Tuesday, April 28, 2020

Quarantineစင်တာမှထွက်ပြေးခဲ့သည့် လင်မယား ၂ဦးကို ဥပဒေအတိုင်း တရားရုံးဦးတိုက်လျှောက်ထားတရားစွဲမည်ဟုဆို

Image may contain: one or more people and people standing

မော်လမြိုင်တွင်ဖွင့်လှစ်ထားသည့် Quarantineစင်တာတစ်ခုမှထွက်ပြေးခဲ့သည့် လင်မယား ၂ဦးကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က တရားရုံးဦးတိုက်လျှောက်ထားတရားစွဲဆိုသွားရန်ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်ဝန်းအတွင်းရှိ ဆယ်မြို့နယ်အဆောင်တွင် ဖွင့်လှစ်ထားသည့် Quarantineစင်တာမှနေ၍ အဆိုပါလင်မယား၂ဦးမှာ ထွက်ပြေးသွားခဲ့၍ သက်ဆိုင်ရာက လိုက်လံရှာဖွေခဲ့ရာ ယနေ့မနက်တွင် ရေးမြို့နယ် အစင်ဘက်တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။
“ကောင်လေးက မြဝတီဘက်က၊ခလေးမလေးက ရေးဘက်က။ခုတွေ့တာက ရေးဘက်မှာပြန်တွေ့တာပေါ့။ဒီမှာက သောက်ရေဆိုလည်း ကဒ်လိုက်၊နောက် စားသောက်၊နေထိုင် အကုန်ငြိမ်း ဒါကို ထွက်ပြေးသွားတာ။ဒီတော့ ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာပါ။Quarantineစင်တာတွေက လိုက်နာရမယ့် စည်းကမ်းချက်တွေကို ပြောပြထားတယ်။မြင်သာတဲ့နေရာတွေမှာလည်း ကပ်ထားပြီးသားပါ။အခုတော့ လက်ဆင့်ကမ်းပြီး မော်လမြိုင်ကို ခေါ်လာပါပြီ။အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက ဥပဒေအတိုင်းဆောင်ရွက်သွားဖို့ ရှိနေပါတယ်”ဟု သက်ဆိုင်ရာတာဝန်ရှိသူက Myanmar Harp ကိုပြောသည်။
ကိုမင်း/Myanmar.Harp

No comments:

Post a Comment

My Blog List