Friday, September 28, 2012

မြန်မာခေါင်းဆောင်တွေကို ဘန်ကီမွန်းချီးမွမ်း


နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ် (Credit: Reuters)
Radio Australia , 27September 2012  —-   မြန်မာနိုင်ငံက ​ခေါင်းဆောင်တွေဟာ ​ ဒီမိုကရေစီထွန်းကားတဲ့လမ်းဆီကိုဦးတည်နေပြီးပြန်လည်စည်းလုံးရေးကိုကြိုးပမ်းနေတာတွေဟာ ​သတ္တိနဲ့ ​ဆုံးဖြတ်ချက်ခိုင်မာမှုရှိတာကိုပြတယ်လို့ ​ကုလသမဂ္ဂ ​အထွေထွေအတွင်းရေးမှူးချုပ် ​ဘန်ကီးမွန်းက ​ညီလာခံဖွင့်ပွဲမိန့်ခွန်းမှာ ​ပြောကြားခဲ့ပါတယ်။

တချိန်ထဲမှာပဲ ​မြန်မာနိုင်ငံရဲ့စီးပွားရေး ​ပြုပြင်ပြောင်းလဲမှုနဲ့ ​တိုင်းရင်းသားရေးရာတွေကို ​ကိုင်တွယ်ဖြေရှင်းဖို့ ​လိုအပ်နေသေးတယ်လို့ပြောသွားပါတယ်။
ကုလသမဂ္ဂ ​အထွေထွေအတွင်းရေးမှူးချုပ် ​က ​ကမ္ဘာကြီးဟာ ​ပဋိပက္ခတွေ ​အပြောင်းအလဲတွေ ​အသွင်းပြောင်းလဲခြင်းတွေ ​မြှောက်များစွာနဲ့ ​ရင်ဆိုင်နေရချိန်ဖြစ်တယ်လို့ ​ဆိုပါတယ်။
ဘန်ကီမွန်းက ​မိန့်ခွန်းထဲမှာ ​ခေါင်းဆောင်ဆိုတာ ​မိမိတို့အသံကို ​အသုံးချပြီး ​တင်းမာမှုတွေကို ​မြှင့်တင်ရမည့်အစား ​လျှော့ကျသွားအောင်ကြိုးပမ်းရမျာဖြစ်တယ်လို့ဆိုပါတယ်။ ​ကမ္ဘာလူသားတွေဟာ ​မိသားစုတစုသာဖြစ်တဲ့အတွက် ​ကမ္ဘာပေါ်မှာ ​ပူလောင်နေတဲ့ ​နေရာတွေနဲ့ပတ်သက်ပြီး ​သတိပေးလိုတယ်လို့ဆိုပါတယ်။
အဓိကအားဖြင့် ​စီးရီးယား ​နဲ့ ​ပါလစ္စတိုင်း ​နှစ်နိုင်ငံကြား ​ဖြေရှင်းဖို့လိုအပ်တဲ့အကြောင်း။ ​အစ္စရေး ​နဲ့ ​အီရန် ​နှစ်နိုင်ငံတို့ကနေသုံးနှုန်းတဲ့စကားတွေထဲမှာ ​စစ်ရေးအရအရေးယူဆောင်ရွက်မယ်ဆိုတဲ့ ​ချိန်းခြောက်ပြော ​ဆိုသံတွေလျော့ပေါ့သုံးနှုန်းဖို့အတွက်နဲ့ ​မြောက်ကိုးရီးယားနိုင်ငံက ​နျူးကလီးယားလက်နက်တိုးချဲ့ရေးအစီအစဉ်တွေကို ​စိုးရိမ်ပူပန်တဲ့အကြောင်းတွေပြောသွားပါတယ်။
အီရန်နိုင်ငံမှာ ​ပြုလုပ်နေတဲ့ ​နျူးကလီးယား ​အစီအစဉ်ဟာ ​ငြိမ်းချမ်းရေးအတွက်ဆိုတာ ​အထောက်အထားပြဖို့လိုအပ်တဲ့အကြောင်း ​မြောက်ကိုးရီးယား ​နိုင်ငံကိုလည်း ​ကိုးရီးယားကျွန်းဆွယ်တ၀ိုက်မှာ ​နျူးကလီးယား ​လက်နက်ကင်းလွတ်တဲ့ဒေသဖြစ်အောင် ​ဆောင်ရွက်ဖို့၊ ​ကုလသမဂ္ဂလုံခြုံရေးအဖွဲ့ဆုံးဖြတ်ချက်ကို ​ချက်ချင်းလက်ငင်းအပြည့်အ၀လက်ခံဖို့ပြော ​သွားပါတယ်။

No comments:

Post a Comment

My Blog List