မင်းပြားမြို့နယ်၊ ပန်းမြောင်းအုပ်စု၊အိုးပျဉ်တောင်ကျေးရွာတွင် လက်မချေကျေးရွာမှဘင်္ဂလီများ၏ရန်ကို စိုးရိမ်သဖြင့် အမှတ်(၅၄၀)တပ်ရင်းမှ လုံခြုံရေးတပ်သား(၇)ဦးခန့် ချထားကြောင်းသတင်း ရရှိသည်။
” ညနေ (၅) နာရီခန့်က ဗျိုင်းနက် စိုက်ခင်းအနီးမှာ
ဘင်္ဂလီလူတစ်စုကိုကျွဲကျောင်းသား တစ်ယောက်ကမြင်လို့ လန့်ပြီးပြေးလာတယ်။
ရွာသားတွေက လိုက်သွားတော့ ဘင်္ဂလီ (၇) ဦးအပြင် မလှမ်းမကမ်းက နေက်ကလိုက်ပြီး
စောင့်ကြည့်နေတဲ့ ဘင်္ဂလီ(၁၀၀)လောက်ကိုလည်း တွေ့ရတယ်။
ရွာသားတွေအင်အားနဲ့ဝိုင်းပြီး မောင်းထုတ်လိုက်တော့ အဲဒီဘင်္ဂလီတွေထွက်ပြေးသွားတယ်။
သူတို့ထွက်သွားပြီးနောက်မှာ အ၀တ်ထုတ် (၃) ထုတ်နဲ့ ဓါးတစ်လက်ကျန်ခဲ့တယ်။
စောင့်ကြည့်နေတဲ့ဘင်္ဂလီတွေလည်း ထွက်ပြေးသွားတယ်။ ” ဟုရွာသားတစ်ဦးက ပြောသည်။
အိုးပျဉ်တောင် ကျေးရွာသားများက ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်သဖြင့်
ကျေးရွာအုပ်ချုပ်ရေးမှူးမှ လုံခြုံရေစခန်းသို့
အကြောင်းကြားလိုက်ခြင်းကြောင့် လက်ရှိတွင်
အမှတ်(၅၄၀)တပ်ရင်းမှ လုံခြုံရေး တပ်သား(၇)ဦးခန့် ချထားကြောင်းသတင်း ရရှိသည်။
အသေးစိတ်ကို ကျနော်တို့ အာရ်ကန်တိုင်းမ်စ်မှ ဆက်လက်စုံစမ်းနေပါသည်။
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
8 months ago
No comments:
Post a Comment