမ္မတ အခန်းရှေ့ကို လုံခြုံရေး အထပ်ထပ် အသင့်ပြင်ပြီးမှ ခေါ်ယူလာပါတယ်၊ အပြန်မှာလည်း လုံခြုံရေး အဆင့်ဆင့်နဲ့ ခေါ်ထုတ် သွားပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့အတူ ပါလာတဲ့ ၀န်ကြီးတွေ၊ အရာရှိကြီးတွေ၊ လုံခြုံရေး အရာရှိကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေး ဌာနဘက်က တာဝန်ယူ ထားသူတွေကမှ မြန်မာ မီဒီယာတွေကို ပိုပြီး ဖော်ရွေ ခင်မင်နေတာ တွေ့ရပါတယ်။
DD_ssaa
ကျည်ကာမှန် ကားကြီးစီးလို့ အမေဒေါ်စု နယူးယောက်ကို ပြန်လာခဲ့တယ်။
from - ရွေဟင်္သာ

No comments:

Post a Comment

My Blog List