Thursday, October 24, 2019

အောင်ဆန်းရုပ်ရှင်အတွက် ဖန်တီးထားတဲ့ ဝတ်စုံအချို့ သမိုင်းအထောက်အထားနှင့်ကွဲလွဲ၍ ပယ်ခံရ


Image may contain: 3 people, people sitting and indoor

အောင်ဆန်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ့်သူတွေအတွက် ဖန်းတီးထားတဲ့ ဝတ်စုံတွေထဲမှာ သမိုင်းပညာရှင်တွေပြသတဲ့ ဓာတ်ပုံပါ အထောက်အထားတွေနဲ့ ကွဲလွဲနေတာကြောင့် ပယ်လိုက်ရတဲ့ အဝတ်အထည်တွေအတွက် ကိုယ်ပိုင်ငွေ သိန်း ၂၀ ဖိုးဝန်းကျင် ဆုံးရှုံးခဲ့တယ်လို့ တာဝန်ပေးအပ်ခံရတဲ့ ဒီဇိုင်နာတွေထဲက တစ်ယောက်ဖြစ်တဲ့ ပြည်စိုးအောင်က ပြောပါတယ်။

အောင်ဆန်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ့်သူတွေရဲ့ ဝတ်စုံတွေအတွက် ဒီဇိုင်နာ ၈ ဦးပါဝင်တဲ့ အဖွဲ့ကို တာဝန်ပေးထားတာ ဖြစ်ပြီး ဒီအဖွဲ့ထဲမှာတော့ ဒီဇိုင်နာ ပြည်စိုးအောင်က တောင်သူလယ်သမား ဝတ်စုံ၊ တက္ကသိုလ် ကျောင်းသားဝတ်စုံတွေနဲ့ အမျိုးသား သရုပ်ဆောင်တွေအတွက် ဝတ်စုံတွေကို ဖန်တီးပြုလုပ်ပေးဖို့ တာဝန်ယူထားတာပဲ ဖြစ်ပါတယ်။
ပယ်ခဲ့တဲ့အထည်တွေဖြစ်တဲ့ တိုက်ပုံအထည် (၆၀) နဲ့ ပုဆိုးအထည်(၂၀၀)တို့ အတွက် ကိုယ်ပိုင်ငွေ တန်ဖိုးငွေကျပ်သိန်း(၂၀)ဝန်းကျင်ခန့်ဆုံးရှုံးခဲ့ပြီး အခုလို အပယ်ခံရတာဟာ ကိုယ့်အပြစ်ကြောင့်သာဖြစ်တယ်လို့ သီးခြားဆက်သွယ်မေးမြန်းရာမှာ ပြည်စိုးအောင်ကအခုလို ပြောကြားလိုက်တာပါ။
“ကျွန်တော်တို့ကတော့ ကိုယ်ထင်တဲ့အတိုင်း လုပ်လိုက်တယ်လေ။ ဒါပေမဲ့ သူတို့ချထားတဲ့ ရှေးတုန်းကပုံစံတွေဘာတွေနဲ့က မကိုက်ညီဘူးလေ။ ဒီတော့ပယ်တာပေါ့။ ပယ်တဲ့အခါမှာ ကိုယ်ကဆုံးရှုံးတာပေါ့။ ဒါကကိုယ့်အပြစ်ပဲလေ” လို့ ဒီဇိုင်နာ ပြည်စိုးအောင်က ပြောပါတယ်။
အောင်ဆန်းရုပ်ရှင်ကို စက်တင်ဘာ ၃၀ ရက်နေ့က ရန်ကုန်မြို့မှာ စတင်ရိုက်ကူးနေပြီး မန္တလေးမြို့နဲ့ နတ်မောက်မြို့တွေက သမိုင်းကြောင်းဆိုင်ရာ နေရာတွေဖြစ်တဲ့ မြနန်းစံကျော် ရွှေနန်းတောင်၊ အင်းဝဆင်ကျုံးခံတပ်၊ ဗားဂရာကျောင်း၊ မယ်နုအုတ် ကျောင်း နတ်မောက်မြို့က ဗိုလ်ချုပ်နေအိမ်တွေမှာ ဆက်လက်ရိုက်ကူးသွားမှာဖြစ်တယ်လို့ အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

No comments:

Post a Comment

My Blog List