Wednesday, October 23, 2019

ငြိမ်းချမ်းရေး မရှိဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်သည်ကို မမေ့စေလိုကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ပြော


Image may contain: 4 people, people sitting

ငြိမ်းချမ်းရေးမရှိဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်သည်ကို မမေ့စေလိုကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က အောက်တိုဘာလ ၂၃ ရက်နေ့က ကျောက်မျက်ပြပွဲ ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ပြောကြားခဲ့သည် ။

မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း ကျောက်မျက်ပြပွဲကို မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာတွင်ကျင်းပခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၃ ရက်နေ့က ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကာ အောက်တိုဘာလ ၂၉ ရက်နေ့အထိ (၇) ရက်နေ့ အထိ ကျင်းပပေးသွားမည်ဖြစ်သည် ။
``ငြိမ်းချမ်းရေးမရှိဘဲနဲ့ ကျွန်တော်တို့တိုင်းပြည် ဘယ်လိုလုပ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်မလဲ။ ဒါလေးလည်း မမေ့စေချင်ဘူး။ ငြိမ်းချမ်းရေးရှိမှ ဒီမိုကရေစီရှိမှာ ဒီမိုကရေစီရှိမှ ဒီမိုကရေစီအမြစ်တွယ်ပြီး ကျွန်တော်တို့သွားမယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ရှိမှာ။´´ ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။
ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးတစ်ခုတည်းကိုသာကြည့်၍ လုပ်ကိုင်ပါက ရေရှည်အောင်မြင်မှု မရှိနိုင်ကြောင်း နှင့် နိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း မမေ့သင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည် ။
``စီးပွားရေး တစ်ခုတည်းကိုကြည့်ပြီးတော့ ကိုယ့်အတ္တ ကိုယ်အဖွဲ့အစည်းအတွက် ကိုယ့်အကျိုးအတွက်ပဲကြည့်နေမယ်ဆိုရင် sustainable လည်းမဖြစ်နိုင်ပါဘူး။ ကျောက်မျက်လုပ်ငန်းတွေလည်း မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့်မလို့ ကိုယ်အကျိုးစီးပွားကို မကြည့်နဲ့လို့ မပြောလိုပါဘူး။ ဒါပေမယ့် အတ္တလွန်ကဲသွားမှာ စိုးရိမ်ပါတယ်။´´ ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။
အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း ကျောက်မျက်ပြပွဲတွင်း ကျောက်စိမ်းအတွဲပေါင်း ၂၉၈၅ ပြသရောင်းချပေးသွားမည်ဖြစ်သည် ။ အဆိုပါပြပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး) က ဦးဆောင်ကျင်းပခြင်းဖြစ်ကာ ကျောက်စိမ်းအတွဲများကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည် ။
The Fifth Wave News

(Zawgyi)
ငြိမ်းချမ်းရေး မရှိဘဲ တိုင်းပြည်ဖွွံ့ဖြိုးတိုးတက်မှုမရှိနိုင်သည်ကို မမေ့စေလိုကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ပြော
ေအာက္တိုဘာ - ၂၃
နိုင်လင်းဦး

ငြိမ်းချမ်းရေး မရှိဘဲ တိုင်းပြည်ဖွွံ့ဖြိုးတိုးတက်မှုမရှိနိုင်သည်ကို မမေ့စေလိုကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် က အောက်တိုဘာလ ၂၃ ရက်နေ့ က ကျောက်မျက်ပြပွဲ ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ပြောကြားခဲ့သည် ။
မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း ကျောက်မျက်ပြပွဲကို မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာတွင်ကျင်းပခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၃ ရက်နေ့က ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကာ အောက်တိုဘာလ ၂၉ ရက်နေ့အထိ (၇) ရက်နေ့ အထိ ကျင်းပပေးသွားမည်ဖြစ်သည် ။
``ငြိမ်းချမ်းရေးမရှိဘဲနဲ့ ကျွန်တော်တို့တိုင်းပြည် ဘယ်လိုလုပ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်မလဲ။ ဒါလေးလည်း မမေ့စေချင်ဘူး။ ငြိမ်းချမ်းရေးရှိမှ ဒီမိုကရေစီရှိမှာ ဒီမိုကရေစီရှိမှ ဒီမိုကရေစီအမြစ်တွယ်ပြီး ကျွန်တော်တို့သွားမယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ရှိမှာ။´´ ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။
ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးတစ်ခုတည်းကိုသာကြည့်၍ လုပ်ကိုင်ပါက ရေရှည်အောင်မြင်မှု မရှိနိုင်ကြောင်း နှင့် နိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း မမေ့သင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည် ။
``စီးပွားရေး တစ်ခုတည်းကိုကြည့်ပြီးတော့ ကိုယ့်အတ္တ ကိုယ်အဖွဲ့အစည်းအတွက် ကိုယ့်အကျိုးအတွက်ပဲကြည့်နေမယ်ဆိုရင် sustainable လည်းမဖြစ်နိုင်ပါဘူး။ ကျောက်မျက်လုပ်ငန်းတွေလည်း မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့်မလို့ ကိုယ်အကျိုးစီးပွားကို မကြည့်နဲ့လို့ မပြောလိုပါဘူး။ ဒါပေမယ့် အတ္တလွန်ကဲသွားမှာ စိုးရိမ်ပါတယ်။´´ ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။
အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း ကျောက်မျက်ပြပွဲတွင်း ကျောက်စိမ်းအတွဲပေါင်း ၂၉၈၅ ပြသရောင်းချပေးသွားမည်ဖြစ်သည် ။ အဆိုပါပြပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး) က ဦးဆောင်ကျင်းပခြင်းဖြစ်ကာ ကျောက်စိမ်းအတွဲများကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည် ။

No comments:

Post a Comment

My Blog List