Tuesday, April 28, 2020

နိုင်ငံအများစုတွင် Lockdown များစတင်ဖြေလျှော့လာသော်လည်း တစ်ကမ္ဘာလုံးတွင် ရောဂါကူးစက်ခံရသူသုံး သန်းကျော်လာ

Image may contain: one or more people and outdoor
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ COVID-19 ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သုံးသန်းကျော်လာ ပြီဖြစ်ပြီးတော့ အမေရိကန်နိုင်ငံမှာလည်း ရောဂါကူးစက်ခံရသူတစ်သန်းကျော်သွားပြီလို့ ဧပြီလ ၂၈ ရက်မှာ သိရပါတယ်။

တစ်ချိန်တည်းမှာပဲနိုင်ငံအများစုမှာလည်း Lockdown စည်းမျဉ်းတွေကို စတင်ဖြေလျှော့ပေးလာပြီဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၀ ရက်က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပထမဆုံးရောဂါကူးစက်ခံရသူ ၄၁ ဦးရှိကြောင်း အတည်ပြု ခဲ့ပြီး လေးလအတွင်းမှာ ရောဂါကူးစက်ခံရသူ သုံးသန်းကျော်သွားခဲ့တာပါ။
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နှစ်စဉ် ကမ္ဘာတစ်ဝန်းမှာ ရာသီတုပ်ကွေးကြောင့်သေဆုံးသူ သုံးသန်းကနေ ငါးသန်း ကြား ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။
ဧပြီလ ၂၇ ရက်မှာ သေဆုံးသူနှစ်သိန်းကျော်ရှိလာပြီး ရောဂါကူးစက်ခံရသူခုနှစ်ဦးမှာ တစ်ဦးက ပြင်းထန်တဲ့ အခြေအနေဖြစ်ပါတယ်။
ကပ်ရောဂါကြောင့် အီတလီ၊ ပြင်သစ်နဲ့စပိန်အပါအဝင် ဥရောပနိုင်ငံတွေမှာ အဆိုးရွားဆုံးထိခိုက်ခဲ့သလို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူအရေအတွက် လျော့ကျလာပြီဆို ပေမယ့် ၂၀၀၀ ကနေ ၅၀၀၀ ကြားရှိနေတုန်းပါပဲ။
အီတလီနိုင်ငံမှာ မေလ ၄ ရက်ကစပြီး စက်ရုံတချို့ကို ပြန်ဖွင့်ခွင့်ပေးမှာဖြစ်သလို စပိန်ကလည်း Lockdown စည်းမျဉ်းတချို့ကို စတင်ဖြေလျှော့ပေးခဲ့ပါတယ်။
ပြည်နယ်တွေကိုပြန်ဖွင့်ပေးနေပြီဖြစ်တဲ့အမေရိကန်မှာ အလုပ်လက်မဲ့နှုန်း ၁၆ ရာခိုင်နှုန်းမြင့်တက်လာပေမယ့် အာရှမှာတော့ ခုနှစ်ရာခိုင်နှုန်းသာ တက်လာခဲ့ပါတယ်။
တောင်ကိုရီးယားအပါအဝင် နိုင်ငံတချို့မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက တစ်ရက်ကို ရောဂါကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ တစ်ရက်ကို ၁၀ ဦးနှုန်းလောက်အထိ ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။
ရောဂါပိုးစတင်ပြန့်ပွားခဲ့တဲ့တရုတ်နိုင်ငံမှာ ဧပြီလ ၂၆ ရက်က ရောဂါထပ်မံကူးစက်ခံရသူသုံးဦးသာ ရှိခဲ့ပါတယ်။
လက်တင်အမေရိကနဲ့အာဖရိကမှာ ရောဂါကူးစက်ခံရသူအရေအတွက် မြင့်တက်နေဆဲဖြစ်သလို မက္ကဆီကိုမှာ ၁၃၈၀၀ ကျော်နဲ့ ဘရာဇီးမှာ ၆၀၀၀၀ ကျော်ရှိလာခဲ့တယ်လို့ သိရပါတယ်။

Image may contain: one or more people, people standing, people walking, shoes and outdoor
Image may contain: one or more people and outdoor
Asteria (28.4.2020)
Ref: Channel News Asia

Unicode
နိုင်ငံအများစုတွင် Lockdown များစတင်ဖြေလျှော့လာသော်လည်း တစ်ကမ္ဘာလုံးတွင် ရောဂါကူးစက်ခံရသူသုံး သန်းကျော်လာ
========================================================
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ COVID-19 ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သုံးသန်းကျော်လာ ပြီဖြစ်ပြီးတော့ အမေရိကန်နိုင်ငံမှာလည်း ရောဂါကူးစက်ခံရသူတစ်သန်းကျော်သွားပြီလို့ ဧပြီလ ၂၈ ရက်မှာ သိရပါတယ်။

တစ်ချိန်တည်းမှာပဲနိုင်ငံအများစုမှာလည်း Lockdown စည်းမျဉ်းတွေကို စတင်ဖြေလျှော့ပေးလာပြီဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၀ ရက်က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပထမဆုံးရောဂါကူးစက်ခံရသူ ၄၁ ဦးရှိကြောင်း အတည်ပြု ခဲ့ပြီး လေးလအတွင်းမှာ ရောဂါကူးစက်ခံရသူ သုံးသန်းကျော်သွားခဲ့တာပါ။
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နှစ်စဉ် ကမ္ဘာတစ်ဝန်းမှာ ရာသီတုပ်ကွေးကြောင့်သေဆုံးသူ သုံးသန်းကနေ ငါးသန်း ကြား ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။
ဧပြီလ ၂၇ ရက်မှာ သေဆုံးသူနှစ်သိန်းကျော်ရှိလာပြီး ရောဂါကူးစက်ခံရသူခုနှစ်ဦးမှာ တစ်ဦးက ပြင်းထန်တဲ့ အခြေအနေဖြစ်ပါတယ်။
ကပ်ရောဂါကြောင့် အီတလီ၊ ပြင်သစ်နဲ့စပိန်အပါအဝင် ဥရောပနိုင်ငံတွေမှာ အဆိုးရွားဆုံးထိခိုက်ခဲ့သလို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူအရေအတွက် လျော့ကျလာပြီဆို ပေမယ့် ၂၀၀၀ ကနေ ၅၀၀၀ ကြားရှိနေတုန်းပါပဲ။
အီတလီနိုင်ငံမှာ မေလ ၄ ရက်ကစပြီး စက်ရုံတချို့ကို ပြန်ဖွင့်ခွင့်ပေးမှာဖြစ်သလို စပိန်ကလည်း Lockdown စည်းမျဉ်းတချို့ကို စတင်ဖြေလျှော့ပေးခဲ့ပါတယ်။
ပြည်နယ်တွေကိုပြန်ဖွင့်ပေးနေပြီဖြစ်တဲ့အမေရိကန်မှာ အလုပ်လက်မဲ့နှုန်း ၁၆ ရာခိုင်နှုန်းမြင့်တက်လာပေမယ့် အာရှမှာတော့ ခုနှစ်ရာခိုင်နှုန်းသာ တက်လာခဲ့ပါတယ်။
တောင်ကိုရီးယားအပါအဝင် နိုင်ငံတချို့မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက တစ်ရက်ကို ရောဂါကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ တစ်ရက်ကို ၁၀ ဦးနှုန်းလောက်အထိ ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။
ရောဂါပိုးစတင်ပြန့်ပွားခဲ့တဲ့တရုတ်နိုင်ငံမှာ ဧပြီလ ၂၆ ရက်က ရောဂါထပ်မံကူးစက်ခံရသူသုံးဦးသာ ရှိခဲ့ပါတယ်။
လက်တင်အမေရိကနဲ့အာဖရိကမှာ ရောဂါကူးစက်ခံရသူအရေအတွက် မြင့်တက်နေဆဲဖြစ်သလို မက္ကဆီကိုမှာ ၁၃၈၀၀ ကျော်နဲ့ ဘရာဇီးမှာ ၆၀၀၀၀ ကျော်ရှိလာခဲ့တယ်လို့ သိရပါတယ်။
Asteria (28.4.2020)
Ref: Channel News Asia

No comments:

Post a Comment

My Blog List