Thursday, September 27, 2012

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးမှာ ရန်ကုန်မြို့တွင် ယိမ်းယိုင်နေပြီး မန္တလေးမြို့တွင် ပြိုကျသွားပြီဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင်က ပြောကြား


 
မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးမှာ ရန်ကုန်မြို့တွင် ယိမ်း ယိုင်နေပြီး မန္တလေးမြို့တွင် ပြိုကျ သွားပြီဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင် ဦးသိန်းညွန့်က ရန်ကုန်တိုင်းဒေသ ကြီး အရှေ့ပိုင်းခရိုင် တရားရုံးရှေ့ တွင သတင်းမီဒီယာများကို ပြော ကြားခဲ့သည်။
ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီမှ ကော်မတီဝင် ၅ ဦးသည် တရားရေးအဖွဲ့အစည်း များမှ တရားဥပဒေနှင့်အညီ နေထိုင် ပြုမှု ဆောင်ရွက်ရေးအတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်းနှင့် ထိန်းညှိ ကူညီခြင်းများ ပြုလုပ်ရန်အတွက် တရားရုံး သုံးရုံးသို့ သွားရောက်စဉ် အရှေ့ပိုင်းခရိုင် တရားရုံးရှေ့တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ကျွန်တော်ရဲ့ ကျန်သေးတဲ့ လွှတ်တော်သက်တမ်း သုံးနှစ်မှာ တရားရေး မဏ္ဍိုင်ကိုပြန်ပြီး တည့် မတ်ဖို့ ကျွန်တော်ကြိုးစားမယ်။ တိုင်း ပြည်မှာ တရားတာကို မတရားလုပ်ရင်၊ မတရားတာကို တရားအောင်လုပ် ရင် ဒီပြည်ပျက်မှာပဲ။ ဒါကျွန်တော် ပြောတာ မဟုတ်ပါဘူး။ တရားသူ ကြီးချုပ်ဖြစ်ခဲ့တဲ့ ဒေါက်တာဦးသိမ်း မောင်ပြောခဲ့တာ''ဟု ဦးသိန်းညွန့် က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် တရားရုံးသို့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ လွှတ်တော်ကိုယ်စား လှယ်များ ရောက်ရှိချိန်တွင် ပြည်သူ့ အချို့ကလည်း တရားရေးနှင့် ဥပဒေ ရေးဘက်မှ ဝန်ထမ်းအချို့ လာဘ် ယူမှုများကို လူကိုယ်တိုင် တိုင်ကြား စာများ လာရောက် ပေးအပ်မှုများ ပြုလုပ်ခဲ့သည်။
တရားစီရင်ရေး နယ်ပယ်သို့ အုပ်ချုပ်ရေးနယ်ပယ်မှ ဆက်စပ်မှု များ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ ဦးသိန်းညွန့်က ''ဒီမိုကရေစီ ကူး ပြောင်းရေးကာလမှာ တချို့တော့ ရှိမှာပဲ။ အဲဒါကို ဥပဒေနဲ့အညီ လွတ် လပ်စွာ တရားစီရင်ရေး ဖြစ်လာ အောင် ကျွန်တော်တို့ အားပေးမယ်။ အုပ်ချုပ်ရေးအာဏာပိုင်ရဲ့ သြဇာနဲ့ ကင်းလွတ်ဖို့အတွက် ကျွန်တော်တို့ က ဥပဒေတွေ ပြဋ္ဌာန်းပေးရမယ်'' ဟု ပြောသည်။
တရားဥပဒေစိုးမိုးရးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီမှ လွှတ် တော်ကိုယ်စားလှယ် ၅ ဦးသည် တာမွေမြို့နယ်တရားရုံး၊ ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်တရားရုံးနှင့် ရန်ကုန် တိုင်းဒေသကြီးတရားရုံးတို့ကို သွား ရောက်လေ့လာခဲ့ကြောင်း သိရသည်။

from - Messenger News Journal

No comments:

Post a Comment

My Blog List