Saturday, September 29, 2012

ချူလာလောင် ကွန်တက္ကသိုလ် မှာ မြန်မာ့အေ ရး ဘာတွေ ဆွေးနွေး

 
မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်တက်လာပြီး နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်လာချိန်မှာ မြန်မာ့အရေးဟာ အိမ်နီးချင်းနိုင်ငံများ အတွက်ရော၊ နိုင်ငံတကာ အတွက်ပါ စိတ်ဝင်စားစရာဖြစ်နေ တဲ့အတွက် မကြာခဏ မြန်မာ့အရေး ဆွေးနွေးပွဲတွေ လုပ်လာတာ ခပ်စိပ်စိပ် ဖြစ်နေပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန် တက္ကသိုလ်မှာ လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က Burma /Myanmar’s Transition: Political Progress and Economic Reforms ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာ့ အရေး ဆွေးနွေးပွဲ တရပ် ကို အပိုင်း ၂ ပိုင်း ခွဲကာ စတင်ခဲ့ပါတယ်။
နံနက်ပိုင်း ဆွေးနွေးပွဲ အပိုင်း ၁ မှာ Political Progress in Burma/Myanmar ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ မဂ္ဂဇင်းရဲ့ အယ်ဒီတာ ဦးအောင်ဇော်နဲ့ ဥရောပ သမဂ္ဂရဲ့ သံအမတ်ကြီး Mr. David Lipman နဲ့ ထိုင်းနိုင် ငံThe Nation သတင်းစာကြီးရဲ့ ပင်တိုင် ဆောင်းပါးရှင် Mr. Kavi Chongkittavorn တို့က ဦးဆောင်
ဆွေးနွေး ခဲ့ကြပါတယ်။
ဧရာဝတီ မဂ္ဂဇင်းက အယ်ဒီတာ ဦးအောင်ဇော်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းဟာ အရင်ကနဲ့ မတူ ကွဲပြားနေပြီဖြစ်ကြောင်း လတ်တလော အမေရိကန်ကို ရောက်နေကြတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခရီးစဉ်ဟာ မြန်မာ- အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေးမှာ အရေးပါတဲ့ ခြေလှမ်း တရပ်ဖြစ်သလို ဒီမိုကရေစီ အသွင်းကူးပြောင်းရေးမှာလည်း အရေးကြီးကြောင်း၊ အသွင်ကူးပြောင်းရေးကာလ တခုကို ဖြတ်သန်း နေရတဲ့ မြန်မာအနေနဲ့ လွယ်လွယ် ကူကူဖြတ်သန်းနေ ရတာ မဟုတ်ကြောင်း၊ အခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေ ကြရအုံးမှာဖြစ်တဲ့ အကြောင်း၊ အချိန်ကြာမြင့်နိုင်ကြောင်း စတာတွေလည်း ပြောခဲ့ပါတယ်။
ဒီအပြင် လက်ရှိမြန်မာပြည်တွင်းက နိုင်ငံရေး အခင်းအကျင်းမှာလည်း ပါလီမန်မှာ တိုင်းရင်းသား ကိုယ်စား လှယ်တွေ က အားနည်းနေ သေးတာ၊ NLD လိုပါတီကြီးအနေနဲ့လည်း လွှတ်တော်မှာ ၆ ရာခိုင်နှုန်းပဲ ရှိနေသေးပြီး စစ်တပ်ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်းရှိနေတာ၊ လူထုအခြေပြု လူ့အဖွဲ့အစည်း အားကောင်းအောင်လုပ်ဆောင်ဖို့ လိုအပ်နေသေးတာ၊ တရားဥပဒေ စိုးမိုးရေးအားကောင်းဖို့နဲ့ အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်တွေဟာ လက်တွေ့ အောက်ခြေအထိ သက်ရောက်မှု မရှိသေးတာ၊ မြန်မာပြည် သူပြည်သားတွေရဲ့ စားဝတ်နေရေး အဆင်မပြေသေးတာတွေ၊ နိုင်ငံရဲ့ အခြေခံ အဆောက်အဦတွေ တည်ဆောက်ဖို့ လိုအပ်နေသေးတာတွေ စသဖြင့် ပြောဆိုဆွေးနွေးသွားခဲ့ပါတယ်။
ဥရောပ သံအမတ်ကြီး Mr. David Lipman ကလည်း မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး ဥရောပ သမဂ္ဂအနေနဲ့ တလျှောက်လုံး အနီးကပ် စောင့်ကြည့်နေခဲ့ပြီး မြန်မာ့အပြောင်းအလဲကို အစောဆုံး အသိအမှတ်ပြုခဲ့ကြောင်း၊ လာမယ့် နိုဝင်ဘာလမှာ ရန်ကုန်မှာ EU က ဦးဆောင်ကျင်းပမယ့် ဒီမိုကရေစီရေး လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေး ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ လုပ်ရန် အစီအစဉ်ရှိကြောင်း၊ အဆိုပါပွဲ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မှာဖြစ်သလို အီးယူ ဥက္ကဌ လည်း တက်ရောက် မှာဖြစ် ကြောင်း ပြောသွားခဲ့ပါတယ်။
The Nation ရဲ့ ပင်တိုင်ဆောင်းပါးရှင် Mr. Kavi Chongkittavorn က မြန်မာပြည်ရဲ့ အပြောင်းအလဲက အရမ်းမြန်ကြောင်း၊ အိမ်နီး ချင်း နိုင်ငံများကပါ အံ့သြသင့်ကြောင်း၊ မြန်မာနိုင်ငံက သတင်းစာ လွတ်လပ်ခွင့် နဲ့ လူ့အခွင့်အရေး ကိစ္စတွေကို နိုင်ငံတကာ စံနှုန်း တွေနဲ့အညီ လုပ်မယ်ဆိုရင် ဒေသတွင်းက နိုင်ငံတွေ ကို မြန်မာက ကျော်လွှားသွားမည်ဖြစ်ကြောင်းလည်း ဆွေးနွေးသွားခဲ့ပါတယ်။
နေ့လယ်ပိုင်း ဆွေးနွေးပွဲ အပိုင်း ၂ မှာ Economic Reforms in Burma/Myanmar ဆိုတဲ့ ခေါင်းစဉ်နဲ့ IDE-JETRO က ၀ါရင့် သုတေသီ မစ္စတာ Toshihiro Kudo၊ ကမ္ဘာဘဏ် ထိုင်းနိုင်ငံကိုယ်စားလှယ် (World Bank Thailand) Ms. Amnette Dixon နဲ့ BRC-JETRO က Mr. Koji Kubo တို့က ဆွေးနွေးခဲ့ကြပါတယ်။
ဂျပန် ပညာရှင်များရဲ့ဆွေးနွေးချက်များမှာတော့ မြန်မာ့စီးပွားရေးမှာ ခရိုနီတွေကိုပဲ ကျောထောက်နောက် ခံပြုနေ အုံးမယ်ဆိုရင် နိုင်ငံ စီးပွားရေး ဦးမော့ဖို့ မလွယ်ကူနိုင်သေးကြောင်း၊ ထားဝယ်ဆိပ်ကမ်းစီမံကိန်းကို စိတ်ဝင်စားသည့် ပြောဆိုဆွေးနွေးမှုများလုပ်ခဲ့ပြီး ရန်ကုန်နဲ့ မန္တလေးကို ဗဟိုချက်ထားပြီး စီးပွားရေး ဇုံများ အဖြစ် အခြေဆိုက်ကာလုပ်ဆောင်သွားပါက မြန်မာစီးပွားရေးဟာ တိုးတက် ဖွံ့ဖြိုးမှု အရှိန် ရနိုင်ကြောင်း ဆွေးနွေး သွားခဲ့ပါတယ်။
မြန်မာဟာ တချိန်က ဒေသတွင်းမှာလည်း စီးပွားရေး အားကောင်းခဲ့သလို အခြေခံ အဆောက်အဦတွေ အားကောင်းလာတာနဲ့အမျှ မြန်မာ့စီးပွားရေး ဟာ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ လာအိုတို့ ကမ္ဘောဒီးယား စတာ တွေထက် ရေတိုအတွင်းမှာ မြင့်မားသွားနိုင် ကြောင်း၊ မြန်မာဟာ ပထ၀ီအနေအထားအရ စီးပွားရေး ဆုံမှတ် ကောင်းများနဲ့ သယံဇာတ ပေါကြွယ်ဝတဲ့အတွက် စီးပွားရေး ပြန် လည် ဦးမော့ဖို့ အလားအလာ တွေ ကောင်းကြောင်း စသဖြင့် ဆွေးနွေးသွားခဲ့ကြ ပါတယ်။

No comments:

Post a Comment

My Blog List