Tuesday, April 28, 2020

ရန်ကုန် ဖိနပ်စက်ရုံမှ ပြန်လာသည့်သံသယလူနာ စစ်ဆေးရန် NHL သို့ပို့

Image may contain: outdoor
ရန်ကုန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးစစ်ဆေးတွေ့ရှိထားသည့် ချန်းရဖိနပ်စက်ရုံမှအလုပ်သမား အမျိုးသမီးတစ်ဦး တောင်ငူ‌ဆေးရုံတွင် သံသယလူနာအဖြစ်တက်ရောက်ကုသနေရာမှနှာခေါင်းတို့ပတ်နမူနာကိုဧပြီလ၂၆ ရက်နေ့က NHLသို့ပေးပို့စစ်ဆေးထားသည်ဟု ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

အဆိုပါ အမျိုးသမီးငယ်သည် လွန်ခဲ့သည့်တစ်လခန့်က အဖော်များနှင့်အတူ ကားစင်းလုံးငှားကာ ဖိနပ်စက်ရုံမှအုတ်တွင်းမြို့နယ် ဘုရားလေးကျေး
ရွာနေအိမ်ကို ပြန်ရောက်လာခြင်းဖြစ်ဖြစ်ပြီး လက်ရှိတွင် လည်ချောင်းနာခြင်း၊ဖျားနားခြင်း လက္ခဏာများဖြင့် ဧပြီ၂၆ ရက်နေ့က တောင်ငူဆေးရုံကြီးကို တက်ရောက်ဆေးကုသမှုခံယူနေရသည်။

အဆိုပါအမျိုးသမီးသည် အသက်၂၄နှစ်အရွယ်ဖြစ်ပြီး ရန်ကုန်မြို့လှိုင်သာယာဖိနပ်ချုပ် စက်ရုံတွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး လက်ရှိတွင်သတိကောင်းစွာရရှိပြီး သွေးပေါင်ချိန်ပုံမှန်နှင့် အသက်ရှူနှုန်း ပုံမှန် ရှိသော်လည်း အဆုပ် အနည်းငယ်ရောင်နေကြောင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်သည်။
ကျော်သူဝင်း(တောင်ငူ)
Isee Media

No comments:

Post a Comment

My Blog List