Tuesday, April 28, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁၁၅၃၇ ယောက်၊ ကူးစက်သူ ၃၀၆၄၂၂၅ ယောက် ရှိလာ

Image may contain: one or more people, sky and outdoor
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ ၂၁၁၅၃၇ ယောက်ရှိလာပြီး ကူးစက်သူ ၃၀၆၄၂၂၅ ယောက် ရှိလာပြီ လို့ ဒီမနက် wotrldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ တစ်ရက်အတွင်း ကူးစက်သူ ၂၃၀၀၀ ကျော် တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း ကူးစက်သူ တစ်သန်းကျော်သွားပြီဖြစ်ပါတယ်။ တစ်ရက်အတွင်း သေဆုံးသူ ၁၃၈၄ ယောက် ရှိခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၅၆၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။
ဥရောပရဲ့ ကူးစက်သူအများဆုံး စပိန်နိုင်ငံမှာ တစ်ရက်အတွင်း ကူးစက်သူ ၂၈၀၀ နီးပါး ရှိခဲ့တာကြောင့် စုစုပေါင်း ကူးစက်သူ ၂၃၀၀၀၀ နီးပါး ရှိသွားပါပြီ။ တစ်ရက်အတွင်း သေဆုံးသူ ၃၃၁ ယောက်ရှိခဲ့ပြီးတော့ စုစုပေါင်း သေဆုံးသူ ၂၃၀၀၀ ကျော် သွားပြီဖြစ်ပါတယ်။
ဥရောပရဲ့ သေဆုံးသူအများဆုံး အီတလီနိုင်ငံမှာတော့ တစ်ရက်အတွင်း သေဆုံးသူ ၃၃၃ ယောက် ထပ်တိုးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၂၇၀၀၀ နီးပါး ရှိလာပါတယ်။ တစ်ရက်အတွင်း ကူးစက်သူကတော့ ၁၇၀၀ ကျော် ထပ်တွေ့ခဲ့ပါတယ်။ ဒါကြောင့် ကူးစက်သူ စုစုပေါင်း နှစ်သိန်းနီးပါး ရှိလာပါပြီ။
ရုရှားကတော့ အမေရိကန် ပြည်ထောင်စုပြီးရင် တစ်ရက်အတွင်း ကူးစက်သူအများဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။ ကူးစက်သူ ၆၂၀၀ နီးပါး တွေ့ရှိခဲ့တာကြောင့်ပါ။ စုစုပေါင်း ကူးစက်သူ ၈၇၀၀၀ ကျော် ရှိနေပါပြီ။ တစ်ရက်အတွင်း သေဆုံးသူကတော့ ၄၇ ယောက် ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၈၀၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုပြီးရင် တစ်ရက်အတွင်း သေဆုံးသူအများဆုံး နိုင်ငံကတော့ ပြင်သစ်နိုင်ငံဖြစ်ပါတယ်။ ၄၃၇ ယောက် သေဆုံးခဲ့တာကြောင့်ပါ။ စုစုပေါင်း သေဆုံးသူ ၂၃၀၀၀ ကျော်သွားပါပြီ။ စုစုပေါင်း ကူးစက်သူ ၁၇၀၀၀၀ နီးပါး ရှိနေ ပြီလည်းဖြစ်ပါတယ်။
ဗိုင်းရပ်စ် စတင်ကူးစက်ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ တစ်ရက်အတွင်း ကူးစက်သူ ခြောက်ယောက်ပဲ တွေ့ရှိခဲ့ပါတယ်။ အဲဒီ ခြောက်ယောက်မှာ သုံးယောက်က ပြည်ပကနေ ဝင်ရောက်လာသူတွေဖြစ်ပါတယ်။ သေဆုံးသူမရှိဘူးလို့ ဒီနေ့မနက် ထုတ်ပြန်ကြေညာထားပါတယ်။
Source: worldometer

No comments:

Post a Comment

My Blog List