Tuesday, April 28, 2020

ဗြိတိန်နိုင်ငံက ကလေးငယ်တွေမှာ ကိုဗစ်-၁၉ပိုးနှင့် ဆက်စပ်ဖွယ်ရှိသည့် ဖျားနာမှုများ မြင့်တက်လာနေ

နိုင်ငံတစ်ဝှန်းက ကလေးငယ်တွေမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်နဲ့ ဆက်စက်နိုင်ခြေရှိတဲ့ ဖျားနာခြင်း နဲ့ ရှားရှားပါးပါး ရောဂါလက္ခဏာတစ်ချို့ဖြစ်ပွားမှု မြင့်တက်လာနေတယ်လို့ ဗြိတိန် ကျန်းမာရေး ဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလက္ခဏာပြတဲ့ ကလေးငယ်တွေမှာ ဗိုက်နာတာ ၊ အစာအိမ် နဲ့ နှလုံးယောင်ယမ်းတဲ့ ဝေဒနာတွေအပြင် သွေးပြွန်ကြောယောင်ယမ်းမှုဖြစ်တဲ့ kawasakiရောဂါမျိုး ခံစားရတာကို တွေ့ရတယ်ဆိုပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗြိတိန်ကျန်းမာရေးဌာနကနေ အထွေထွေရောဂါကုဆရာဝန်တွေကို သတိပေးချက်တစ်စောင်ပေးပိုခဲ့ပြီး၊ အဲဒီသတိပေးချက်မှာ ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်း နိုင်ငံတစ်ဝှန်းက ကလေးငယ်တွေမှာ အထူးကြပ်မတ်ကုသဖို့ လိုအပ်တဲ့ ဖျားနာယောင်ယမ်းခြင်း ဝေဒနာတွေ့ရှိရမှုဟာ အနည်း ငယ်မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။
အတည်ပြုနိင်ခြင်းမရှိသေးပေမယ့် ဒီရောဂါဝေဒနာတွေဟာ နောက်ထပ် ကုးစက်ပိုးတစ်မျိုးမျိုးကြောင့် ဖြစ်နိုင်တဲ့အပေါ် စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့ အဲဒီသတိပေးချက်မှာ ဖော်ပြ ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းက အမေရိကန်ရောဂါထိမ်းချုပ်ရေးနဲ့ကာကွယ်တားဆီးရေး CDC ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကလေးငယ်တွေမှာ အပျော့စား ဗိုင်းရပ်စ်လက္ခဏာတွေသာ တွေ့ရ တယ်လို့ ဆိုပါတယ်။
လက်ရှိမှတော့ ကလေးငယ်တစ်ချို့မှာ ကိုဗစ်-၁၉ ကူးစက်နှုန်းဟာ နည်းပါးနေသေးတယ်။ ဒ့ါကြောင့် ကလေး ငယ်တွေဟာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဒီလို ဝေဒနာတွေကို ခံစားရနိုင်ခြေဟာ အင်မတန်နည်းတာမို့ မိဘတွေ အနေနဲ့ မစိုးရိမ်ကြဖို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။
Source: CNN, Photo: AP Photo/Frank Franklin II

No comments:

Post a Comment

My Blog List