Friday, October 25, 2019

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး ဦးဆောင်နေသည့် ပြည်ခိုင်ဖြိုး ပါတီတွင် သူခိုးမရှိ၊ ခိုးခဲ့သူအနည်းစုကြောင့် သူခိုးပါတီဟု စွပ်စွဲ ခံရခြင်းဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်ပြော


No photo description available.

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေး ဦးဆောင်နေသည့် ပြည်ခိုင်ဖြိုး ပါတီတွင် သူခိုးမရှိကြောင်း၊ ခိုးခဲ့သူအနည်းစုကြောင့် သူခိုးပါတီဟု စွပ်စွဲခံရခြင်းဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်များနှင့်တွေ့ဆုံပွဲတွင် ပါတီပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ယင်းသို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ကျွန်တော်တို့ပါတီ သူခိုးပါတီလို့စွပ်စွဲခံရတယ် အကြောင်းမဲ့ တော့မဟုတ်ဘူး ခိုးခဲ့တဲ့သူတွေရှိလို့ စွပ်စွဲခံရတာ သို့သော် အဲ့ဒီခိုးခဲ့တဲ့သူအနည်းစုကြောင့် ကျွန်တော်တို့သူခိုးပါတီလို့စွပ်စွဲခံရတာ ဒီနေ့ပြည်ခိုင်ဖြိုးဟာ ပါတီဥက္ကဌ ကြီး ဦးသန်းဌေး ဦးဆောင်နေတဲ့ ပြည်ခိုင်ဖြိုးမှာ သူခိုး တွေမရှိဘူး အနိုင်ရခဲ့လို့ အစိုးရဖွဲ့လို့ ခိုးရင် ပြတ်ပြတ်သားသားအရေးယူမယ် ကျွန်တော်တို့မခိုးဘူးဆိုတာ ရဲရဲဝံ့ဝံ့ပြောမယ်”ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ပြည်ခိုင်ဖြိုးပါတီအစိုးရ လက်ထက်တွင် လူကြီးအချို့ အမှားဖြစ်ခဲ့မှုများ ရှိသကဲ့သို့ လက်ရှိ အစိုးရလက်ထက်တွင်လည်း အမှားများ ရှိနေကြောင်း ဒေါက်တာနန္ဒာလှမြင့်ကဆိုသည်။
“ဒီနေ့ကော အာဏာရ လာတဲ့အချိန်မှာ ဖောက်ပြန်တဲ့လူတွေရှိတာပဲ တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အချုပ်ထဲရောက်နေတာ မဟုတ်ဘူးလား လူနဲ့ပဲဆိုင်တယ်”ဟု ဒေါက်တာနန္ဒာလှမြင့်ကဆိုသည်။
ထို့အတူ ပြည်သူကလိုချင်သည့် ကိုယ်စားလှယ်လောင်း မည်သို့သော သူများဖြစ်သည်နှင့်ပတ်သက်၍လည်း ဒေါက်တာနန္ဒာလှမြင့်က မှတ်ချက်ပြု ပြောကြားခဲ့သည်။
“ပြည်သူက ခင်ဗျားတို့ရဲ့ကိုယ်ကျင့်တရားကို ယုံကြည်လားခင်ဗျား တို့ရဲ့လုပ်ရေကိုင်ရည်ကိုကြိုက်သလား ခင်ဗျားတို့ပြည်သူအတွက် နစ်နာခံပြီးလုပ်နေသလား ရသလောက်လေး အိတ်ထဲထည့် ခေါင်းစဉ် တစ်ခုရှာပိုက်ဆံတစ်ရာရရင် ၅၀ ကိုထည့် ၅၀ပဲသုံးပြည်သူကမြင်တယ် ပြည်သူက လိုချင်ပါ့မလား ပြည်သူက ယုံကြည်ပါ့မလား ဒီလိုလူကို ပြည်သူက လိုချင်ပမလား လိုချင်ပါ့မလား ကိုယ်ကိုပြန်သုံးသပ်”ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့သည်။
The Ladies News
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး ဦးဆောင်နေသည့် ပြည်ခိုင်ဖြိုး ပါတီတွင် သူခိုးမရှိ၊ ခိုးခဲ့သူအနည်းစုကြောင့် သူခိုးပါတီဟုစွပ်စွဲ ခံရခြင်းဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်ပြော
--- --- ---

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေး ဦးဆောင်နေသည့် ပြည်ခိုင်ဖြိုး ပါတီတွင် သူခိုးမရှိကြောင်း၊ ခိုးခဲ့သူအနည်းစုကြောင့် သူခိုးပါတီဟု စွပ်စွဲခံရခြင်းဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်များနှင့်တွေ့ဆုံပွဲတွင် ပါတီပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ယင်းသို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ ကျွန်တော်တို့ပါတီ သူခိုးပါတီလို့စွပ်စွဲခံရတယ် အကြောင်းမဲ့ တော့မဟုတ်ဘူး ခိုးခဲ့တဲ့သူတွေရှိလို့ စွပ်စွဲခံရတာ သို့သော် အဲ့ဒီခိုးခဲ့တဲ့သူအနည်းစုကြောင့် ကျွန်တော်တို့သူခိုးပါတီလို့စွပ်စွဲခံရတာ ဒီနေ့ပြည်ခိုင်ဖြိုးဟာ ပါတီဥက္ကဌ ကြီး ဦးသန်းဌေး ဦးဆောင်နေတဲ့ ပြည်ခိုင်ဖြိုးမှာ သူခိုး တွေမရှိဘူး အနိုင်ရခဲ့လို့ အစိုးရဖွဲ့လို့ ခိုးရင် ပြတ်ပြတ်သားသားအရေးယူမယ် ကျွန်တော်တို့မခိုးဘူးဆိုတာ ရဲရဲဝံ့ဝံ့ပြောမယ်”ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ပြည်ခိုင်ဖြိုးပါတီအစိုးရ လက်ထက်တွင် လူကြီးအချို့ အမှားဖြစ်ခဲ့မှုများ ရှိသကဲ့သို့ လက်ရှိ အစိုးရလက်ထက်တွင်လည်း အမှားများ ရှိနေကြောင်း ဒေါက်တာနန္ဒာလှမြင့်ကဆိုသည်။
“ဒီနေ့ကော အာဏာရ လာတဲ့အချိန်မှာ ဖောက်ပြန်တဲ့လူတွေရှိတာပဲ တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အချုပ်ထဲရောက်နေတာ မဟုတ်ဘူးလား လူနဲ့ပဲဆိုင်တယ်”ဟု ဒေါက်တာနန္ဒာလှမြင့်ကဆိုသည်။
ထို့အတူ ပြည်သူကလိုချင်သည့် ကိုယ်စားလှယ်လောင်း မည်သို့သော သူများဖြစ်သည်နှင့်ပတ်သက်၍လည်း ဒေါက်တာနန္ဒာလှမြင့်က မှတ်ချက်ပြု ပြောကြားခဲ့သည်။
“ပြည်သူက ခင်ဗျားတို့ရဲ့ကိုယ်ကျင့်တရားကို ယုံကြည်လားခင်ဗျား တို့ရဲ့လုပ်ရေကိုင်ရည်ကိုကြိုက်သလား ခင်ဗျားတို့ပြည်သူအတွက် နစ်နာခံပြီးလုပ်နေသလား ရသလောက်လေး အိတ်ထဲထည့် ခေါင်းစဉ် တစ်ခုရှာပိုက်ဆံတစ်ရာရရင် ၅၀ ကိုထည့် ၅ဝပဲသုံးပြည်သူကမြင်တယ် ပြည်သူက လိုချင်ပါ့မလား ပြည်သူက ယုံကြည်ပါ့မလား ဒီလိုလူကို ပြည်သူက လိုချင်ပမလား လိုချင်ပါ့မလား ကိုယ်ကိုပြန်သုံးသပ်”ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့သည်။
The Ladies News

No comments:

Post a Comment

My Blog List