Thursday, October 24, 2019

တရားဥပဒေစိုးမိုးမှုမရှိဘဲ အမှုဗရပွဖြင့် ဆင်းရဲနေပါက စီမံခန့်ခွဲမှု ညံ့ဖျင်းသည့်အစိုးရဟု ပြည်ခိုင်ဖြိုးပါတီပြော


Image may contain: 1 person, standing and text
နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးမှုမရှိဘဲ အမှုဗရပွဖြင့် ဆင်းရဲနေပါက စီမံခန့်ခွဲမှုညံ့ဖျင်းသည့် အစိုးရဟု သတ်မှတ်ရမည် ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်က ပြောဆိုသည်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် အောက်တိုဘာ ၂၂ ရက်ကပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင် အဆို ပြုလွှာပေးအပ်ပွဲ အခမ်းအနားတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရတစ်ရပ် ဘယ်လောက်တော်လဲ၊ အစိုးရတစ်ရပ်ရဲ့ စီမံခန့်ခွဲမှုဘယ်လောက်ကောင်းလဲဆိုတာကို ဆင်းရဲမွဲတေနုံချာ၊ တရားဥပဒေစိုးမိုးမှုမရှိ၊ အမှုတွေ ဗရပွနဲ့ ဆင်းရဲ နေရင်တော့ အဲဒါကတော့ လုံးဝကို စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ အစိုးရ လို့ သတ်မှတ်လို့ရတယ်"ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်က ပြောဆိုသည်။
ထို့ပြင် ပြည်သူလူထုအနေဖြင့် ဘယ်လောက် ပျော်ရွှင်နေလဲ၊ ဘယ်လောက်ပူပင်သောက ရောက်နေကြသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး အစိုးရ ကောင်းတစ်ရပ်ဖြစ်၊ မဖြစ်ကို ဆုံးဖြတ်ကြတာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
"အိမ်မှာနေတာ ဘယ်လောက် ခေါင်းပြားအောင် စိတ်အေးလက်အေးနဲ့ နေနိုင်သလဲ၊ ဘယ်လောက် ပျော်ရွှင်နေလဲ၊ ဘယ်လောက် ပူပင်နေလဲ၊ ကဲ ဒီကနေ့ အနီးစပ်ဆုံးပြောမယ်၊ ဝန်ထမ်းတွေ လကုန်ရက်ဆိုရင် မီတာခပြဿနာ မရှိဘူးလား၊ အဲဒါပျော်ရွှင်တာမဟုတ်ဘူး၊ အဲဒီလို ပျော်ရွှင်မှုညွှန်းကိန်းတွေဟာ ဘယ်လောက်ပျော်ရွှင်လဲဆိုမှ စိတ်ချမ်းသာရမယ်၊ ငွေကြေးချမ်းသာရမယ်၊ ဒါမှသာ အစိုးရကောင်းတစ်ရပ်ဖြစ်မယ်"ဟု ၎င်းကပြောဆိုသည်။
သတင်း - ရဲထက်ကျော်
(Unicode ဖြင့်ဖတ်ရန်)
တရားဥပဒေစိုးမိုးမှုမရှိဘဲ အမှုဗရပွဖြင့် ဆင်းရဲနေပါက စီမံခန့်ခွဲမှု ညံ့ဖျင်းသည့်အစိုးရဟု ပြည်ခိုင်ဖြိုးပါတီပြော

နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးမှုမရှိဘဲ အမှုဗရပွဖြင့် ဆင်းရဲနေပါက စီမံခန့်ခွဲမှုညံ့ဖျင်းသည့် အစိုးရဟု သတ်မှတ်ရမည် ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်က ပြောဆိုသည်။
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် အောက်တိုဘာ ၂၂ ရက်ကပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင် အဆို ပြုလွှာပေးအပ်ပွဲ အခမ်းအနားတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရတစ်ရပ် ဘယ်လောက်တော်လဲ၊ အစိုးရတစ်ရပ်ရဲ့ စီမံခန့်ခွဲမှုဘယ်လောက်ကောင်းလဲဆိုတာကို ဆင်းရဲမွဲတေနုံချာ၊ တရားဥပဒေစိုးမိုးမှုမရှိ၊ အမှုတွေ ဗရပွနဲ့ ဆင်းရဲ နေရင်တော့ အဲဒါကတော့ လုံး၀ကို စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ အစိုးရ လို့ သတ်မှတ်လို့ရတယ်"ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်က ပြောဆိုသည်။
ထို့ပြင် ပြည်သူလူထုအနေဖြင့် ဘယ်လောက် ပျော်ရွှင်နေလဲ၊ ဘယ်လောက်ပူပင်သောက ရောက်နေကြသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး အစိုးရ ကောင်းတစ်ရပ်ဖြစ်၊ မဖြစ်ကို ဆုံးဖြတ်ကြတာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
"အိမ်မှာနေတာ ဘယ်လောက် ခေါင်းပြားအောင် စိတ်အေးလက်အေးနဲ့ နေနိုင်သလဲ၊ ဘယ်လောက် ပျော်ရွှင်နေလဲ၊ ဘယ်လောက် ပူပင်နေလဲ၊ ကဲ ဒီကနေ့ အနီးစပ်ဆုံးပြောမယ်၊ ဝန်ထမ်းတွေ လကုန်ရက်ဆိုရင် မီတာခပြဿနာ မရှိဘူးလား၊ အဲဒါပျော်ရွှင်တာမဟုတ်ဘူး၊ အဲဒီလို ပျော်ရွှင်မှုညွှန်းကိန်းတွေဟာ ဘယ်လောက်ပျော်ရွှင်လဲဆိုမှ စိတ်ချမ်းသာရမယ်၊ ငွေကြေးချမ်းသာရမယ်၊ ဒါမှသာ အစိုးရကောင်းတစ်ရပ်ဖြစ်မယ်"ဟု ၎င်းကပြောဆိုသည်။
သတင်း - ရဲထက်ကျော်

No comments:

Post a Comment

My Blog List