Thursday, April 30, 2020

မီးပျက်မှုများကြောင့် ကိုဗစ်-19 ရောဂါ စစ်ဆေးနေသည့် NHL တွင် မီးစက်အကြီး လိုအပ်နေ

Image may contain: one or more people, people sitting and indoor
ကိုဗစ်-19 ရောဂါပိုးကို အဓိကဓာတ်ခွဲစစ်ဆေးနေသည့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)( NHL)တွင် 500 KVA မီးစက်အကြီးတစ်လုံး အဓိက လိုအပ်နေကြောင်း ကိုဗစ်-19 ရောဂါ ရှာဖွေခြင်းတာဝန်ခံ ပါမောက္ခ ဒေါ်ဌေးဌေးတင်က ပြောကြားသည်။

“အခုတလော ရန်ကုန်မှာ မိုးရွာပါတယ်။အဲတော့ မီး​တွေပျက်ပါတယ် ။ အခုလည်းပဲ ရုံးကပြောပါတယ်။ မီးစက်နှလုံး မီးမဝင်ပါဘူး။အဲတော့ Cobas စက်က မစနိုင်ပါဘူး”ဟု ကိုဗစ်-19 ရောဂါ ရှာဖွေခြင်းတာဝန်ခံ ပါမောက္ခ ဒေါ်ဌေးဌေးတင်က ရှင်းပြသည်။
ဧပြီ ၃၀ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် Video Conferencing လုပ်၍ ဆွေးနွေးရာတွင် သူမက တင်ပြခဲ့ခြင်းဖြစ်သည်။
မီးများပျက်မှုကြောင့် ကိုဗစ်-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် အခက်အခဲများပေါ်ပေါက်လာပြီး ပစ္စည်းများနှင့် အချိန်များကုန်ကာ ညနေပိုင်းတွင် သွေးကျန်များတွေ့ရှိရသည်ဟုလည်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ သိရသည်။
မီးစက်လိုအပ်မှုနှင့်ပတ်သက်၍ ဆောင်ရွက်ပေးရန် မှတ်ထားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။
“မှတ်ထားပါမယ်။ မီးစက်တစ်လုံးကတော့ သိပ်ပြီးတော့ အခက်အခဲမရှိဘူးလို့ မျှော်လင့်ပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
500 KVA မီးစက်ရခဲ့ပါက တတိယလိုင်းအနေဖြင့် အရံထပ်မံလုပ်ဆောင်နိုင်မည်ဖြစ်ပြီး အဆင်ပြေမည်ဖြစ်ကြောင်း ကိုဗစ်-19 ရောဂါ ရှာဖွေခြင်းတာဝန်ခံ ပါမောက္ခ ဒေါ်ဌေးဌေးတင်က ရှင်းပြခဲ့သည်။
လက်ရှိတွင် ကိုဗစ်-19 ရောဂါ ဓာတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)နှင့် ဆေးသုတေသနဦးစီးဌာန (DMR)တို့က စစ်ဆေးနေခြင်းဖြစ်သည်။
ဓာတ်ပုံ- MOHS
ပုံစာ- တစ်ရက်လျှင် ဓာတ်ခွဲနမူနာထောင်ချီစစ်နိုင်မည့် စက်အား NHL တွင် တပ်ဆင်နေပုံ

No comments:

Post a Comment

My Blog List