Friday, September 28, 2012

အရေးယူမှ စည်းကမ်းရှိတတ်တဲ့ မြန်မာလူမျိုးများ ဗျောက်အိုးဖောက်ခြင်းကို တားမြစ်သူမရှိ၍ ပိုမိုရဲတင်းစွာပြုလုပ်လာကြ




ဗျောက်အိုး နှင့် မီးရှူးမီးပန်းများကို ရောင်းဝယ်ဖောက်ကားခြင်း နှင့် ပစ်ဖောက်ခြင်းများကို ဥပဒေမှတားမြစ်ထားသော်လည်း ရောင်းဝယ်ဖောက်ကားသူများကေ၇ာင်းဝယ်နေကြပြီး ဗျောက်အိုးဖောက်နေ  သူများလည်းပိုမိုများပြား လာသ ဖြင့်အေးချမ်းစွာနေထိုင်သော ပြည်သူများထိတ်လန့်ခြင်း ၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်းများဖြစ်ပွားလျက်ရှိကြောင်းသိရသည်။ ဗျောက်အိုး နှင့် မီးရှူးမီးပန်းပစ်ဖောက်သူများ တနေ့ထက်တနေ့များပြားလာသည်မှာ တစ်လနီးပါးခန့်ရှိပြီးဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ အဆိုပါ စည်းကမ်းမဲ့ ဗျောက်အိုးဖောက်သူများအား ဥပဒေနှင့် အညီတားဆီးခြင်းမရှိ ၍ပိုမိုအတင့်ရဲစွာပြုလုပ်လာခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများမှ Hot News Journal သို့ပြောကြားသည်။ “ကျွန်တော်တို့သူငယ်ချင်းတစ်စု မော်လမြိုင်ကိုသွားတော့ ကမ်းနားလမ်း နဲ့ တော်ပေါ်တန်းလမ်းတွေမှာ ည (၇) နာရီလောက်ကစပြီးဗျောက်အိုးဖောက်တဲ့လူ အတော်များများကိုတွေ့ရတယ်။ ဗျောက်အိုးကိုလူတွေ အနားထိရောက်အောင်ပစ်ထည့်ပြီး ပေါက်ကွဲသံကြောင့် လန့်ပြီးအော်ဟစ်ကြတဲ့ သူတွေကိုကြည့်ပြီး သဘောကျနေကြတယ်။ ကျွန်တော်တို့အရှေ့က ဆိုင်ကယ်စီးသွားတဲ့ ကောင်မလေးနှစ်ယောက်ရဲ့ ဆိုင်ကယ်အောက်နားထိ အဲဒီလူတွေက ဗျောက်အိုးကိုပစ်ထည့်လိုက်တယ်။ “ဖျောင်း´´ဆိုတဲ့အသံလည်းကြားရော…အဲဒီကောင်မလေး နှစ်ယောက် လန့်ပြီးဆိုင်ကယ်မှောက်သွားတာ ဒူးတွေပြဲ ၊ တံတောင်ဆစ်တွေလဲ ကွဲသွားတယ်.. အဲဒီ ဗျောက်အိုးဖောက်တဲ့ သူတွေကို ကျွန်တော်တို့ လိုက်ဖမ်းတော့ ဒီကောင်တွေ ထွက်ပြေးသွားတယ်။ နှလုံးရောဂါရှိတဲ့သူသာဆို…. အဲဒီမှာတင်သေသွားနိုင်တယ်။ အများပြည်သူတွေကို အထိတ်အလန့်ဖြစ်စေတဲ့ ဗျောက်အိုးဖောက်သူတွေကို တာဝန်ရှိသူတွေ ကထိရောက်စွာအရေးယူသင့်တယ်။ စောင့်ဖမ်းသင့်တယ်။´´ဟုကိုရန်နိုင်လင်း နှင့် သူငယ်ချင်းများမှ ပြောသည်။ ဗျောက်အိုးသံကြောင့်ထိတ်လန့်သွားသူများအား ဟားတိုက်ရယ်မောခြင်း ၊ လှောင်ပြောင်သရော်ခြင်းများလည်းရှိနေ ကြရာမြန်မာ့ယဉ်ကျေးမှုကိုချိုးဖောက်မှုဖြစ်လာကြောင်းတွေ့ရသည်။ မော်လမြိုင်မြို့ရှိ ကမ်းနားလမ်းနှင့် တော်ပေါ်တန်းလမ်းများသာမကပဲ ရပ်ကွက်များအတွင်း၌ လည်း ဗျောက်အိုးသံများ မီးရှူးမီးပန်းများဖြင့်ဆူညံနေပြီး၎င်းတို့မှ ထွက်လာသော ယမ်းနံ့များကြောင့် ပြည်သူများ၏ ကျန်းမာရေးကိုထိခိုက်စေနိုင်ခြင်းတို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဗျောက်အိုးဖောက်သူများ နှင့် ရောင်းချသူများကို အမြန်ဆုံးရှင်းလင်းဖယ်ရှား အရေးယူသင့်ကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ စုံစမ်းသိရှိရသည်။

  Myanmar Express  

No comments:

Post a Comment

My Blog List