Sunday, September 23, 2012

ခိုးဝင်သည့် ဘင်္ဂလားဒေရှ် များအား အိန္ဒိယတွင် ထောင်ဒဏ်နှင့်ငွေဒဏ်ချမှတ်

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်ရှိပြည်နယ်တခုဖြစ်သော (မြန်မာပြည်စစ်ကို
င်းတိုင်းနှင့်ကပ်လျက်) မဏိပူရပြည်နယ် အတွင်းသို့ ခိုးဝင်လာသောဘင်္ဂလားဒေ့ရှ်နိုင်ငံသား
(၂၂)ဦးအား အင်ဖာမြို့အရှေ့ပိုင်း တရားရုံးမှ တရားသူကြီး JudicialMagistrateက ထောင်ဒါဏ်(၂)နှစ်နှင့်
  ငွေဒါဏ်ရူပီးငွေတသောင်း ပေးဆောင်ရန် ပြီးခဲ့သည်ကြာသပတေးနေ့က ပြစ်ဒါဏ်ချမှတ်ခဲ့သည်။ 
၁၉၄၆ခုနှစ် နိုင်ငံခြားသား အက်ဥပဒေအရ ပြစ်ဒါဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒါဏ်ငွေမဆောင်နိုင်ပါ က ထောင်ဒါဏ်(၆)လ ထပ်မံကျခံရမည်ဖြစ်သည်ဟု The Hindu သတင်းတွင်ဖေါ်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရာပေါင်းများစွာတို့သည် အိန္ဒိယနိုင်ငံအတွင်းသို့ ခေါင်းင်းရွက်ဗြတ် ထိုးဈေးသည်၊ ကျပမ်းအလုပ်သမားအဖြစ်လုပ်ကိုင်ငွေရှာရန်အတွက်အိန္ဒိယနိုင်ငံအတွင်းနည်းမျိုးစုံဖြင့်ခိုးဝင်လာနေမှုကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက်ကိုတင်းကျပ်သောလုံခြုံရေးအဆင့်ထားရှိစစ်ဆေးနေရသည်။ရာပေါင်းများ စွာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များသည် မြန်မာနယ်စပ်နှင့်ကပ်လျက်ရှိသောမဏိပူရပြည်နယ်အတွင်းမှ တဆင့် ခိုးဝင်ရောက်နေမှုများပြားလာသည်။
ယခုခိုးဝင်လာသူများမှာမဏိပူရပြည်မြို့တော်  အင်ဖာအရှေ့ဖက် ထောင်ပါးခရိုင်အတွင်း
မှတဆင့်   ဖြတ်ကျော်ဝင်ရောက်လာစဉ် Serou မြို့ ရဲတပ်ဖွဲ့မှ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
ခိုးဝင်လာသောဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအရေးကိစ္စသည် မကြာခင်ကာလအတွင်း
ကြီးမားသောအရေးကြီးသည့် ကိစ္စဖြစ်လာဖြစ်လာတော့မည်ဖြစ်ကြောင်းကို ခရိုင်ရဲ
တပ်ဖွဲ့မှူးကပြောကြားခဲ့သည်။

No comments:

Post a Comment

My Blog List