Tuesday, April 28, 2020

မန္တလေး ကန်တော်နဒီဆေးရုံ၌ တက်ရောက်ကုသစဉ် ရေနှင့် အစားအသောက် အပါအဝင် အဆင်မပြေမှုများ ကြုံခဲ့ရဟု COVID-19 လူနာဆို ကန်တော်နဒီဆေးရုံတွင် လိုအပ်ချက်များ ပြင်ဆင်ဆောင်ရွက်ထားပြီး ဖြစ်ကာ ရှိသည့်အင်အားဖြင့် လုပ်ကိုင်နေရခြင်းဖြစ်ဟု မန္တလေး ဆေးရုံအုပ်ကြီးပြော

Image may contain: sky, tree, plant and outdoor
COVID-19 ရောဂါ သီးသန့်ကုသသည့် ဆေးရုံအဖြစ် သတ်မှတ်ထားသည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်နဒီ ဆေးရုံတွင် ဆေးရုံတစ်ခု၏ ရှိရမည့် အထောက်အပံ့နှင့် ဝန်ထမ်းအင်အား လိုအပ်ချက်များ ရှိနေကြောင်း ယင်းဆေးရုံ၌ COVID-19 လူနာအဖြစ် ကိုယ်တိုင်တက်ရောက် ကုသမှုခံယူခဲ့သည့် ကိုကျော်လင်းထက် (Case-04 ) က ပြောသည်။

အဆိုပါ ဆေးရုံ၌ COVID-19 လူနာအဖြစ် ကုသမှု ခံယူနေရစဉ် ကာလအတွင်း ရေချိုးခန်းနှင့် အိမ်သာအတွက် ရေမလာသည့် ပြဿနာ၊ အစားအသောက် အခက်အခဲဖြစ်၍ ညနေ(၃)နာရီဝန်းကျင်မှ နေ့လည်စာ စားရသည့်အခြေအနေ စသည်များ ကြုံတွေ့ခဲ့ရသည်ဟု COVID-19 ရောဂါ သက်သာပျောက်ကင်း၍ ဆင်းရုံမှ ဆင်းခွင့်ရထားသည့် ကိုကျော်လင်းထက် (Case-04 ) က ယနေ့ ဧပြီ(၂၈)ရက် နံနက်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် COVID-19 အတည်ပြုလူနာများ video conferencing ဖြင့် အပြန်အလှန်ဆွေးနွေးသည့် အစီအစဉ်တွင် ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်သည် ချမ်းသာသည့် နိုင်ငံများကဲ့သို့ မဖွံ့ဖြိုးသော်လည်း တတ်နိုင်သမျှ လုပ်ပေးနေသည့်အတွက် မန္တလေးမြို့၊ ကန်တော်နဒီ ဆေးရုံတွင် ဆေးကုသမှုခံယူရာ၌ စိတ်ကျေနပ်မှုနှင့် စိုးရိမ်မှုများ ရှိသလားဟု မေးမြန်းရာတွင် ကိုကျော်လင်းထက် (Case-04 ) က အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်နဒီ ဆေးရုံတွင် Covid-19 အတည်ပြုလူနာအဖြစ် တစ်ဦးတည်း တက်ရောက်ကုသစဉ် အသုံးအဆောင်ပစ္စည်း အဆင်သင့်မရှိခြင်း၊ တစ်ကိုယ်ရေသန့် ရှင်းရေးအတွက် လိုအပ်သည့် ရေမရရှိခြင်း၊ ကျန်းမာရေးဝန်ထမ်းအင်အား မလုံလောက်ခြင်း စသည်တို့တွေ့ကြုံရသည်ဟု ကိုကျော်လင်းထက်က ပြောသည်။
“ကျွန်တော်နေရတဲ့ ward လေးမှာ အခန်း ၈ ခန်းရှိတယ်ဗျ။ အခန်း ၈ ခန်းစလုံးမှာ ကျွန်တော်အမြင် ပြောရမယ်ဆိုရင် ပထမဦးဆုံး facility အပိုင်းလေးတွေ လိုအပ်ချက်ရှိတယ်လို့ မြင်မိပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် Toilet တို့၊ ရေချိုးခန်းတို့ကအစ ရေမလာတဲ့ပြသနာလေးတွေ၊ Toilet ဆိုလည်း ပျက်နေတဲ့အပိုင်းလေးတွေရှိနေတော့ ကျွန်တော် ဒီ (၈) ခန်းထဲမှာမှ အကောင်းဆုံး ဖြစ်မယ် ဆိုတဲ့အခန်းလေးကို ရွေးပြီးနေလိုက်ပါတယ်။ နေလိုက်တယ်ဆိုပေမယ့် လိုအပ်မယ့်အသုံး အဆောင်ပစ္စည်းလေးတွေကို အိမ်ကနေမှာတာတို့၊ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေဆီကနေ တောင်းတာတို့နဲ့ ဒီလိုအဆင်ပြေခဲ့ပါတယ်။ လိုအပ်တဲ့ပစ္စည်းပစ္စယတွေ ပံ့ပိုးမှုကျတော့ အဆင်သင့် မဖြစ်တာ တွေ့ရပါတယ်။ ပြီးတော့ ဝန်ထမ်းပိုင်းလေးတွေ။ ကျွန်တော်က အစားအသောက်စားတာတို့ ဆေးဝါးပစ္စည်းဝယ်တာတို့ အပြင်ကညီမလေးတွေ သူငယ်ချင်းတွေကို အကူအညီတောင်းရပါတယ်။ တောင်းရတော့ ဝန်ထမ်းမလုံလောက်တဲ့အတွက် တခါတလေကျလို့ရှိရင် နေ့လည်စာက ၃ နာရီလောက်မှ စားရတာတို့ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုသည့်အတွက် ၎င်းအပေါ် ဖိအားများရှိသော်လည်း အပြုသဘောဆောင်သည့် သဘောဖြင့် ပြောခြင်း ဖြစ်ကြောင်း ၊ complaint (စောဒက) တက်သည့် သဘောမျိုးလည်း မဟုတ်ဘဲ အခက်အခဲများကို ထင်သာမြင်သာဖြစ်အောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြားသိစေရန် ပြောခြင်းဖြစ်ကြောင်း ကိုကျော်လင်းထက်က ဆိုသည်။
COVID-19 ကို အဓိက ကုသပေးရန် စီစဉ်ထားသည့် ကန်တော်နဒီဆေးရုံ၌ လူနာတစ်ဦးတည်း ရှိနေသည့်အချိန်တွင်ပင် လိုအပ်ချက်များ မဖြည့်ဆည်းပေးနိုင်သည့်အတွက် လူနာများလာပါက ပိုပြီးပြင်ဆင်ထားစေလိုသည်ဟု ကိုကျော်လင်းထက်က ဆိုသည်။
“ပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမေတို့ ဒါကြည့်ပြီး လုပ်ပေးရမှာပေါ့။ ဒါမှန်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က video conferencing ဖြင့် အပြန်အလှန် ဆွေးနွေးသည့် အစီအစဉ်တွင် ပြန်လည်ဖြေကြားသည်။
“ဆေးရုံမှာ ရေက အင်မတန် အရေးကြီးပါတယ်။ ဘယ်နေရာမှာမဆို ရေက အရေးကြီးတယ်။ ဆေးရုံတစ်ခုမှာဆို သန့်ရှင်းရေးနဲ့ ပတ်သက်တယ်။ သန့်ရှင်းရေးဆိုတာက ကျန်းမာရေးနဲ့ပတ် သက်တယ်။ ဒါတွေက ဆက်နွယ်နေတယ်။ ရေကောင်းကောင်းရဖို့ရယ် ရေမှန်မှန်ရဖို့ရယ်ဆိုတာက အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ အမေတို့ ဒါကို ချက်ချင်းကြည့်ပေးပါမယ်။ ဘာဖြစ်လို့ ဒီလိုအခြေအနေတွေ ရှိနေလဲဆိုတာ။ နောက်တစ်ခုကလည်း ဝန်ထမ်းအင်အားနည်းနေတယ်ဆိုတဲ့ဟာမှာ လူနာတစ်ယောက်က နေ့လည် ၃ နာရီမှ နေ့လည်စာ စားရတယ်ဆိုတာတော့ နည်းနည်းလွန်တယ်လို့ ထင်ပါတယ်။ ဝန်ထမ်းအင်အား မလုံလောက်ဘူးဆိုရင် ဘယ်လိုပုံစံနဲ့ အင်အားတွေ ဖြည့်ပေးမလဲဆိုတာ ဒါကိုတော့ ချက်ချင်းကြည့်ပေးမှာပါ။ ကြည့်လည်းကြည့်ပေးသင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
COVID-19 အတည်ပြုလူနာ အသက် (၃၃) နှစ်အရွယ် ကိုကျော်လင်းထက်သည် အမေရိကန်နိုင်ငံသား ခံယူထားသည့် မြန်မာလူမျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် စတုတ္ထမြောက် ပိုတွေ့လူနာ (Case-4) ဖြစ်သလို မန္တလေးတိုင်းအတွင်း ပထမဆုံးသော COVID-19 ရောဂါ အတည်ပြုလူနာ ဖြစ်သည်။
၎င်းသည် အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီးနောက် ဖျားနာရာမှ COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ (၂၇) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် မန္တလေး ကန်တော်နဒီဆေးရုံ၌ ဆယ်ရက်ကျော်ကြာ ဆေးဝါးကုသမှု ခံယူခဲ့ပြီး ဧပြီ (၈) ရက်တွင် ရောဂါမှ ပြန်လည်သက်သာလာခဲ့ကာ မြန်မာနိုင်ငံတွင် ပထမဆုံးသော COVID-19 ရောဂါ ပျောက်ကင်းသူ ဖြစ်လာသည်။ လက်ရှိတွင် Home Quarantine (နေအိမ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့် နေထိုင်ခြင်း) တစ်လ အဖြစ် နေထိုင်နေသူဖြစ်သည်။
မန္တလေး ကန်တော်နဒီဆေးရုံတွင် ရေမလာခြင်းအတွက် မော်တာ လဲလှယ်ပေးထားပြီးဖြစ်သလို အိမ်သာများလည်း ပြင်ဆင်ပြီးဖြစ်ကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက Mandalay In-depth News အား ပြောသည်။ ကန်တော်နဒီဆေးရုံသည် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသည်။
ထို့အပြင် လူနာ နေ့လည်စာ စားချိန် နောက်ကျသည်နှင့် ပတ်သက်၍ “အစ်မတို့ ပြန်မေးကြည့်တာတော့ တစ်ရက်တော့ အဆင်မပြေ ဖြစ်တယ်ပေါ့။ ဒါကတော့ ကြားထဲမှာ အချိတ်အဆက်တစ်ခု လွဲသွားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ သူက ထမင်းက အိမ်က လာလာပို့ပေးတယ် ပြောတယ်။ သူ့အိမ်ကလည်း ရှိတော့လေ ။ အိမ်ကလာပို့တဲ့ ထမင်းက အထဲရောက်ဖို့ရာ gap ဖြစ်သွားတာပေါ့” ဟု ဒေါက်တာစုစုဒွေးက ရှင်းပြသည်။
ကျန်းမာရေး ဝန်ထမ်းအင်အားသည် မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင်သာမက တစ်နိုင်ငံလုံး ရှိသည့်အင်အားနှင့် လုပ်နေရခြင်းဖြစ်ကြောင်း၊ ယခုလို Covid-19 ရောဂါ ဖြစ်ပွားစဉ်ကာလတွင် ကျန်းမာရေး ဝန်ထမ်း အင်အား ပို၍လိုအပ်ကြောင်း ၎င်းက ဆိုသည်။
“တစ်ယောက်တည်း တက်တက် နှစ်ယောက်ပဲ တက်တက် လူအင်အားကတော့ လိုတာပေါ့”ဟု ဒေါက်တာစုစုဒွေးက ပြောသည်။
ကန်တော်နဒီဆေးရုံသည် ဝူဟန်ပြန် ကျောင်းသားကျောင်းသူများ ထားရှိမှသာ ပြင်ဆင်ရခြင်းဖြစ်သည့် အတွက် ဆေးရုံတစ်ခု၏ အင်္ဂါရပ်များနှင့် လူနာ၏ လိုအပ်ချက်များ ရှိနေမည်ဖြစ်သလို လိုအပ်ချက်များကို ပြင်ဆင်ရင်းဖြင့် လူနာများကို ထားရခြင်းဖြစ်ကြောင်း မန္တလေးတိုင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။
ယနေ့ ဧပြီ(၂၈)ရက်အထိ မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ (၁၄၆) ဦး ရှိခဲ့ပြီး နင်းတို့အနက် (၅)ဦး သေဆုံးကာ (၁၆)ဦး ပြန်လည်ကျန်းမာလာပြီ ဖြစ်သည်။ ဆေးကုသမှု ခံယူနေဆဲ COVID-19 လူနာများအနက် ရန်ကုန်မြို့၌ (၁၀၀)ကျော် ဖြစ်ပြီး မန္တလေး ကန်တော်နဒီ ဆေးရုံ၌မူ လက်ရှိခံသမူ ခံယူနေသည့် COVID-19 လူနာ နှစ်ဦး ရှိသည်။
Image may contain: one or more people, people sitting, motorcycle, tree and outdoor
Image may contain: car and outdoor
မန္တလေး ကန်တော်နဒီဆေးရုံ/ Photo – Mandalay In-depth News
#Mandalay_Indepth_News
.

မန္တလေး ကန်တော်နဒီဆေးရုံ၌ တက်ရောက်ကုသစဉ် ရေနှင့် အစားအသောက် အပါအဝင် အဆင်မပြေမှုများ ကြုံခဲ့ရဟု COVID-19 လူနာဆို
ကန်တော်နဒီဆေးရုံတွင် လိုအပ်ချက်များ ပြင်ဆင်ဆောင်ရွက်ထားပြီး ဖြစ်ကာ ရှိသည့်အင်အားဖြင့် လုပ်ကိုင်နေရခြင်းဖြစ်ဟု မန္တလေး ဆေးရုံအုပ်ကြီးပြော
ဒီဒါင်းမေ၊ ဧပြီ-၂၈

No comments:

Post a Comment

My Blog List