Thursday, September 27, 2012

တရားဥပဒေစိုးမိုးရေးကော်မတီ အရှေ့ပိုင်းခရိုင် တရားရုံးသို့ သွားရောက်


အတွင်းရေးမှူး ဦးဝင်းမြင့် ဦးဆောင်သော လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး 
ကော်မတီမှ တာဝန်ရှိသူများသည် ဒုတိယနေ့အဖြစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်း
ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အရှေ့ပိုင်းခရိုင် တရားရုံးကို နံနက် ၁၀း၃၀ နာရီ ခန့်က သွားရောက် စစ်ဆေးရာတွင် တိုင်းတရားသူကြီးချုပ် ဦးဝင်းဆွေ၊တိုင်းဦးစီးမှူး ဒေါ်လွင်လွင်အေးကျော်၊ အရှေ့ပိုင်းခရိုင်
တရား သူကြီး ဒေါ်ချိုမာလာ၊ ခရိုင်တွဲဘက် တရားသူကြီး ဒေါ်ခင်စိုးဟန်၊ ဒုတိယခရိုင် တရားသူကြီး (၁) ဦးလှသိန်း၊ ဒုတိယခရိုင် တရားသူကြီး (၂) ဦးအောင်ဝင်း၊ ဒုတိယခရိုင်တရားသူကြီး (၃) ဒေါ်ခင်စိမ်းဝင်း၊ ဒုတိယခရိုင် တရားသူကြီး (၄) ဒေါ်ခင်စန်းဝင်း၊ ဒုတိယခရိုင် တရားသူကြီး (၅) ဦးဇော်မင်းအောင်၊ ဒုတိယခရိုင် တရားသူကြီး (၆) ဒေါ်လှမြင့်၊ ဒုတိယခရိုင် တရားသူကြီး (၇) ဒေါ်နော်အဲဂနက်၊ ဒုတိယခရိုင် တရားသူကြီး (၈) ဦးကြင်သောင်းတို့က ကြိုဆိုခဲ့ကြပြီးအချိန် နှစ်နာရီနီးပါးကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဥပဒေစိုးမိုးရေးအဖွဲ့သည် ခရိုင်ဥပဒေအဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့ပြီး တရားခွင်များ၊ ယာယီ အချုပ်ခန်းများကို ကြည့်ရှုပြီး နေ့လည် ၂း၀၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံး မှ ပြန်လည် ထွက်ခွာခဲ့ကြသည်။

( မှတ်တမ်း-ဓာတ်ပုံများ )
















from -BURMA VJ MEDIA

No comments:

Post a Comment

My Blog List