Sunday, September 23, 2012

အာဖဂန် ရှေးဟောင်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှု နယ်မြေကို ဖျက်ဆီးပြီး တရုတ်အစိုးရက ဓာတ်သတ္တု တူးဖော်

အစိုးရပိုင် တရုတ် ဓာတ်သတ္တု ရှာဖွေရေး အုပ်စု ကော်ပိုရေးရှင်း (MCC) က အာဖဂန် နစ္စတန် နိုင်ငံ အရှေပိုင်း လိုဂါ ပြည်နယ်မှာရှိတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ နီးပါးက ရှေးဟောင်း ဗုဒ္ဓယဉ်ကျေးမှု အနုပညာလက်ရာတွေ ရှိတဲ့ သမိုင်းဝင် အမွေအနှစ် ဒေသကို ဖျက်ဆီးပြီး ဓာတ်သတ္တု မိုင်း ရှာဖွေရေး လုပ် ငန်းတွေကို လုပ်ဆောင်ဖို့  စတင် နေတာကြောင့် နိုင်ငံတကာက ရှေးဟောင်း ယဉ်ကျေးမှုနဲ့  သုတေသန ပညာရှင်တွေ ၊ ဗုဒ္ဓဘာသာဝင်တွေ ၊ အာဖဂန် နစ္စတန်က မွတ်ဆလင်တွေ က ပြင်းပြင်း ထန်ထန် စတင် ကန့်ကွက် နေကြပါပြီ ဖြစ်ပါတယ်။

လိုဂါ က ရှေးဟောင်း သုတေသန နယ်မြေဟာ ဗုဒ္ဓခောတ် ပန်းချီ ပန်းပု လက်ရာ အနုပညာတွေကို အများဆုံး တွေ့ရတဲ့ နေရာဖြစ် ပြီး ၊ ကြေးခောတ်က အသုံးအဆောင် ပစ္စည်းတွေ ကိုပါ တွေ့ရှိ နိုင်တဲ့ သမိုင်း ၀င် ပိုးလမ်းမကြီး ပေါ်မှာ ရှိတဲ့ နေရာ ဖြစ်ပါတယ်။ အာဖဂန် နစ္စတန် နိုင်ငံရဲ့  မြို့တော် ကဘူးလ်မြို့ရဲ့  အရှေ့  တောင်ဘက် ၂၅ မိုင် အကွာမှာရှိတဲ့ မာစ်အိုင်နက် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဟာ ကမ္ဘာမှာ ရှေးအကျဆုံး ဗုဒ္ဓဘာသာ နယ်မြေ ဖြစ်ပါတယ်။

တရုတ် MMC ကုမ္ပဏီ က Mes Aynak မှာ သတ္တု ရှာဖွေတူးဖော် နိုင်ရေးအတွက် ကျေးရွာ ခြောက်ရွာ တောင်ကျော နှစ်ခု ၊ ရှေးဟောင် ဂူပုထိုးနဲ့ ဗုဒ္ဓဘာသာ ထွန်းကားခဲ့စဉ်က သမိုင်းဝင် ရှေးဟောင်း ဘုန်းတော် ကြီးကျောင်း တွေကိုပါ ဖျက်ဆီး ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။ အမေရိကန် North Western တက္ကသိုလ် ၊ မီဒီလ် စာနယ်ဇင်း ပညာကျောင်းက ပါမောက္ခနဲ့  မှတ်တမ်း ရုပ်ရှင် ဒါရိုက်တာလည်း ဖြစ်တဲ့ ဘရန် ဟဖ်မန်း က The Buddhas of Aynak ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်ကားကို စွန့်စား ရိုက်ကူးခဲ့ပြီး တရုတ်က ဒီဒေသမှ ရှိတဲ့ ရှေးဟောင်း ဗုဒ္ဓဘာသာ နေရာတွေကို ဖျက်ဆီးပြီး ဓာတ်သတ္တု တူးဖော်မှုဟာ သဘာဝ ပတ်ဝန်းကျင်ကိုပါ ပျက်စီးစေတယ်လို့  သူရဲ့  အိုက်နက်က ဗုဒ္ဓဇာတ်ကားထဲမှာ ထောက်ပြခဲ့ပါတယ်။

မာစ်အိုင်နက် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဟာ ကမ္ဘာမှာ ဒုတိယ အကြီးဆုံး ရှေးဟောင်း ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ် နယ်မြေ ဖြစ်ပါတယ်။ အာဖဂန် နစ္စတန် အစိုးရက တရုတ် ကုမ္ပဏီ MCC ကို နှစ် ၃၀ လုပ်ခွင့် ဒေ  ဒေါ်လာ ၃ ဘီလျှံ နဲ့  အငှားချထားတာ ဖြစ်ပါတယ်။ ကန့်ကွက်မှုတွေ ဖြစ်လာတော့ MCC ကုမ္ပဏီ က ” စာချုပ်ချုပ်ဆိုချိန်မှာ အာဖဂန် အစိုးရက ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဆိုတာ ထည့်မပြော ခဲ့ဘူးလို့ ဆို ပါတယ် “

No comments:

Post a Comment

My Blog List