Tuesday, April 28, 2020

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် လုပ်သားများအတွက် မြဝတီမြို့၌ စောင့်ကြည့်ရေးစခန်း ၁၀ ခု ပြင်ဆင်ထား

Image may contain: outdoor
ထိုင်းနိုင်ငံမှတဆင့် ယခု မေလ ပထမပတ်မှစပြီး ပြန်လည်ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို Quarantine ၂၁ ရက် စောင့်ကြည့်ရန်အတွက် ကရင်ပြည်နယ် မြဝတီမြို့တွင် Community Based Facility Quarantine စခန်း ၁၀ ခု ကြိုတင်ပြင်ဆင်ထားရှိကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ သိရှိရသည်။
ကရင်ပြည်နယ် မြဝတီမြို့ရှိ ရွှေမြဝတီစခန်း၊ အ.ထ.က.(၁)၊ ကျောက်လုံးကြီး၊ လေးကေ့ကော်၊ MOU၊ သင်္ဃန်းညီနောင်၊ သဘာဝတရားရိပ်သာ၊ ထီးမယ်ဝါးခီး၊ အ.ထ.က.ခွဲ(၁)၊ ထာဝရနှစ်သစ်ကူးကွင်းတို့တွင် စောင့်ကြည့်ရေးစခန်းများထားရှိပြီး စုစုပေါင်း လူဦးရေ နှစ်ထောင်ခန့်ထားရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ထိုင်းကနေ ပြန်ဝင်လာတဲ့သူတွေအနေနဲ့ အသွားအလာကန့်သတ်စောင့်ကြပ်မှုကို မဖြစ်မနေခံယူရမှာဖြစ်ပြီး ကြည်ဖြူစွာလက်ခံပါ့မယ်လို့ ဝန်ခံကတိလက်မှတ်ရေးထိုးရမှာဖြစ်တယ်။”ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီ ၂၆ ရက်က ပြည်သူများအား အသိပေးတင်ပြခြင်းနှင့် ပန်ကြား ခြင်း ကြေညာချက်အရ မြန်မာနိုင်ငံအနေဖြင့် အသွားအလာစောင့်ကြပ်ကြည့်ရှုသည့် နေရာပေါင်း ၇၀၂၀ နေရာ ခန့်ရှိပြီး စုစုပေါင်း အသွားအလာစောင့်ကြပ်ကြည့်ရှုခံရသူ ၄၂၆၇၁ ဦးခန့် ရှိနေသေးကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ် ဧပြီ ၂၈ ရက် နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ စုစုပေါင်း ၁၄၆ ဦး၊ ကွယ်လွန်သူ ၅ ဦး၊ သက်သာပျောက်ကင်းသူ ၁၆ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၉ ဦးရှိလာကာ ရောဂါပိုးသစ် လူနာမတွေ့ရှိသည်မှာ ၂ ရက်ရှိပြီဖြစ်ပြီး လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(မြစ်မခ)
zawgyi

No comments:

Post a Comment

My Blog List