Tuesday, April 28, 2020

ထိုင်းရောက် မြန်မာများကို မေ ၁ရက်တွင် ပြန်လည်လက်ခံပေးမည်

Image may contain: one or more people and outdoor

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများကို မေလ ၁ရက်နေ့မှစပြီး သက်ဆိုင်ရာက စတင်လက်ခံပေးမည်ဟု မြဝတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ဗိုလ်ကပြောသည်။

ထိုင်းနိုင်ငံသည် COVID-19ရောဂါထိန်းချုပ်နိုင်ရေးအတွက် ၎င်းဒေသကို ဧပြီ၃၀ရက်နေ့အထိပိတ်ထားသည့်အတွက် မြန်မာက မေ၁ရက်နေ့မှ ပြန်လည်လက်ခံလိုက်ခြင်းဖြစ်သည်ဟုသိရသည်။
ပြန်လည် လက်ခံမှုကို ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှတဆင့် ဆောင်ရွက်ပေးမည်ဖြစ်သည်ဟုသိရသည်။
ဦးစိန်ဗိုလ်က “မြဝတီမှာ ကျောက်လုံးကြီးစခန်း၊နောက် စာသင်ကျောင်းတွေ၊ပြီးတော့ သင်္ဃန်းညီနောင် စတဲ့ နေရာ ၁၀မှာ စောင့်ကြည့်ရေးစင်တာတွေ အသင့်ပြင်ဆင်ထားပြီးပါပြီ”ဟု Myanmar Harp ကိုပြောသည်။
ပြည်တော်ပြန်များကို မြဝတီရှိ စောင့်ကြည့်ရေးစင်တာများတွင် ၂၁ရက်လက်ခံထားရှိမည်ဖြစ်သကဲ့သို့ ပြည်တော်ပြန်များ၏ နေရပ်များရှိ စောင့်ကြည့်ရေးစင်တာများတွင်လည်း ၂၁ရက်လက်ခံရန် စီစဉ်ထားကြောင်းဦးစိန်ဗိုလ်က ဆက်ပြောသည်။
Image may contain: 2 people, people standing, crowd and outdoor
Image may contain: 1 person, standing
Image may contain: 1 person, standing and sitting
Image may contain: one or more people and outdoor
Image may contain: one or more people, people standing and outdoor
ကိုမင်း/Myanmar Harp
ဓါတ်ပုံ-ကိုဝင်းဇော်(မြဝတီ)

No comments:

Post a Comment

My Blog List