
နယူးဇီလန်နိုင်ငံတွင် COVID-19 လူထုတွင်းကူးစက်မှုကို ရပ်တန့်နိုင်ခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်ကပြောကြားလိုက်သည်။
ယခု ရက်ပိုင်းအတွင်း အသစ်ကူးစက်မှုများမှာ ခု ဂဏန်းတစ်လုံးမျှသာရှိခဲ့ပြီး တနင်္ဂနွေနေ့ကဆိုလျှင် အသစ်ကူးစက်မှု တစ်ခုသာ တွေရှိခဲ့ကြောင်းနှင့် လက်ရှိတွင် ဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်နေပြီဟု ဆိုနိုင်ကြောင်းကိုလည်း ဝန်ကြီးချုပ်ကပြောသည်။
”ကျွန်မတို့ဟာ စီးပွားရေးတွေ ပြန်လည်လုပ်ဆောင်မှာဖြစ်ပေမယ့် လူထုဆက်ဆံရေး ကန့်သတ်ချက်တွေကတော့ ရှိနေဦးမှာပါ”ဟု ဝန်ကြီါ်ချုပ်ကပြောသည်။
သို့ရာတွင် ယခုလက်ရှိအခြေအနေသည် ဗိုင်းရပ်စ်ကို လုံးလုံးလျားလျားအောင်နိုင်ခြင်းမဟုတ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက သတိပေးထားသည်။
ယနေ့ ဧပြီ ၂၈ ရက်မှ အစပြု၍ မရှိမဖြစ်လိုအပ်ခြင်းမဟုတ်သော စီးပှားရေးလုပျငနျးအခြို့၊ ကနြျးမာရေးဝနျဆောငျမှုအခြို့နှင့် ပညာရေးဝန်ဆောင်မှုအချို့တို့ကို ပြန်လည်လုပ်ဆောင်ခွင့်ပြုမည်ဖြစ်သည်။
သို့ရာတွင် ပြည်သူအများစုမှာမူ အိမ်တွင်းတွင်သာ နေကြရဦးမည်ဖြစ်ပြီး၊ လူမှုရေးဆိုင်ရာ အပြန်အလှန်ဆက်ဆံမှုများကို ရှောင်ကျဉ်နေကြရဦးမည်ဖြစ်သည်။
နယူးဇီလန်နိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁၄၇၂ ဦးရှိပြီး၊ ၁၉ ဦးသေဆုံးခဲ့ကာ၊ ၁၂၁၄ ဦးသက်သာပျောက်ကင်းခဲ့ပြီဖြစ်သည်။
Source: BBC
Ref: Coronavirus: New Zealand claims no community cases as lockdown eases
(Zawgyi)
နယူးဇီလန်နိုင်ငံတွင် COVID-19 လူထုတွင်းကူးစက်မှုကို ရပ်တန့်နိုင်ခဲ့ပြီဟုဆို
နယူးဇီလန်၊ ဧပြီ ၂၈
နယူးဇီလန်နိုင်ငံတွင် COVID-19 လူထုတွင်းကူးစက်မှုကို ရပ်တန့်နိုင်ခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်ကပြောကြားလိုက်သည်။
ယခု ရက်ပိုင်းအတွင်း အသစ်ကူးစက်မှုများမှာ ခု ဂဏန်းတစ်လုံးမျှသာရှိခဲ့ပြီး တနင်္ဂနွေနေ့ကဆိုလျှင် အသစ်ကူးစက်မှု တစ်ခုသာ တွေရှိခဲ့ကြောင်းနှင့် လက်ရှိတွင် ဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်နေပြီဟု ဆိုနိုင်ကြောင်းကိုလည်း ဝန်ကြီးချုပ်ကပြောသည်။
”ကျွန်မတို့ဟာ စီးပွားရေးတွေ ပြန်လည်လုပ်ဆောင်မှာဖြစ်ပေမယ့် လူထုဆက်ဆံရေး ကန့်သတ်ချက်တွေကတော့ ရှိနေဦးမှာပါ”ဟု ဝန်ကြီါ်ချုပ်ကပြောသည်။
သို့ရာတွင် ယခုလက်ရှိအခြေအနေသည် ဗိုင်းရပ်စ်ကို လုံးလုံးလျားလျားအောင်နိုင်ခြင်းမဟုတ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက သတိပေးထားသည်။
ယနေ့ ဧပြီ ၂၈ ရက်မှ အစပြု၍ မရှိမဖြစ်လိုအပ်ခြင်းမဟုတ်ေသာ စီးပွားရေးလုပ်ငန်းအချို့၊ ကျန်းမာရေးဝန်ဆောင်မှုအချို့နှင့် ပညာရေးဝန်ဆောင်မှုအချို့တို့ကို ပြန်လည်လုပ်ဆောင်ခွင့်ပြုမည်ဖြစ်သည်။
သို့ရာတွင် ပြည်သူအများစုမှာမူ အိမ်တွင်းတွင်သာ နေကြရဦးမည်ဖြစ်ပြီး၊ လူမှုရေးဆိုင်ရာ အပြန်အလှန်ဆက်ဆံမှုများကို ရှောင်ကျဉ်နေကြရဦးမည်ဖြစ်သည္။
နယူးဇီလန်နိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁၄၇၂ ဦးရှိပြီး၊ ၁၉ ဦးသေဆုံးခဲ့ကာ၊ ၁၂၁၄ ဦးသက်သာပျောက်ကင်းခဲ့ပြီဖြစ်သည်။
Source: BBC
Ref: Coronavirus: New Zealand claims no community cases as lockdown eases
No comments:
Post a Comment