Saturday, September 29, 2012

နွေရာသီ ရန်ကုန်မီးမပျက်ရန် ဂျပန်ကူမည် -



နွေရာသီ ရန်ကုန်မြို့လျှပ်စစ်မီး မပျက်စေရေး အတွက်ဂျပန်နိင်ငံမှ ကူညီမည်ဖြစ်၍ ယခုနှစ်ကုန်မှစ ကြုံတွေ့ရတော့မည် မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးကပြောသည်။
"ဂျပန်က မီးစက်၁၃လုံး ပေးသွားမယ်လို့ သဘောတူထားပြီးဖြစ်တယ်။မီးစက် တလုံးကို လျှပ်စစ်ဗို့အား ၄၀၀ ထွက်ရှိနိင်၍ ပြည်တွင်းတွင် အသုံးပြုနေသော ထရန်စဖော်မာ တစ်လုံး၏ လျှပ်စစ်ထွက်ရှိမှုထက်၂ဆ နီးပါးပိုထွက်မည် ဖြစ်ကြောင်း၊ မီးစက်တလုံး၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၁၀ သန်းခန့် ရှိကြောင်း၊ အဆိုပါ မီးစက်များကို ရန်ကုန်တိုင်း ဒေသကြီးတစ်ခုထဲအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။ မီးစက်များကို လှော်ကား၊ သာကေတ၊အင်းစိန် ၊ ရွာမနှင့် အလုံစသည့် သဘာဝဓါတ်ငွေ့ စက်ရုံများတွင် ထားရှိသွားမည်ဟု သိရသည်။

No comments:

Post a Comment

My Blog List