Sunday, September 23, 2012

ကျူးကျော် သူများဝိုင်း ၀န်းဆန္ဒပြကြ သဖြင် မန်းမြို့တော်ဝန် ပိတ်မိနေခဲ့

မန္တလေးပုသိမ်ကြီးမြို့နယ်မကွေးကျောင်းတိုက်တွင်ကျူးကျော်သူများအား ယနေ့နေ့လည်
သွားရောက်တွေ့ဆုံဆွေးနွေး ခဲ့သည့် မန်းမြို့တော်ဝန်ကို ကျူးကျော်တစ်ထောင်ခန့်က
ဝန်းရံဆန္ဒပြကြသဖြင့် အဆိုပါကျောင်း တိုက်တွင် ၁နာရီခွဲကြာပိတ်မိနေခဲ့သည်။ 
၈၈မျိုးဆက်ကျောင်းသားများဝင်ရောက်ဖြေရှင်းပေးခဲ့မှုကြောင့်ညနေ၃နာရီအချိန်မှ အဆိုပါကျောင်းတိုက်မှ မြို့တော်ဝန်ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ကျူးကျော်သူများပြောင်းရွေ့ပေးရန်တွေ့ဆုံမှူတွင်ကျူးကျော်နေထိုင်သူများမှဖယ်
မပေးနိုင်ကြောင်း၊မိမိတို့သည်ဝယ်ယူနေထိုင်သူများဖြစ်ပြဲီးကျူးကျော်နေထိုင်သူများ မဟုတ်ကြောင်း၊နေစရာလည်းမရှိကြောင်းဖယ်ရှာပေးစေလိုပါက နေစရာအရင်ပေး ရန်မြို့တော်ဝန်အားပြောကြားခဲ့သည်။
 မြို့တော်ဝန်မှအဆိုပါကိစ္စသည်စဉ်းစားရဦးမည်ဖြစ်ပြီးနေစရာအစားပြန်မပေးသေးနိုင်
 သေးကြောင်း၊ကျူးကျော်သူများကိုတွေ့ဆုံရခြင်းသည်ဝယ်ယူထားသောစာချုပ်များ
ကိုကြည့်ပြီးရောင်းချသူများကိုတရားစွဲရန်နှင့်တရားစွဲလျှင်လည်းလက်ခံဆောင်ရွက်ပေး သွားမည်ဖြစ်ပြီးသတ်မှတ်ချိန်ပြည့်သွားသည့်အတွက်ဖယ်ရှားရန်ပြောကြားခဲ့သည့်
အတွက်ကျူးကျော်ရပ်ကွက်တွင်ဝယ်ယူနေထိုင်သောပြည်သူများကမကျေနပ်၍် မန်းမြို့တော်ဝန်ဦးအောင်မောင်းအားဝိုင်းဝန်းပိတ်ဆို့ ထားခြင်းဖြစ်သည်။

No comments:

Post a Comment

My Blog List