Wednesday, September 26, 2012

CHRO က မီဇိုရမ်ပြည်နယ်တွင် NGOs Consultation Meeting ပြုလုပ်

မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင်  ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း အစီအစဉ်ဖြင့် ပထမဆုံး အကြိမ် NGOs Consultation Meeting ကို စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
NGO
ယင်း Consultation Meeting ၏ အဓိကရည်ရွယ်ချက်မှာ ဒေသခံမီဇိုလူမျိုးများ နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ် မှလာသော ချင်းပြည်သူများအကြား ဆက်ဆံမှု ပိုမိုကောင်းမွန်လာစေရန် ဖြစ်ကြောင်း ချင်းလူအခွင့်အရေး ပြောရေးဆိုခွင့်ရှိသူ ပူးတေရ က ယခုလိုပြောပါတယ်။
“ အဓိကတော့ NGO အဖွဲ့အစည်းတွေပေါ့။ မြန်မာပြည်က အဖွဲ့အစည်း နှင့် Local အဖွဲ့အစည်း အချင်းချင်း ဘယ်လို ပံ့ပိုးကူညီပြီးတော့ အလုပ် လုပ်နိုင်ကြမလဲ ဆိုတဲ့ဟာ ကျနော်တို့မှာ အခက်အခဲ အမျိုးမျိုး ရှိကြတယ်၊ အဲဒီအခက်အခဲတွေကို အချင်းချင်း ပံ့ပိုးကူညီဖို့ ရည်ရွယ်တာဖြစ်ပါတယ်။”

“ ယင်းဆွေးနွေးမှုအပေါ် ကျနော့်အနေနဲ့ အားရမှုရှိတယ်။ ကျနော်တို့ မသိ နာမလည်တဲ့ ဟာတွေကို ရှင်းရှင်း လင်းလင်း သိသွားတယ်” ဟု ပါဝင်သူတဦးက ဆက်ပြောသည်။

ယင်းဆွေးနွေးပွဲတွင် မီဇိုရမ်ပြည်နယ်အတွင်း ချင်းပြည်သူ၊ ပြည်သားများ ကြုံတွေ့နေရသည့် လုပ်ငန်းပြသာနာ၊ ဘာသာရေးပြသာနာ၊ နိုင်ငံသား ကပ်ပြား (Identity Card) ပြသာနာ စသည့် အရာများကိုလည်း ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

ဤ NGOs Consultation Meeting တွင် ဒေသခံ NGO အဖွဲ့အစည်းများဖြစ်ကြသော Human Right Law Network, Mizo Zirlai Pawl (MZP), Zo Indigenous Forum,   နှင့် ခိုနှုမ်းထုန်သတင်းဌါန၊ Women League of Chin land အဖွဲ့အစည်းများမှ လူဦးရေ ၂၀ ကျော် တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment

My Blog List