Wednesday, September 26, 2012

ထိုင်ဝမ်ငါးဖမ်းသင်္ဘောများကို ဂျပန်စစ်သင်္ဘောများ မီးသတ်ပိုက်ဖြင့် ဖြိုခွင်း

တရုတ်နဲ့ ဂျပန်အကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အရှေ့တရုတ် ပင်လယ်ထဲကို ၀င်ရောက်လာတဲ့ ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄၀ လောက်နဲ့ ကမ်းခြေစောင့်သင်္ဘော ၈ စင်းကို ပြန်လှည့်သွားအောင် ဂျပန်စစ်သင်္ဘောတွေက မီးသတ်ပိုက်တွေနဲ့  ဖြိုခွင်းခဲ့ပါတယ်။
ဂျပန်အန်အိတ်ခ်ျကေ သတင်းဌာနက စက်တင်ဘာလ ၂၅ ရက်နေ့ ထုတ်လွှင့်ပြသတဲ့ ရုပ်သံသတင်းတွေမှာတော့ ဂျပန်ကမ်းခြေစောင့်တပ်ရဲ့ သင်္ဘောတွေက ထိုင်ဝမ်သင်္ဘောတွေကို မီးသတ်ပိုက်နဲ့ ပက်ပြီးမောင်းထုတ်စဉ်မှာ ထိုင်ဝမ်ကမ်းခြေစောင့် သင်္ဘောတွေကလည်း ဂျပန်သင်္ဘောတွေကို မီးသတ်ပိုက်နဲ့ ပြန်ပက်တာကို မြင်တွေ့ရပါတယ်။
(ဓာတ်ပုံ- ရိုက်တာ)
ဂျပန်က ဆင်ကကူလို့ ခေါ်ပြီး တရုတ်က ဒိုင်အိုယူ လို့ ခေါ်တဲ့ အငြင်းပွားဖွယ်ရာကျွန်းတွေ ဂျပန်က ပုဂ္ဂလိကလက်က ၀ယ်မယ်လို့ ကြေညာပြီး တရုတ်က စစ်သင်္ဘောတွေ စေလွှတ်အပြီး နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွာလာချိန်မှာ ထိုင်ဝမ်က အခုလို ထပ်ပြီး သင်္ဘောတွေ စေလွှတ်ခဲ့တဲ့အတွက် ပြဿနာ ပိုရှုပ်ထွေးလာတာပါ။

ဂျပန်နဲ့ ထိုင်ဝမ်ဟာ မဟာမိတ်နိုင်ငံတွေ ဖြစ်ပေမယ့် ဒီကျွန်းနေရာတွေဟာ  ပင်လယ်ငါးပေါများတဲ့ နေရာဖြစ်တဲ့အတွက် ဒီနေရာမှာ ငါးဖမ်းမှုနဲ့ ပတ်သက်ပြီး ၂ နိုင်ငံအကြား ကာလရှည်ကြာကတည်းက ကတောက်ကဆ ဖြစ်နေတာပါ။
ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် အိုဆာမူ ဖူဂျီမူရာက ထိုင်ဝမ်သင်္ဘောတွေ လမ်းကြောင်း ပြောင်းသွားအောင်သာ မီးသတ်ပိုက်တွေ အသုံးပြုခဲ့တာဖြစ်ပြီး ခုလို ဆန်ကကုကျွန်း ပတ်ဝန်းကျင်ကို သင်္ဘောတွေ ၀င်လာတာနဲ့ ပတ်သက်ပြီး ထိုင်ဝမ်အစိုးရကို တရားဝင်ကန့်ကွက်ထားတယ်လို့ ပြောပါတယ်။
ထိုင်ဝမ်ငါးဖမ်းသင်္ဘောတွေနဲ့ ကမ်းခြေစောင့်သင်္ဘောတွေဟာ ကျွန်းတွေ ဘက်ကနေ ပြန်လှည့်လာပြီး ညပိုင်းမှာ ထိုင်ဝမ်ဆိပ်ကမ်းကို ပြန်လည်ရောက်ရှိ လာပါတယ်။
ထိုင်ဝမ်ငါးဖမ်းအသင်းက ဥက္ကဋ္ဌ ချန်ချွမ်ဆန်းက “ဒိုင်အိုယူကျွန်းတွေဘက်မှာ မုတ်သုံလေ အရမ်းကြမ်းနေပါတယ်။ ဂျပန် ကမ်းခြေစောင့်တပ်က ကျနော်တို့ကို  ၅ ခါ ၆ ခါလောက် ရေနဲ့ဖြန်းခဲ့ပေမယ့် ထွက်မပြေးခဲ့ပါဘူး။ ကျနော်တို့ စိတ်လိုက်မာန်ပါ မတုံ့ပြန်ခဲ့ပါဘူး။ ပရိယာယ်သုံးပြီး ပြန်တုံ့ပြန်ခဲ့ပါတယ်” လို့ ပြောပါတယ်။
ထိုင်ဝမ်သင်္ဘောတွေအားလုံး ကျွန်းဘက်မှာ မကျန်တော့ဘူးလို့လည်း ဆိုပါတယ်။ ဒါပေမယ့် ထိုင်ဝမ်မီဒီယာတွေမှာတော့  ထိုင်ဝမ်သင်္ဘောတွေ အဲဒီကျွန်းတွေဘက်ကို မကြာခင်မှာ နောက်ထပ်သွားဖို့ ရှိတယ်လို့ ထုတ်လွှင့်သွားပါတယ်။

No comments:

Post a Comment

My Blog List