Tuesday, April 28, 2020

ဥရောပသမဂ္ဂမှ အာဆီယံဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုများကို ခုခံကာကွယ်နိုင်ရန် ယူရိုငွေ သန်း(၃၅၀) ထောက်ပံ့မည်

Image may contain: text
ဥရောပသမဂ္ဂဟာ အာဆီယံဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေမှုကို ခုခံကာကွယ်တားဆီးနိုင်ဖို့နဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့် ထိခိုက်မှုတွေကို လျှော့ချနိုင်ဖို့အတွက် ယူရိုငွေ သန်း (၃၅၀)ကို ထောက်ပံ့ပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကသတင်းထုတ်ပြန်လိုက်ပါတယ်။

အီးယူအနေနဲ့ လတ်တလောကြုံတွေ့နေရတဲ့ ကျန်းမာရေး ကပ်ဘေးကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့၊ ကျန်းမာရေးစနစ်တွေ ပိုမိုခိုင်မာအားကောင်းလာစေဖို့နဲ့ လူမှုရေး၊ စီးပွားရေး ဆိုင်ရာ နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေ သက်သာလျော့ပါးစေဖို့အတွက် နိုင်ငံတော်အဆင့်နဲ့ ဒေသအဆင့် လုပ်ဆောင်ချက်တွေကို ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
အွန်လိုင်းကတွေ့ဆုံတဲ့ ပထမဦးဆုံး ကမ္ဘာ့ကပ်ဘေးဆိုင်ရာ အီးယူ - အာဆီယံ အစည်းအဝေးကို မတ်(၂၀)ရက်ကကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးတွေ ဟာ ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်အဟုန်မြှင့်ဖို့၊ အတွေ့အကြုံတွေကို မျှဝေဖို့၊ ကုန်ပို့ဆောင်ရေးလမ်းကြောင်းကို ဆက်လက်ဖွင့်ထားဖို့နဲ့ သိပ္ပံသုတေသနတွေကို ရှေ့တိုးလုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ လည်းသိရပါတယ်။
ဒါ့အပြင် အီးယူဟာ အာဆီယံနိုင်ငံတွေက သိပ္ပံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖို့အတွက် ကိုရိုနာဗိုင်းရပ်စ်အကြောင်း သုတေသနအသစ် (၁၈)ခုနဲ့ ဆန်းသစ်တီထွင်ရေး စီမံကိန်းတွေကို ရန်ပုံငွေအဖြစ် ယူရိုငွေ (၄၈.၅)သန်း ထောက်ပံ့ပေးပြီး စတင်လုပ်ဆောင်ဖို့လည်း ဆုံးဖြတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။
ref- OneNewsMyanmar 

>>zawgyi<<

No comments:

Post a Comment

My Blog List