Tuesday, April 28, 2020

နယူးဇီလန်တွင် lockdown အစီအမံ တင်းကျပ်ထားမှုများကို ဖြည်းဖြည်းချင်းလျော့ချ၊ ပြည်သူများ အလုပ်ပြန်ဆင်းနိုင်ပြီ

Image may contain: 1 person, outdoor
နယူးဇီလန်နိုင်ငံတွင် COVID-19 ကူးစက်ရောဂါပြန့်ပွားမှုကြောင့် lockdown အစီအမံများ ၄ ပတ်ကြာ တင်းကျပ်စွာချထားခြင်းကို ဖြည်းဖြည်းချင်း ပြန်လည်ဖြေလျော့ပေးနေပြီး အများပြည်သူအနေဖြင့် အလုပ်ပြန်တက်ခွင့်၊ အိမ်အပြင်ထွက်ခွင့်၊ စားသောက်ဆိုင်များမှ အိမ်ယူစားသုံးမှု ပြုနိုင်ပြီဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းများအတွင်းက နယူးဇီလန်သည် COVID-19 ကို ပထမဆုံး အောင်မြင်စွာတိုက်ထုတ်နိုင်သည့်နိုင်ငံအဖြစ် နိုင်ငံတကာသတင်းခေါင်းကြီးပိုင်းများတွင် ဖော်ပြခံရပြီးနောက် ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်က နယူးဇီလန်၌ COVID-19 ကင်းရှင်းပြီဟု မပြောနိုင်သေးကြောင်း၊ ထိုအခြေအနေသို့ရောက်အောင် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။
“ ‘ဖယ်ရှားရှင်းလင်းမှု’ဆိုတဲ့စကားရပ်က ‘ရောဂါပိုး မရှိတော့ဘူး’လို့ ဆိုလိုတာမဟုတ်ပါဘူး။ လူတွေကြားမှာ အချင်းချင်းကူးစက်ပြန့်ပွားမှုကတော့ ရပ်သွားပါပြီ။ သို့သော် တဦးစ နှစ်ဦးစ သီးခြားဖြစ်စဉ်တွေတော့ ဆက်ရှိနေနိုင်ပါသေးတယ်။ ဒါတွေကိုလည်း ကာကွယ်ဆေးမပေါ်မချင်း ဆက်ပြီးထိန်းချုပ်သွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေးအတွက် ပြည်တွင်းပြည်ပ သိပ္ဗံပညာရှင်တွေ ကြိုးပမ်းနေပြီး အလုံးအရင်းနဲ့ထုတ်လုပ်နိုင်ဖို့က ၁ နှစ်လောက်အချိန်ယူဦးမယ်လို့ ခန့်မှန်းထားပါတယ်”ဟု သူမက ပြောသည်။
လက်ရှိတွင် အရေးပေါ်အစီအမံ အဆင့် (၄) မှ အဆင့် (၃) သို့ လျှော့ချထားသည်။ ဧပြီ ၂၉ ရက်တွင် စာသင်ကျောင်းများ တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြန်ဖွင့်ခွင့်ပြုမည်ဖြစ်သော် နေအိမ်မှသင်ကြားခြင်း၊ နေအိမ်မှအလုပ်လုပ်ခြင်းပြုလုပ်နိုင်ပါက ထိုသို့ ဆက်လက်လုပ်ဆောင်ကြရန် သူမက အကြံပြုထားသည်။
အရေးပေါ်အစီအမံ အဆင့် (၃) သို့ လျှော့ချလိုက်သည်နှင့်အညီ လမ်းမများပေါ်တွင် ပြန်လည်စည်းကားလာနေသည်။ စားသောက်ဆိုင်နှင့် ကဖေးအချို့လည်း အိမ်ယူစားသုံးခြင်းအတွက် ပြန်လည်ဖွင့်လှစ်လာကြသည်။
နယူးဇီလန်နိုင်ငံတွင် ဧပြီ ၂၈ ရက်နေ့အထိ COVID-19 ကူးစက်ခံရသူ ၁၄၇၂ ဦး၊ သေဆုံးသူ ၁၉ ဦးရှိကြောင်း သိရသည်။
Image may contain: 1 person, standing and outdoor
Image may contain: 1 person
Image may contain: 2 people, people standing and outdoor
ဝီရ
Ref; The Guardian

နယူးဇီလန်တွင် lockdown အစီအမံ တင်းကျပ်ထားမှုများကို ဖြည်းဖြည်းချင်းလျော့ချ၊ ပြည်သူများ အလုပ်ပြန်ဆင်းနိုင်ပြီ
------ ------ ------ ----- -----

နယူးဇီလန်နိုင်ငံတွင် COVID-19 ကူးစက်ရောဂါပြန့်ပွားမှုကြောင့် lockdown အစီအမံများ ၄ ပတ်ကြာ တင်းကျပ်စွာချထားခြင်းကို ဖြည်းဖြည်းချင်း ပြန်လည်ဖြေလျော့ပေးနေပြီး အများပြည်သူအနေဖြင့် အလုပ်ပြန်တက်ခွင့်၊ အိမ်အပြင်ထွက်ခွင့်၊ စားသောက်ဆိုင်များမှ အိမ်ယူစားသုံးမှု ပြုနိုင်ပြီဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းများအတွင်းက နယူးဇီလန်သည် COVID-19 ကို ပထမဆုံး အောင်မြင်စွာတိုက်ထုတ်နိုင်သည့်နိုင်ငံအဖြစ် နိုင်ငံတကာသတင်းခေါင်းကြီးပိုင်းများတွင် ဖော်ပြခံရပြီးနောက် ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်က နယူးဇီလန်၌ COVID-19 ကင်းရှင်းပြီဟု မပြောနိုင်သေးကြောင်း၊ ထိုအခြေအနေသို့ရောက်အောင် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။
“ ‘ဖယ်ရှားရှင်းလင်းမှု’ဆိုတဲ့စကားရပ်က ‘ရောဂါပိုး မရှိတော့ဘူး’လို့ ဆိုလိုတာမဟုတ်ပါဘူး။ လူတွေကြားမှာ အချင်းချင်းကူးစက်ပြန့်ပွားမှုကတော့ ရပ်သွားပါပြီ။ သို့သော် တဦးစ နှစ်ဦးစ သီးခြားဖြစ်စဉ်တွေတော့ ဆက်ရှိနေနိုင်ပါသေးတယ်။ ဒါတွေကိုလည်း ကာကွယ်ဆေးမပေါ်မချင်း ဆက်ပြီးထိန်းချုပ်သွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေးအတွက် ပြည်တွင်းပြည်ပ သိပ္ဗံပညာရှင်တွေ ကြိုးပမ်းနေပြီး အလုံးအရင်းနဲ့ထုတ်လုပ်နိုင်ဖို့က ၁ နှစ်လောက်အချိန်ယူဦးမယ်လို့ ခန့်မှန်းထားပါတယ်”ဟု သူမက ပြောသည်။
လက်ရှိတွင် အရေးပေါ်အစီအမံ အဆင့် (၄) မှ အဆင့် (၃) သို့ လျှော့ချထားသည်။ ဧပြီ ၂၉ ရက်တွင် စာသင်ကျောင်းများ တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြန်ဖွင့်ခွင့်ပြုမည်ဖြစ်သော် နေအိမ်မှသင်ကြားခြင်း၊ နေအိမ်မှအလုပ်လုပ်ခြင်းပြုလုပ်နိုင်ပါက ထိုသို့ ဆက်လက်လုပ်ဆောင်ကြရန် သူမက အကြံပြုထားသည်။
အရေးပေါ်အစီအမံ အဆင့် (၃) သို့ လျှော့ချလိုက်သည်နှင့်အညီ လမ်းမများပေါ်တွင် ပြန်လည်စည်းကားလာနေသည်။ စားသောက်ဆိုင်နှင့် ကဖေးအချို့လည်း အိမ်ယူစားသုံးခြင်းအတွက် ပြန်လည်ဖွင့်လှစ်လာကြသည်။
နယူးဇီလန်နိုင်ငံတွင် ဧပြီ ၂၈ ရက်နေ့အထိ COVID-19 ကူးစက်ခံရသူ ၁၄၇၂ ဦး၊ သေဆုံးသူ ၁၉ ဦးရှိကြောင်း သိရသည်။
၀ီရ
Ref; The Guardian

No comments:

Post a Comment

My Blog List