Thursday, September 27, 2012

စစ်တွေတွင် တပ်မတော်သားတစ်ဦးက ဘင်္ဂါလီအမျိုးသားတစ်ဦးအားဈေးသို့ခေါ်ဆောင်လာရာမှ ရိုက်နှက်မှုဖြစ်ပွား

ခလရ ၅၄၀ မှ တပ်သားတစ်ဦး ဆိုသူက ခေါ်ဆောင်လာသော ဘင်္ဂါလီ အမျိုးသားတစ်ဦးကို စစ်တွမြို့မဈေး အပြင် ဖက်ရှိ ဒေသခံ ရခိုင်တိုင်းရင်းသားတို့က ၀ိုင်းဝန်းရိုက်နှက်မှုတစ်ခုကို စက်တင်ဘာ ၂၆ ရက် နေ့နေ့ လည်ပိုင်း က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
'' စဖြစ်တာတော့ ဈေးထဲ အ၀င်မခံ တာက စတာပဲ။ ဒါနဲ့ ဈေးအပြင်ဖက် မှာ ၀ိုင်းရိုက်ကြတာ'' ဟုစစ်တွမြို့မ
ဈေးရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။
အဖြစ်အပျက်အား သက်ဆိုင်ရာမှ အချိန်မီ လာရောက်ထိမ်းသိမ်းခဲ့ကြောင်းမျက်မြင်သက်သေတို့ ကပြော သည်။
အဆိုပါသတင်းအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးနှင့် သက်ဆိုင်ရာ ရဲစခန်းတာဝန်ရှိသူတို့ထံ ဖုန်းဖြင့် အတည်ပြုမေးမြန်းရာ အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူးမရှိကြောင်း ၄င်းတွင်ဖြေဆိုခွင့်မရှိကြောင်း ပြန်လည်
ဖြေကြားသည်။

်from - Popular Myanmar News Journal

No comments:

Post a Comment

My Blog List