Tuesday, April 28, 2020

COVID-19 ရောဂါကာလကို အခွင့်ကောင်းယူပြီး မှုခင်းကျူးလွန်နေမှုများရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သတိပေး


Image may contain: text
၁။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ(Pandemic) အဖြစ် ထုတ်ပြန်ထားသော Coronavirus Disease-2019 (COVID-19) စတင်ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ခရီးသွားလာမှု ကန့်သတ်ခြင်း၊ အများပြည်သူတို့၏ လုံခြုံမှုပုံစံကန့်သတ်ခြင်း၊ မြို့/ရွာများ လူဝင်/ လူထွက် စိစစ်ခြင်း၊ ခရီးသည်ပို့ဆောင်ရေး ယာဉ်၊ ရထား၊ လေယာဉ်များ ကန့်သတ်ခြင်း၊ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်း၊ အထူးသဖြင့် Home Stay နေထိုင်စေခြင်း စသည့် အရေးပေါ် အစီအမံများအား ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

၂။ ဤကဲ့သို့ ထိန်းချုပ်ဆောင်ရွက်နေရမှုများကို ဒုစရိုက်သမားများ၊ ဝိသမလောဘ စီးပွားရေး သမားများက အခွင့်ကောင်းယူ၍ အောက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါသည်-

(က) ဒုစရိုက်သမားများအား ပြင်ပတွင် တွေ့မြင်ရမှုနည်းပါးသွားပြီး Online နှင့် အိမ်တွင်း ကျူးလွန်မှုများအဖြစ်သို့ ပြောင်းလဲသွားခြင်း။

( ခ ) ကပ်ရောဂါအပေါ် ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်မှုလွန်ကဲလာခြင်းတို့ကြောင့် ပြည်သူများ လိုအပ်သည့် အစားအသောက်နှင့် ကျန်းမာရေးအတွက် ဆေးဝါးများကို တုပမှု များလာခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း။

( ဂ ) Home Stay ကြောင့် Online Games များ ပိုမိုအသုံးပြုလာကြရာ Cyber ဒုစရိုက် သမားများက Game နည်းလမ်းသစ်များ တီထွင်ထုတ်လွှင့်၍ ငွေကြေးလိမ်လည်မှု များ၊ ကွန်ပျူတာထိခိုက်ပျက်စီးရေး ရည်ရွယ်၍ Malware နှင့် Ransomware ကဲ့သို့သော Virus များနှင့် တိုက်ခိုက်လာခြင်း။

(ဃ) ဆေးရုံများ၏အင်တာနက်နှင့် ချိတ်ဆက်မှုစနစ်များ၊ အရေးပေါ်လူနာခွဲစိတ်မှုများ၊ COVID-19 ကူးစက်ရောဂါကုသမှုနှင့် လူနာစောင့်ကြည့်သည့်စနစ်များအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်း။

( င ) ဒုစရိုက်သမားများသည် COVID-19 နှင့် ဆက်စပ်သော Stock ရင်းနှီးမြှုပ်နှံမှု များတွင် ရောဂါဖြစ်နေသူများ၏ အရင်းအနှီးများကို နည်းမျိုးစုံဖြင့် လိမ်လည်/ ခြိမ်းခြောက် ငွေကြေးရယူခြင်း။

( စ ) လိမ်လည်သူများသည် ဆေးဝါးပစ္စည်းများရောင်းချရန်နှင့် ဖြန့်ဝေရာ website, e-commerce platforms, social medias, emails များအသုံးပြုလျက်ရှိရာ နာမည်ကြီး ကုမ္ပဏီများ၏အမည်ကိုအသုံးပြု၍ ငွေလွှဲပြောင်းလိမ်လည်ရယူခြင်း။

(ဆ) တယ်လီဖုန်းများအသုံးပြု၍ COVID-19 ကပ်ရောဂါဖြင့် ဆေးရုံတက်နေရသူ၊ Quarantine စခန်းဝင်နေရသူဟု လိမ်လည်ပြောဆို၍ ပြည်သူ့ကျန်းမာရေး ကိုယ်စားလှယ်များထံ ငွေသား/ I-pay တို့ဖြင့် ဆေးဝါးကုသစရိတ်များ လိမ်လည် တောင်းခံခြင်း။

( ဇ ) Online များတွင် ဆရာဝန်/အထူးကုသမားတော်များဟု ဟန်ဆောင်ထုတ်လွှင့်ပြီး ဆေးဝါးအတုများ ဝယ်ယူစေခြင်း၊ စိုးရိမ်ကြောက်ရွံ့နေသူများထံမှ email နှင့် Password များတောင်းခံ၍ website များဝင်ကြည့်စေပြီး ငွေကြေးလိမ်လည် ရယူခြင်း။

( ဈ ) COVID-19 ကာကွယ်ရန် masks များနှင့် PPEs ဝတ်စုံများ၊ Alocohol Gels များ ဝယ်ယူရန်အမည်ခံ၍ ငွေကြေးများလိမ်လည်ခြင်း။

(ည) Online နှင့် ပြင်ပလူမှုနယ်ပယ်တွင် စံမမီဆေးဝါးနှင့် ပစ္စည်းများ၊ ကုသရေးဆိုင်ရာ ပစ္စည်းအတုများ ရောင်းချခြင်းနှင့် ကြော်ငြာခြင်းများ များစွာဖြစ်ပွားနေပြီး မှုခင်းများ၏ အဓိကနယ်ပယ်တစ်ခုဖြစ်လာခြင်း

( ဋ ) တရားမဝင်ကုန်ပစ္စည်းများနှင့် စံမမီဆေးဝါး ထုတ်လုပ်ရောင်းချမှုများကြောင့် ပြည်သူများ၏ အသက်အန္တရာယ်အတွက် များစွာစိုးရိမ်ဖွယ်ဖြစ်နေခြင်း။

( ဌ ) ညမထွက်ရအမိန့်နှင့် Home Stay နေထိုင်စဉ် ပူပြင်းသည့်ရာသီဥတုဖြစ်၍ နေအိမ် ပြတင်းပေါက်များ နေ့/ည ဖွင့်ထားခြင်းကြောင့် ဒုစရိုက်သမားများက အခွင့်ကောင်း ယူ၍ အိမ်ကျော်နင်းမှု၊ ခိုးယူမှုများကျူးလွန်ခြင်း။

( ဍ ) လူ(၅)ဦးနှင့်အထက်စုဝေးခြင်း၊ သွားလာမှုမပြုရခြင်းကြောင့် လက်နက်ဖြင့် ခြိမ်းခြောက်၍ လုယက်မှု၊ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်ခြင်း။

( ဎ ) အခြေအမြစ်မရှိသော Online ဆက်သွယ်မှုများမှ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ၊ မမှန်သတင်းများထုတ်လွှင့်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းယူမှုများကျူးလွန်ခြင်း။

(ဏ) Online Delivery ပို့ဆောင်သူများထံမှ ရောဂါကူးစက်နိုင်သည့်အပြင် မိမိနှင့် သိကျွမ်းမှုမရှိသော Delivery များက အစားအသောက်များတွင် မူးဝေမေ့လျော့ စေသော ဆေးဝါးများထည့်သွင်း၍ အိမ်တွင်းခိုးယူမှု၊ လုယက်မှုများကျူးလွန်ခြင်း။

(တ) Mask ကို လူတိုင်းတပ်ဆင်ထားရသဖြင့် ဒုစရိုက်သမားများအနေဖြင့် ပုံဖျက်ရန် အခွင့်ကောင်းရရှိပြီး ယာဉ်/ဆိုင်ကယ်တို့ဖြင့် ရုတ်တရက် အနီးကပ်လုယက်မှု ကျူးလွန်ခြင်း။

(ထ) Home Stay ကာလကြာမြင့်လာသည့်အတွက် မိသားစုအတွင်း၊ အဆောင်နေသူများ အချင်းချင်း အိမ်တွင်းအကြမ်းဖက်မှုခင်းမြား ပိုမိုဖွစျပှားလာနိုငျခွငျး

၃။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် Cyber / Online တို့မှ လိမ်လည်နေမှုများ၊ မှုခင်းများနှင့် ပတ်သက်၍ ကျူးလွန်ခံရမှုများမဖြစ်ပွားရအောင် အောက်ပါအချက်များကို လိုက်နာကြရန် အကြံပြုအပ်ပါသည်-

(က) မိမိနှင့် ရင်းနှီးကျွမ်းဝင်သော email များနှင့် မိမိအသုံးပြုနေသော Links များ မဟုတ်ပါက attached files များကို ဖွင့်ကြည့်ခြင်းမပြုရန်။

( ခ ) မိမိ email နှင့် databases များကို ပုံမှန်စစ်ဆေးခြင်း၊ online / offline အသုံးပြု၍ backup လုပ်ထားရန်။

( ဂ ) လုံခြုံမှုအပြည့်အဝရှိမည့် password ကိုအသုံးပြုရန်။

(ဃ) Antivirus software နှင့် မိမိကွန်ပျူတာရှိ software များကို update ပြုလုပ်ရန်။

( င ) Social media များ၏ လုံခြုံရေးစနစ်ကို ခိုင်မာမှုရှိအောင် စီမံရန်။

( စ ) မိမိနေအိမ်တွင်အသုံးပြုသော network အား လုံခြုံမှုစနစ်သေချာတပ်ဆင်ရန်။

(ဆ) မိသားစုဝင်များ၊ အထူးသဖြင့် ကလေးသူငယ်များအား Online စနစ်လုံခြုံမှုနှင့် ပတ်သက်၍ ပညာပေးပြောကြားရန်။

( ဇ ) လူသွားလူလာပြတ်သည့်နေရာများ၊ လမ်းများတွင် လုယက်မှုကျူးလွန်ခြင်းများ၊ အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပွားနိုင်သည်ကို သတိပြုကြရန်။

၄။ COVID-19 ကာလအတွင်း ဒုစရိုက်သမားများနှင့် ဝိသမလောဘစီးပွားရေးသမားများက ကျူးလွန်လျက်ရှိသည့် ဆောင်ရွက်ချက်များအပေါ် အများပြည်သူကလည်း အသိ/သတိရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါရန်နှင့် မြို့/ရွာ၊ ရပ်ကွက်များအတွင်း ထူးခြားမှု၊ မသင်္ကာဖွယ်ရာ တွေ့ရှိမှု တစ်စုံတစ်ရာရှိလာပါက လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် လှည့်ကင်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ၊ နယ်မြေအလိုက် အရေးပေါ် ဆက်သွယ်အကြောင်းကြားနိုင်သည့် နီးစပ်ရာ ရဲစခန်းဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ 
source-moi

No comments:

Post a Comment

My Blog List