Thursday, September 27, 2012

နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် လွတ်ရန် ကျန်သေး

နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် လွတ်ရန် ကျန်သေး

မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်များ အတွင်း၌ နိုင်ငံရေးအကျဉ်းသား ၃၁၁ ဦး လွတ်မြောက်ရန် ကျန်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ထားသည်။ ယင်း လွတ်မြောက်ရန် ကျန်ရှိ နိုင်ငံရေးအကျဉ်းသား စာရင်း၌ သံဃာတော်များ၊ NLD အဖွဲ့ဝင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ ၊ ABSDF အဖွဲ့ဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ အစရှိသည်တို့ပါဝင်ကြောင်း တွေ့ရသည်။ စက်တင်ဘာ ၁၇ ရက်က သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွှတ်ပေးသည့် အကျဉ်းသား ၅၁၄ ဦးတွင် နိုင်ငံရေး အကျဉ်းသား ၈၈ ဦးပါဝင်ကြောင်းလည်း AAPP က ထုတ်ပြန် ထားသည်။
from - အတ္တကင်းစင် ဒီမိုကရေစီ လွင်ပြင် 

No comments:

Post a Comment

My Blog List