Tuesday, April 28, 2020

နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ကော်မရှင်တာဝန်ရှိသူပြော

Image may contain: 2 people
အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဧပြီ ၂၈ရက် ဒီနေ့မှာ ကော်မရှင်ရဲ့ လူမှုကွန်ယက် စာမျက်နှာက တဆင့် ပြောလိုက်ပါတယ်။
လွှတ်တော်သက်တမ်းကို ငါးနှစ်လို့ သတ်မှတ်ထားတဲ့အပြင် အထွေထွေ ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်အစည်းအဝေး ခေါ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာဖြစ်လို့ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေကို နိုဝင်ဘာလတွေမှာ ကျင်းပခဲ့ပြီး အဲဒီနမူနာအတိုင်း ၂၀၂၀ ရွေးကောက်ပွဲကိုလည်း ကျင်းပနိုင်ဖွယ်ရှိတယ်လို့ သူကပြောခဲ့တာပါ။

ကျင်းပမယ့်အချိန်ကို အတိအကျ ထုတ်ဖော်ပြောတာ မရှိပေမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကော်မရှင်က တစ်စုံတစ်ရာ မကြေညာတဲ့အတွက် စိုးရိမ်နေတယ်ဆိုတာကြောင့် အခုလို အသိပေးတာလို့ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲ ရက်ကြေညာဖို့အတွက် ဆန္ဒစောလို့ မရကြောင်းနဲ့ ကော်မရှင်က မကြေညာသေးရင်လည်း ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေက မိမိတို့ ဆောင်ရွက်စရာရှိတာတွေကို ပုံမှန်အတိုင်း ဆောင်ရွက်ထားဖို့ လိုတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲမကျင်းပခင် သုံးလနီးပါးအလိုမှာ ကော်မရှင်က ကြေညာခဲ့သလို၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ မှာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်မတိုင်မီ လေးလအလိုမှာ ကော်မရှင်က ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုလည်း အရင်အတိုင်း ကြေညာသွားမယ်လို့ ဆိုပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မကျင်းပခင်က အဲဒီအချိန်က ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့မှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ ၂၀၁၅ အောက်တိုဘာ နောက်ဆုံးအပတ် ဒါမှမဟုတ် နိုဝင်ဘာလ ပထမ အပတ်ထဲမှာ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ ၁ နှစ်အလိုကတည်းက အသိပေးခဲ့ပါတယ်။

လက်ရှိ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က အိန္ဒိယနိုင်ငံမှာဆိုရင် မဲဆန္ဒရှင် သန်းပေါင်း ၉၀၀ ရှိပြီး ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ တစ် လအလိုမှ ကြေညာတာ၊ ထိုင်းနိုင်ငံမှာဆိုရင် သုံးလ အလိုမှသာ ကြိုကြေညာတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ကာလတွေ ကတည်းက ခြောက်လခန့် ကြိုတင်ကြေညာဖို့ ကော်မရှင်ထံ တင်ပြခဲ့ဖူးပါတယ်။

ဖေဖော်ဝါရီလကအထိ ကောက်ယူထားတဲ့ ကော်မရှင်ရဲ့ စာရင်းတွေအရ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိပါတယ်။
- Unicode
~~~~~~~~~~~~~~~

နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ကော်မရှင်တာဝန်ရှိသူပြော
~~~~~
■ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဧပြီ ၂၈ရက် ဒီနေ့မှာ ကော်မရှင်ရဲ့ လူမှုကွန်ယက် စာမျက်နှာက တဆင့် ပြောလိုက်ပါတယ်။

လွှတ်တော်သက်တမ်းကို ငါးနှစ်လို့ သတ်မှတ်ထားတဲ့အပြင် အထွေထွေ ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်အစည်းအဝေး ခေါ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာဖြစ်လို့ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေကို နိုဝင်ဘာလတွေမှာ ကျင်းပခဲ့ပြီး အဲဒီနမူနာအတိုင်း ၂၀၂၀ ရွေးကောက်ပွဲကိုလည်း ကျင်းပနိုင်ဖွယ်ရှိတယ်လို့ သူကပြောခဲ့တာပါ။

ကျင်းပမယ့်အချိန်ကို အတိအကျ ထုတ်ဖော်ပြောတာ မရှိပေမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကော်မရှင်က တစ်စုံတစ်ရာ မကြေညာတဲ့အတွက် စိုးရိမ်နေတယ်ဆိုတာကြောင့် အခုလို အသိပေးတာလို့ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲ ရက်ကြေညာဖို့အတွက် ဆန္ဒစောလို့ မရကြောင်းနဲ့ ကော်မရှင်က မကြေညာသေးရင်လည်း ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေက မိမိတို့ ဆောင်ရွက်စရာရှိတာတွေကို ပုံမှန်အတိုင်း ဆောင်ရွက်ထားဖို့ လိုတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲမကျင်းပခင် သုံးလနီးပါးအလိုမှာ ကော်မရှင်က ကြေညာခဲ့သလို၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ မှာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်မတိုင်မီ လေးလအလိုမှာ ကော်မရှင်က ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုလည်း အရင်အတိုင်း ကြေညာသွားမယ်လို့ ဆိုပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မကျင်းပခင်က အဲဒီအချိန်က ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့မှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ ၂၀၁၅ အောက်တိုဘာ နောက်ဆုံးအပတ် ဒါမှမဟုတ် နိုဝင်ဘာလ ပထမ အပတ်ထဲမှာ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ ၁ နှစ်အလိုကတည်းက အသိပေးခဲ့ပါတယ်။

လက်ရှိ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က အိန္ဒိယနိုင်ငံမှာဆိုရင် မဲဆန္ဒရှင် သန်းပေါင်း ၉၀၀ ရှိပြီး ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ တစ် လအလိုမှ ကြေညာတာ၊ ထိုင်းနိုင်ငံမှာဆိုရင် သုံးလ အလိုမှသာ ကြိုကြေညာတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တေွက ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ကာလတွေ ကတည်းက ခြောက်လခန့် ကြိုတင်ကြေညာဖို့ ကော်မရှင်ထံ တင်ပြခဲ့ဖူးပါတယ်။

ဖေဖော်ဝါရီလကအထိ ကောက်ယူထားတဲ့ ကော်မရှင်ရဲ့ စာရင်းတွေအရ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိပါတယ်။
- Zawgyi
~~~~~~~~~~~~~~~
Photo: Kyaw Zaw Win/ RFA

(ရန်ကုန်တိုင်း၊ တာမွေမြို့နယ် မဲရုံအမှတ် (၃) မှာ မဲလာပေးသူတစ်ဦးကို ၂၀၁၈၊ နိုဝင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်)

No comments:

Post a Comment

My Blog List